Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 တိတု​နှင့်အတူ အခြား​ညီအစ်ကို​တစ်ဦး​ကိုလည်း ကျွန်ုပ်တို့​စေလွှတ်လိုက်ပါ၏။ ထို​ညီအစ်ကို​သည် သတင်းကောင်း​ကို ဟောပြောရာ​တွင် အသင်းတော်တို့​၌ ချီးမွမ်းခံရသောသူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ငါ​တို့​သည်​သူ​နှင့်​အ​တူ​ညီ​အစ်​ကို​တစ် ယောက်​ကို​စေ​လွှတ်​လိုက်​၏။ ထို​သူ​သည် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​မှု​တော်​ဆောင်​တစ်​ယောက်​အ​နေ​ဖြင့် အ​သင်း​တော်​အ​ပေါင်း​တို့​၏​လေး​စား​ကြည် ညို​မှု​ကို ခံ​ရ​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ခပ် သိမ်း သော အ သင်း တော် တို့ ချီး မွမ်း သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ အ​သင်း​တော်​အ​ပေါင်း​တို့၌ ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​သော ညီ​ကို​လည်း တိ​တု​နှင့်​အ​တူ ငါ​တို့​စေ​လွှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 တိတု​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရာ​တွင် အသင်းတော်​တိုင်း​၌ ချီးမွမ်း​ခြင်း​ခံရ​သူ​ဖြစ်​သည်​သာမက

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:18
8 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ကျွန်ုပ်​အတွက် သက်စွန့်​ကြိုးပမ်း​ဆောင်ရွက်ခဲ့ကြ​သူများ ဖြစ်ကြ၏။ ကျွန်ုပ်​တစ်ဦးတည်း​သာမက လူမျိုးခြား​အသင်းတော်​အပေါင်းတို့​သည်လည်း သူတို့​ကို ကျေးဇူးတင်ကြ၏။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​၏ အလှူငွေ​ကို ဂျေရုဆလင်မြို့​သို့ ယူဆောင်သွား​ရန် သင်တို့​ရွေးချယ်သော​သူတို့​အား စာ​နှင့် လွှတ်လိုက်မည်။


ထို​အကြောင်း​ကြောင့် သခင်ဘုရား​အပေါ် သစ္စာရှိသော ကျွန်ုပ်​၏​ချစ်သား တိမောသေ​ကို သင်တို့​ထံ စေလွှတ်ရခြင်း​ဖြစ်၏။ သူ​သည် ကျွန်ုပ် ရောက်ခဲ့သော​အသင်းတော်​တိုင်း​တွင် သွန်သင်ခဲ့သည့်​အတိုင်း ကျွန်ုပ်​မည်သို့ ယေရှု​ခရစ်တော်​နောက် လိုက်နေကြောင်း​ကို သင်တို့​အား သတိရစေ​လိမ့်မည်။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ​တွင်​မဆို ဆက်လက်​ပြုမူနေထိုင်​၍ သင်တို့​ကို စတင်​ရွေးကောက်တော်မူသည့်​အချိန်​က ကဲ့သို့ပင် ဆက်လက်​ရှိနေ​သင့်၏။ ဤသည်​မှာ အသင်းတော်​အားလုံး​ကို ကျွန်ုပ်​ညွှန်ကြားသော​အချက်​ဖြစ်၏။


ကျွန်ုပ်​သည် တိတု​ကို သင်တို့​ထံ သွား​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ အခြား​ညီအစ်ကို​တစ်ယောက်​ကိုလည်း စေလွှတ်ခဲ့၏။ တိတု​သည် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ ကျွန်ုပ်တို့​သည် စိတ်​သဘောချင်း​တူ​၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်​မဟုတ်လော။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​ရန် တရောမြို့​သို့ ရောက်ခဲ့၏။ ရောက်​သောအခါ သခင်ဘုရား​သည် မိမိ​၏ အမှုတော်​ကို ကျွန်ုပ်​အား ဆောင်ရွက်​စေရန် ကျွန်ုပ်​အတွက် အခွင့်အရေး​တံခါး​ကို ဖွင့်ပေးတော်မူ၏။


ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ