Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 9:17 - Garrad Bible

17 အာ န နိ ထွက် သွား၍ ထို အိမ် သို့ ဝင် ပြီး လျှင် လက် တင် လျက် ညီ ရှော လု၊ ခ ရီး အ ကြား ထင် ရှား တော် မူ ခဲ့ သော ယေ ရှု အ ရှင် ဘု ရား သည် သင့် မျက် စိ မြင် ပြန် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် ပြီ ဟု ဆို လျှင် ဆို ချင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို့​ကြောင့်​အာ​န​နိ​သည်​ရှော​လု​ရှိ​သည့်​အိမ် သို့​သွား​၍ ရှော​လု​၏​အ​ပေါ်​မှာ​လက်​ကို​တင် ပြီး​လျှင် ``ငါ့​ညီ၊ သင်​သည်​မျက်​စိ​အ​လင်း​ကို ပြန်​လည်​ရ​ရှိ​စေ​ရန်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လာ​စေ​ရန်​လည်း ကောင်း၊ လမ်း​ခ​ရီး​တွင်​သင့်​အား​ထင်​ရှား​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် ငါ့​အား​သင့်​ထံ​သို့ စေ​လွှတ်​တော်​မူ​လိုက်​၏'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့​ဝင်​ပြီးလျှင် ရှောလု​အပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှောလု၊ သင်​သည် မျက်စိ​ပြန်​မြင်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်ရှား​သော​သခင်​ယေရှု​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့ ဝင်လေ၏။ သူ​၏​လက်​ကို ရှောလု​ပေါ်သို့ တင်​လျက် “ငါ့​ညီ​ရှောလု… သင်​လာသော​လမ်း​တွင် သင့်​အား​ကိုယ်ထင်ပြသော သခင်​ယေရှု​က သင့်​မျက်စိ​ပြန်မြင်​စေရန်​နှင့် သင့်​ကို သန့်ရှင်းသော​ဝိညာဉ်တော်​နှင့်​ပြည့်ဝ​စေရန် ငါ့​ကို​စေလွှတ်လိုက်ပါ၏” ဟု ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 9:17
36 ပူးပေါင်းရင်းမြစ်များ  

ယော သပ် က လည်း အ ပါး သို့ ချဉ်း ကပ် လာ ကြ ပါ ဟု ညီ အစ် ကို တို့ အား ဆို သည့် အ တိုင်း ချဉ်း ကပ် လာ ကြ ရာ သူ က၊ ကျွန်ုပ် သည် အိ ဂျစ် ပြည် သို့ အစ် ကို တို့ ရောင်း လိုက် သော ညီ ယော သပ် ပင် တည်း။


ထို နောက် လက် တော် တင်၍ ပ ဌ နာ ပြု ခြင်း ငှာ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ ဆုံး မ ကြ သည် နှင့်၊


အ ကျွန်ုပ်၏ သ မီး ငယ် သေ အံ့ ဆဲ ရှိ နေ ပါ သည်။ ရော ဂါ ပျောက် လျက် အ သက် ရှင် စေ ရန် ကြွ၍ လက် တင် တော် မူ ပါ ဟု များ စွာ တောင်း လျှောက် သ ဖြင့်၊


ထို မြို့ တွင် သူ နာ အ နည်း ငယ် တို့ အ ပေါ်၌ လက် တင်၍ ကျန်း မာ စေ တော် မူ သည် မှ တစ် ပါး အ မှု ကြီး မည် သည် ကို မျှ ပြု တော် မ မူ နိုင်။


မာ ရိ နှုတ် ဆက် စ ကား ကို ဧ လိ ရှ ဗက် ကြား သော် ဝမ်း လွယ် က လေး ခုန် ရာ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လာ သော ဧ လိ ရှ ဗက် က၊


ထို အ ခါ အ ဘ ဇာ ခ ရိ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဟော သည် မှာ၊


အို သူ ငယ် သင် သည် မြင့် မြတ် သော အ ရှင်၏ ပ ရော ဖက် ဘွဲ့ ကို ခံ၍ မှောင် ကျ ရာ သေ မင်း အ ရိပ် တွင် ထိုင် နေ သူ တို့ အ ပေါ် သို့ အ ရောင် တက် ခြင်း ငြိမ် သက် ရာ လမ်း ထဲ သို့ ငါ တို့ ခြေ လှမ်း လှည့် ခြင်း ပြု ရန် ဘ ဝဂ် မှ နေ အ ရုဏ် သက် ရောက် စေ တော် မူ မည့် ငါ တို့ ဘု ရား သ ခင် အ သည်း စွဲ က ရု ဏာ ကြောင့် အ ပြစ် ဖြေ လွှတ်၍ ကယ် တင် ခြင်း ကျေး ဇူး ကို လူ မျိုး တော် သိ ကျွမ်း ခွင့် ရ စေ အံ့ သော ငှါ လမ်း တော် များ ကို ပြု ပြင် မည့် ထာ ဝ ရ ဘု ရား ရှေ့ တော် ပြေး ဖြစ် လ တ္တံ့ ဟူ၍ တည်း။


အ ဘ ဥ စ္စာ ကို ပြည် တန် ဆာ တို့ နှင့် သုံး စား သူ ဤ သား ရောက် လာ လျှင် ဆူ ဖြိုး သော နွား ငယ် ကို စီ ရင် ပါ သည် တ ကား ဟု ပြန် ဆို ရာ၊


သင့် ညီ သည် သေ ရာ မှ ရှင် ပြီ၊ ပျောက် ရာ မှ တွေ့ ပြီ ဖြစ် သော ကြောင့် ရွှင် လန်း စွာ ပျော် ပွဲ လုပ် သင့် သည် ဟူ၍ ဆို သည် ဟု မိန့် တော် မူ၏။


အ ရှင် ခ ရစ် တော် တည်း ဟူ သော ကယ် တင် ရှင် သည် ဒါ ဝိဒ် မင်း ဇာ တိ မြို့ တွင် ယ နေ့ သင် တို့ အ ဖို့ ဖွား မြင် တော် မူ ပြီ။


ဗ တ္တိ ဇံ တ ရား ကို ယော ဟန် ဟော ပြီး နောက် ဂါ လိ လဲ နယ် က စ၍ ယု ဒ ပြည် လုံး နှံ့ ကြေ ညာ သော သ တင်း၊ လူ ခပ် သိမ်း တို့ အ ရှင် သ ခင် ဖြစ် တော် မူ သော ယေ ရှု ခ ရစ် အား ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ အား ကြော် ငြာ သော ငြိမ် သက် ခြင်း ဆိုင် ရာ သ တင်း တော် မြတ် ကိုလည်း ကောင်း၊


အ စာ ရှောင် ခြင်း၊ တောင်း လျှောက် ခြင်း ကို ပြု လျက် ထို နှစ် ပါး အ ပေါ် တွင် လက် တင် ပြီး လျှင် လွှတ် လိုက် ကြ၏။


တ ပည့် တော် တို့ လည်း ဝမ်း မြောက် ခြင်း နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း ပြည့် ကြ ကုန်၏။


ပေါ လု လက် တင် သည့် ကာ လ သူ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ သ ဖြင့် ဘာ သာ စ ကား ထူး ပြော လျက် ဟော ရ ကြ၏။


သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။


ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။


ကျွန် တော် က မည် သူ ပါ မည် နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် အ ရှင် ဘု ရား က ငါ ကား သင် ညှဉ်း ပန်း သော ယေ ရှု ပင် တည်း။


ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။


တ မန် တော် တို့ ရှေ့ သွင်း ထား ကြ သည့် အ တိုင်း ပ ဌ နာ ပြု ပြီး လျှင် ထို သူ တို့ အ ပေါ် တွင် လက် တင် ကြ၏။


လက် တင် ကြ သော်၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ထို သူ တို့ ခံ ရ ကြ၏။


ရှော လု မျက် စိ မှ အ ကြေး သ ဖွယ် ကွာ ကျ သ ဖြင့် မြင် ပြန် သော အ ခါ ထ၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင်၊


သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။


ပ ထ မ လူ သည် ပ ထ ဝီ က ဖြစ်၍ မြေ သ ဘာ ဝ ရှိ၏။


နောက် ဆုံး တွင် လျှော မွေး သ ဖွယ် ဖြစ် သော ငါ့ အား လည်း ထင် ရှား တော် မူ ကြောင်း များ တည်း။


ငါ သည် လူ လွတ် ဖြစ် သူ၊ တ မန် တော် ဖြစ် သူ၊ ငါ တို့ အ ရှင် ယေ ရှု ကို ဖူး မြင် ခဲ့ ရ သူ မ ဟုတ် လော။ သင် တို့ လည်း အ ရှင် ဘု ရား အား ဖြင့် ငါ ဆောင် ရွက် သော အ ကျိုး မ ဟုတ် လော။


ဥ က္က ဋ္ဌ တို့ လက် တင် ခြင်း နှင့် တ ကွ ပ ရော ဖက် တို့ ဟော ချက် အား ဖြင့် သင် ခံ စား ရ သော ဆု ကျေး ဇူး တော် ကို လျစ် လျူ မ ရှု နှင့်။


မည် သူ့ အ ပေါ် တွင် မျှ အ ဆော တ လျင် လက် မ တင် နှင့်။ အ ခြား သူ တို့ အ ပြစ် များ နှင့် မ ဖက် စပ် ဘဲ၊ ကိုယ် ကို စင် ကြယ် အောင် စောင့် ထိန်း လော့။


ငါ လက် တင် ခြင်း အား ဖြင့် သင် ရ သော ဘု ရား သ ခင့် ဆု ကျေး ဇူး တော် မီး ကို မွေး စေ ခြင်း ငှာ သ တိ ပေး လိုက် ၏။


ငါ တို့ ချစ် သော ညီ အစ် ကို ပေါ လု လည်း ခံ စား ရ သော ဉာဏ် ပ ညာ အ ရ ကိုယ် သြ ဝါ ဒ ကျမ်း ရှိ သ မျှ တွင် ထို အ ရာ များ နှင့် စပ်၍ သင် တို့ ထံ ရေး လိုက် သည့် အ တိုင်း ပင် ငါ တို့ အ ရှင် ဘု ရား၏ စိတ် ရှည် တော် မူ ခြင်း ကို ကယ် တင် ခြင်း အ ကြောင်း ဟု မှတ် ယူ ကြ လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ