Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 နောက်ဆုံး​တွင် အချိန်​မတန်ဘဲ မွေးလာသောသူ​ကဲ့သို့​ဖြစ်သည့် ကျွန်ုပ်​အားလည်း ကိုယ်ထင်ပြတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 နောက်​ဆုံး​၌​လျှော​မွေး​သ​ဖွယ်​ဖြစ်​သူ​ငါ​သည် လည်း ကိုယ်​တော်​အား​ဖူး​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 နောက် ဆုံး တွင် လျှော မွေး သ ဖွယ် ဖြစ် သော ငါ့ အား လည်း ထင် ရှား တော် မူ ကြောင်း များ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 နောက်​ဆုံး၌ အ​ချိန်​မ​တော်​မ​တန် ဖွား​သော​သူ​ကဲ့​သို့​ဖြစ်​သော ငါ​ပင်​မြင်​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 နောက်ဆုံး​တွင် အချိန်မတော်မတန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်ရှားပြ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:8
10 ပူးပေါင်းရင်းမြစ်များ  

တစ်ည​တွင် သခင်ဘုရား​သည် ရူပါရုံ​ထဲ၌ ပေါလု​အား ဖော်ပြသည်​မှာ “မကြောက်နှင့်။ တိတ်ဆိတ်​စွာ​မနေဘဲ ဆက်​၍​ဟောပြောလော့။


ထို့နောက် သူ​က ‘ငါတို့​ဘိုးဘေးတို့​၏​ဘုရားသခင်​သည် မိမိ​အလိုတော်​ကို သိမြင်​စေရန်၊ ဖြောင့်မတ်သော​အရှင်​ကို​ဖူးမြင်ခွင့် ရ​စေရန်​နှင့် ထို​အရှင်​မိန့်တော်မူသော​အသံ​ကို ကြား​စေရန် သင့်​ကို​ခန့်အပ်ထား၏။


ကျွန်ုပ်​သည် ခရီးသွား​၍ မွန်းတည့်ချိန်​ခန့်​တွင် ဒမတ်စကပ်မြို့​အနီးသို့ ရောက်​သောအခါ ကောင်းကင်​မှ အလွန်​တောက်ပသော​အလင်းရောင်​သည် ကျွန်ုပ်​၏​အနီးပတ်လည်​တွင် ရုတ်တရက် ထွန်းတောက်လာ၏။


ဤသို့ဖြင့် ကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​၏​အခွင့်အာဏာ​နှင့် ခွင့်ပြုချက်တို့​ကို ကိုင်ဆောင်​လျက် ဒမတ်စကပ်မြို့​သို့ သွား၏။


သင်​သည်​ထ​၍ မတ်တတ်ရပ်လော့။ ငါ​သည် သင့်​ရှေ့​၌​ပေါ်လာရသည်​မှာ သင့်​ကို ငါ​၏​အမှုဆောင်​အဖြစ်​ခန့်ထား​ရန် ဖြစ်၏။ ထို့အတူ သင်​မြင်ခဲ့ရသည့်​အရာ​နှင့် သင့်​အား​ငါ​ဖော်ပြမည့်​အကြောင်းအရာတို့​ကို သူတစ်ပါးတို့​အား သက်သေခံရမည်။


ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့ ဝင်လေ၏။ သူ​၏​လက်​ကို ရှောလု​ပေါ်သို့ တင်​လျက် “ငါ့​ညီ​ရှောလု… သင်​လာသော​လမ်း​တွင် သင့်​အား​ကိုယ်ထင်ပြသော သခင်​ယေရှု​က သင့်​မျက်စိ​ပြန်မြင်​စေရန်​နှင့် သင့်​ကို သန့်ရှင်းသော​ဝိညာဉ်တော်​နှင့်​ပြည့်ဝ​စေရန် ငါ့​ကို​စေလွှတ်လိုက်ပါ၏” ဟု ပြော၏။


ကျွန်ုပ်​သည် လွတ်လပ်သူ​ဖြစ်သည် မဟုတ်လော။ တမန်တော်​ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို မြင်ခဲ့ဖူးသူ​ဖြစ်သည် မဟုတ်လော။ သင်တို့​သည် သခင်ဘုရား​အားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသော​အမှုတော်​မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ