Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။ သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သူ တစ် ထူး တို့ သည် သင် တို့ ထံ မှ ခံ ယူ ခွင့် ရှိ ကြ လျှင် ငါ တို့ သည် သာ၍ ခံ ယူ ထိုက် သည် မ ဟုတ် လော။ သို့ ရာ တွင် ထို အ ခွင့် ကို မ သုံး ဘဲ ခ ရစ် တော်၏ သ တင်း တော် မြတ်၌ အ ကန့် အ ကွက် မ ရှိ စေ ရန် အ ကုန် ခံ လျက် နေ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ခြား​သော​သူ​တို့​သည် သင်​တို့​ထံ​မှာ ထို​အ​ခွင့်​ကို​ရ​လျှင် ငါ​တို့​သည် သာ၍ ရ​ထိုက်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ထို​အ​ခွင့်​ကို ငါ​တို့​သည်​မ​သုံး​ဘဲ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆီး​တား​ခြင်း​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ အ​ရာ​ရာ၌ သည်း​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အခြား​သော​သူ​တို့​သည် သင်​တို့​ထံမှ ဤ​အခွင့်​ကို ခံစား​ရ​ကြ​လျှင် ငါ​တို့​သည် သာ၍​ခံစား​ထိုက်​သည်​မ​ဟုတ်​လော။ သို့သော် ငါ​တို့​သည် ဤ​အခွင့်​ကို​မ​သုံး​ဘဲ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် မည်သည့်​အဟန့်အတား​မျှ​မ​ရှိ​စေရန် အရာရာ​၌ သည်းခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:12
23 ပူးပေါင်းရင်းမြစ်များ  

ကျမ်းတတ်​ပညာရှင်တို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ သင်တို့​သည် အသိပညာ​ဖွင့်သော​သော့​ကို ယူထား​၍ ကိုယ်တိုင်​မဝင်သည့်​အပြင် ဝင်လိုသော​သူများ​ကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။


လုပ်ငန်းချင်း​တူသောကြောင့် သူတို့​နှင့်အတူ​နေ​၍ အလုပ်လုပ်လေ၏။ ထို​သူတို့​မှာ တဲချုပ်သူများ​ဖြစ်ကြ၏။


ထို​အရပ်ဒေသများ​သို့ သွားရောက်​ဟောပြောနေ​သောကြောင့် သင်တို့​ထံ လာ​ရန် ဤမျှ​ကြာညောင်းနေရခြင်း ဖြစ်၏။


မေတ္တာ​သည် အစဉ်အမြဲ​ကြံ့ကြံ့ခံတတ်၏။ အစဉ်အမြဲ​ယုံကြည်တတ်၏။ အစဉ်အမြဲ မျှော်လင့်တတ်၏။ အစဉ်အမြဲ​သည်းခံတတ်၏။


ဤသို့ အချင်းချင်း တရားစွဲခြင်း​ပင်လျှင် သင်တို့​အတွက် ဆုံးရှုံးမှုကြီး​ဖြစ်၏။ တရားစွဲမည့်​အစား မတရားပြုမှု​ကို ခံလိုက်ခြင်း​က ပို​၍ ကောင်းသည်​မဟုတ်လော။ လှည့်စား​လိမ်ယူမှု​ကို ခံလိုက်ခြင်း​က ပို​၍ ကောင်းသည်​မဟုတ်လော။


ထို​နည်းတူ သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ထို​သတင်းကောင်း​အားဖြင့် အသက်​မွေးခွင့်​ရှိကြောင်း သခင်ဘုရား​မိန့်တော်မူခဲ့၏။


သို့သော်လည်း ကျွန်ုပ်​သည် ထို​အခွင့်အရေး​ကို တစ်ခါ​မျှ မယူခဲ့ဖူးပေ။ ထို​အခွင့်အရေး​ကို သင်တို့​ပေးမည်​ဟု မျှော်လင့်​၍ ဤ​စာ​ကို ရေးရခြင်း​လည်း မဟုတ်ပါ။ အမှန်​တွင် အခကြေးငွေ​မယူဘဲ ဟောပြောခြင်း​ကြောင့် ဂုဏ်ယူ​ဝင့်ကြွားရသော​အခွင့်​ကို ဆုံးရှုံးသည်​ထက် သေသွားခဲ့​လျှင်ပင် ပို၍ ကောင်း​လိမ့်မည်။


သို့သော်လည်း သတင်းကောင်း​ကို ဟောပြောခြင်း​သည် ကျွန်ုပ်​အတွက် ကြွားဝါစရာ​မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​၌ မဖြစ်မနေ​ဟောပြောရမည့်​တာဝန်​ရှိ​သောကြောင့်​ဖြစ်၏။ ထို​သတင်းကောင်း​ကို မဟောပြော​လျှင် ကျွန်ုပ်​သည် အမင်္ဂလာ​ရှိ၏။


သို့ဖြစ်​လျှင် ကျွန်ုပ်​၏ ဆုလာဘ်​မှာ မည်သည့်​အရာ​ဖြစ်သနည်း။ ဤ​အရာ​မှာ အခကြေးငွေ​မယူဘဲ သတင်းကောင်း​ကို ဟောပြောခြင်း​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြော​သောအခါ ကျွန်ုပ်​ရထိုက်သော​အခွင့်အရေး​ကို အပြည့်အဝ​မတောင်းဆိုဘဲ​နေခြင်း​ဖြစ်၏။


ကျွန်ုပ်​သည် အခြား​သူတို့​အတွက် တမန်တော် မဖြစ်​လျှင်ပင် သင်တို့​အတွက် တမန်တော်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​ကိုယ်တိုင်​သည် သခင်ဘုရား​နှင့် တပေါင်းတစည်းတည်း​ရှိခြင်း​အားဖြင့် ကျွန်ုပ်​တမန်တော်​ဖြစ်ကြောင်း သက်သေ​ဖြစ်ကြ​သောကြောင့် ဖြစ်၏။


သို့ရာတွင် ကျွန်ုပ်တို့​ကဲ့သို့ လုပ်ဆောင်သည်​ဟူသော တန်းတူ​ကြွားဝါခွင့်​ကို ရလိုသော​သူတို့​အား ထို​အခွင့်​ကို မရ​စေရန် ဆက်​၍ သင်တို့​ထံမှ ထောက်ပံ့ငွေ​ကို ကျွန်ုပ်​လက်ခံမည်​မဟုတ်။


တစ်စုံတစ်ယောက်​က သင်တို့​ကို ကျွန်ခံစေသည်​ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်​ဖြစ်စေ၊ အခွင့်ကောင်းယူသည်​ဖြစ်စေ၊ အထင်သေးသည်​ဖြစ်စေ၊ ပါးရိုက်သည်​ဖြစ်စေ သင်တို့​သည် သည်းခံကြ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​ရန် တရောမြို့​သို့ ရောက်ခဲ့၏။ ရောက်​သောအခါ သခင်ဘုရား​သည် မိမိ​၏ အမှုတော်​ကို ကျွန်ုပ်​အား ဆောင်ရွက်​စေရန် ကျွန်ုပ်​အတွက် အခွင့်အရေး​တံခါး​ကို ဖွင့်ပေးတော်မူ၏။


အမှုတော်​လုပ်ငန်း​တွင် အပြစ်တင်စရာ​အကြောင်း တစ်စုံတစ်ခု​မျှ မရှိ​စေရန် ကျွန်ုပ်တို့​သည် သူတစ်ပါး​ရှေ့​၌ ထိမိ​၍ လဲစရာ​မဖြစ်စေကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ