Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 အသင်းတော်​ခေါင်းဆောင်​တစ်ဦး​ကို လက်တင်​မင်္ဂလာပေး​၍ ခန့်အပ်​ရာတွင် မည်သည့်​အခါမျှ အလျင်စလို​မလုပ်နှင့်။ အခြား​သူတို့ အပြစ်ကျူးလွန်ရာ​တွင် မပါဝင်နှင့်။ မိမိ​ကိုယ်ကိုယ် ဖြူစင်သန့်ရှင်း​စေလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 မည် သူ့ အ ပေါ် တွင် မျှ အ ဆော တ လျင် လက် မ တင် နှင့်။ အ ခြား သူ တို့ အ ပြစ် များ နှင့် မ ဖက် စပ် ဘဲ၊ ကိုယ် ကို စင် ကြယ် အောင် စောင့် ထိန်း လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အ​ဘယ်​သူ၏​အ​ပေါ်၌ လက်​ကို အ​လျင်​တ​ဆော​မ​တင်​နှင့်။ သူ​တစ်​ပါး​အ​ပြစ်၌ မ​ဆက်​ဆံ​နှင့်။ ကိုယ်​ကို​ကိုယ် စင်​ကြယ်​စေ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:22
18 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အစာရှောင်​၍ ဆုတောင်း​လျက် ထို​သူတို့​အပေါ် လက်တင်​ပြီးနောက် စေလွှတ်လိုက်ကြ၏။


ဂျူးတို့​သည် သူ့​ကို ဆန့်ကျင်​၍ ရှုတ်ချ​ပြောဆိုကြ​သောအခါ ပေါလု​သည် မိမိ​အဝတ်​ပေါ်မှ ဖုန်မှုန့်​ကို ခါချ​၍ “သင်တို့​၏​အပြုအမှု​အတွက် သင်တို့​ပင် တာဝန်​ခံရမည်။ ငါ​သည် ထို​အရာ​နှင့်​ကင်းရှင်းပါ၏။ ယခု​မှစ၍ လူမျိုးခြားတို့​ထံ သွားမည်” ဟု ပြောလေ၏။


တစ်စုံတစ်ဦး​သည် ထာဝရ​သေခြင်း​နှင့် ကြုံတွေ့​ပါက ထို​အရာ​သည် ကျွန်ုပ်​၏​တာဝန်​မဟုတ်ကြောင်း​ကို ယနေ့ သင်တို့​အား ကြွေးကြော်​လိုက်ပြီ။


ထို​သူတို့​ကို တမန်တော်များ​ရှေ့​တွင် ရပ်စေကြ၏၊ တမန်တော်တို့​သည်လည်း ဆုတောင်းပေး​ကာ ထို​သူတို့​အပေါ် လက်တင်ကြ၏။


အချည်းနှီး ဖြစ်သော အမှောင်​၏​အမှုတို့​၌ မပါဝင်ဘဲ ထို​အမှုတို့​ကို ဖော်ပြကြလော့။


ထို​သူတို့​သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့​၌ အပြစ်ဆိုဖွယ်​မရှိ​လျှင် သင်းထောက်​အဖြစ် ခန့်အပ်​နိုင်၏။


သင်းအုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ၊ မယား​တစ်ယောက်တည်း​ရှိသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။


သူ​သည် ယေရှု​ကို ယုံကြည်​ခါစ​လူ မဖြစ်ရ။ ထိုသို့​မဟုတ်​ပါက သူ​သည် ဘဝင်မြင့်​လျက် မာရ်နတ်​ခံရသည့်​ပြစ်ဒဏ်​အတိုင်း ခံရ​လိမ့်မည်။


သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


ထို့ကြောင့် သင့်​အပေါ် ကျွန်ုပ်​လက်တင်​စဉ်က ဘုရားသခင် သင့်​အား ပေးတော်မူသော ဆုကျေးဇူး​ကို ပြန်လည်​တောက်လောင်​စေရန် လှုံ့ဆော်လော့​ဟု ကျွန်ုပ်​သတိပေး၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


နှစ်ခြင်း​မင်္ဂလာ၊ လက်တင်​မင်္ဂလာပေးခြင်း၊ သေခြင်း​မှ​ရှင်ပြန်​ထမြောက်ခြင်း၊ ထာဝရ​တရားစီရင်ခြင်း စသည့် အခြေခံ​သွန်သင်ချက်တို့​၌ ထပ်မံ​အခြေ​မပြုဘဲ​နေကြစို့။


ထို​သူတို့​အား နှုတ်ခွန်းဆက်သောသူ​သည် ထို​သူ​၏ ဆိုးညစ်သော​အမှု​တွင် ပါဝင်ရာ​ရောက်၏။


ထို့နောက် ကောင်းကင်ဘုံ​မှ အခြား​အသံ​ကို ကျွန်ုပ်​ကြားရသည်​မှာ “ငါ​၏​လူမျိုးတို့… ထို​မြို့​မှ ထွက်ခဲ့ကြလော့။ ဤ​သည်​မှာ သင်တို့​သည် ထို​မြို့​၏ အပြစ်ကျူးလွန်မှု​၌ မပါဝင်မိ​စေရန်​နှင့် ထို​မြို့​၌ ကျရောက်မည့် ဘေးဒဏ်​ကို မခံရ​စေရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ