အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
၂ ကော 2:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ရောက်ခဲ့၏။ ရောက်သောအခါ သခင်ဘုရားသည် မိမိ၏ အမှုတော်ကို ကျွန်ုပ်အား ဆောင်ရွက်စေရန် ကျွန်ုပ်အတွက် အခွင့်အရေးတံခါးကို ဖွင့်ပေးတော်မူ၏။ Common Language Bible ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။- Garrad Bible ငါ သည် ခ ရစ် တော်၏ သ တင်း တော် မြတ် အ တွက် တ ရော မြို့ သို့ ရောက် ရာ အ ရှင် ဘု ရား အား ဖြင့် ဆောင် ရွက် ခွင့် တံ ခါး ပွင့် သော် လည်း၊ Judson Bible ထိုမှတစ်ပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှာ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရားသည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် တရောမြို့သို့ရောက်သောအခါ သခင်ဘုရားသည် ငါ့အတွက်တံခါးဖွင့်ပေးခဲ့သော်လည်း |
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
ကျွန်ုပ်တို့သည် တရောမြို့မှ ရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တန်းတန်းမတ်မတ်သွားကြရာ နောက်တစ်နေ့တွင် နာပေါလိမြို့သို့ ရောက်ကြ၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဤမြို့တွင် ထိရောက်စွာ အမှုတော်ဆောင်နိုင်ရန်အတွက် အခွင့်အရေးတံခါးကြီးသည် ပွင့်လျက်ရှိ၏။ ကျွန်ုပ်ကို ဆန့်ကျင်သောသူများလည်း ရှိကြ၏။
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
ထိုနည်းတူ သတင်းကောင်းကို ဟောပြောသောသူတို့သည် ထိုသတင်းကောင်းအားဖြင့် အသက်မွေးခွင့်ရှိကြောင်း သခင်ဘုရားမိန့်တော်မူခဲ့၏။
သို့သော်လည်း သတင်းကောင်းကို ဟောပြောခြင်းသည် ကျွန်ုပ်အတွက် ကြွားဝါစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ မဖြစ်မနေဟောပြောရမည့်တာဝန်ရှိသောကြောင့်ဖြစ်၏။ ထိုသတင်းကောင်းကို မဟောပြောလျှင် ကျွန်ုပ်သည် အမင်္ဂလာရှိ၏။
အကယ်၍ ကျွန်ုပ်တို့သည် သင်တို့ထံသို့ မရောက်ခဲ့သော် ကျွန်ုပ်တို့သည် အလွန်အကျွံနယ်ကျော်နေသည်ဟု ဆိုနိုင်သော်လည်း အမှန်တွင်မူ ကျွန်ုပ်တို့သည် ခရစ်တော်၏ သတင်းကောင်းနှင့်အတူ သင်တို့ထံသို့ ဦးစွာ ရောက်လာခဲ့ကြသူများဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အလွန်အကျွံနယ်ကျော်နေသည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
သင်တို့ကို ချီးမြှောက်ရန် မိမိကိုယ်ကိုယ် နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းသည် ကျွန်ုပ်အတွက် အပြစ်ဖြစ်သလော။
ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးတော့မည့်သူတို့အတွက်သာ ဖုံးအုပ်ခြင်းခံရ၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
တိတုနှင့်အတူ အခြားညီအစ်ကိုတစ်ဦးကိုလည်း ကျွန်ုပ်တို့စေလွှတ်လိုက်ပါ၏။ ထိုညီအစ်ကိုသည် သတင်းကောင်းကို ဟောပြောရာတွင် အသင်းတော်တို့၌ ချီးမွမ်းခံရသောသူဖြစ်၏။
သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။
ကျွန်ုပ်တို့အတွက်လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော တရားတော်ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားသခင်သည် အခွင့်အလမ်း ပေးတော်မူလိမ့်မည်။ ထိုတရားတော်ကို ဟောသောကြောင့် ယခု ကျွန်ုပ်အကျဉ်းချခံရ၏။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။