Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သို့သော်လည်း သတင်းကောင်း​ကို ဟောပြောခြင်း​သည် ကျွန်ုပ်​အတွက် ကြွားဝါစရာ​မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​၌ မဖြစ်မနေ​ဟောပြောရမည့်​တာဝန်​ရှိ​သောကြောင့်​ဖြစ်၏။ ထို​သတင်းကောင်း​ကို မဟောပြော​လျှင် ကျွန်ုပ်​သည် အမင်္ဂလာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သ တင်း တော် မြတ် ကို ငါ ကြား ပြော သော် လည်း ဂုဏ် ရောက် ခွင့် မ ရှိ သေး။ တာ ဝန် ခံ ရ သည့် အ လျောက် မ ကြား မ ပြော ဘဲ နေ လျှင် အ မင်္ဂ လာ ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရုံ​ပြု​လျှင် ဝါ​ကြွား​ခြင်း အ​ကြောင်း​မ​ရှိ​သေး။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မ​ဟော​ဘဲ​မ​နေ​နိုင်။ မ​ဟော​ဘဲ​နေ​လျှင် အ​မင်္ဂ​လာ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျှင်​လည်း ငါ့​အတွက် ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ငါ​၌​မဖြစ်မနေ​ဟောပြော​ရ​မည့်​တာဝန်​ရှိ​၏။ ကောင်းမြတ်​သော​သတင်း​ကို ငါ​မ​ဟောပြော​ဘဲ​နေ​လျှင် ငါ့​အတွက် အမင်္ဂလာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:16
21 ပူးပေါင်းရင်းမြစ်များ  

ငွေငါးပိဿာ​ကို ရသော​သူ​သည် ချက်ချင်း​သွား​၍ အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် ငါးပိဿာ​ကို အမြတ်ရ၏။


ယေရှု​က “ထွန်တုံး​ကို ကိုင်​လျက် နောက်​လှည့်ကြည့်သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​နှင့် မထိုက်တန်ပါ” ဟု မိန့်တော်မူ၏။


ကျွန်ုပ်တို့​သည် မြင်တွေ့​၍ ကြားခဲ့ပြီးသော​အရာတို့​ကို မဟောပြောဘဲ​မနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။


သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


သို့သော်လည်း ထ​၍ မြို့​ထဲသို့​ဝင်လော့။ သင်​မည်သို့​ဆောင်ရွက်ရမည်​ကို ပြောပြ​လိမ့်မည်” ဟု တုံ့ပြန်တော်မူ၏။


တစ်ဖက်​တွင်လည်း လူယဉ်ကျေး၊ လူရိုင်းစိုင်း၊ ပညာရှိ၊ ပညာမဲ့​စသည့် လူသား​အပေါင်းတို့​အတွက် ကျွန်ုပ်​တွင် တာဝန်​ရှိ၏။


ထိုသို့ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​လျက် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ရသည့်​အတွက် ဂုဏ်ယူစရာ​ရှိ၏။


အကယ်၍ အာဗြဟံ​သည် သူ​၏​အကျင့်သီလ​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​လျှင် သူ​၌ ဂုဏ်ယူ​ဝင့်ကြွားစရာ​ရှိ၏။ သို့ရာတွင် ဘုရားသခင်​ရှေ့တော်​၌ ထိုသို့​ဂုဏ်ယူ​ဝင့်ကြွားစရာ​မရှိ။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


ထို​နည်းတူ သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ထို​သတင်းကောင်း​အားဖြင့် အသက်​မွေးခွင့်​ရှိကြောင်း သခင်ဘုရား​မိန့်တော်မူခဲ့၏။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​ရန် တရောမြို့​သို့ ရောက်ခဲ့၏။ ရောက်​သောအခါ သခင်ဘုရား​သည် မိမိ​၏ အမှုတော်​ကို ကျွန်ုပ်​အား ဆောင်ရွက်​စေရန် ကျွန်ုပ်​အတွက် အခွင့်အရေး​တံခါး​ကို ဖွင့်ပေးတော်မူ၏။


“သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်​ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပု​ကို ပြောကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ