Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်တို့​ကို ချီးမြှောက်​ရန် မိမိ​ကိုယ်ကိုယ် နှိမ့်ချ​လျက် ဘုရားသခင်​၏ သတင်းကောင်း​ကို သင်တို့​အား အခမဲ့​ဟောပြောခြင်း​သည် ကျွန်ုပ်​အတွက် အပြစ်​ဖြစ်သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ သည် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို အ ခ မဲ့ ကြား ပြော လျက် သင် တို့ ကို ချီး မြှောက် ရန် ကိုယ် ကို နှိမ့် ချ သည် မှာ ပြစ် မှား သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သင်​တို့​ကို ချီး​မြှောက်​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​လျက်၊ ကျေး​ဇူး​ဆပ်​ခြင်း​ကို မ​ခံ​ဘဲ၊ သင်​တို့​အား ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သည်​အ​ရာ​မှာ ငါ​သည် အ​ပြစ်​ရှိ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​ချီးမြှောက်​ခြင်း​ခံရ​ဖို့ရန် ငါ​သည် မိမိကိုယ်ကို​နှိမ့်ချ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား အခမဲ့​ဟောပြော​ခြင်း​ဖြင့် အပြစ်​ကျူးလွန်​ခဲ့​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:7
14 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် မည်သူ​၏​ရွှေ၊ ငွေ​နှင့် အဝတ်အစား​ကိုမျှ မတပ်မက်ပါ။


ကျွန်ုပ်​နှင့် လုပ်ဖော်ကိုင်ဖက်များ​၏​လိုအပ်သော​အရာများ​အတွက် ကျွန်ုပ်​ကိုယ်တိုင် အလုပ်​လုပ်​၍ ထောက်ပံ့နိုင်ခဲ့သည်​ကို သင်တို့​သိကြ၏။


တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


ကျွန်ုပ်​နှင့် ဗာနဗ​သာလျှင် မိမိတို့​စားဝတ်နေရေး​အတွက် အလုပ်လုပ်​ရမည်လော။


သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။


သို့ပြုလျှင် ကျွန်ုပ်တို့​သည် သင်တို့​၏​အရပ်ဒေသ​ကို ကျော်လွန်​၍ အခြား​အရပ်ဒေသများ​၌ သတင်းကောင်း​ကို ဟောပြောနိုင်မည်​ဖြစ်၏။ ကျွန်ုပ်တို့​သည် အခြား​သူတို့​၏ နယ်ပယ်​အတွင်း​၌ ထို​သူတို့​ဆောင်ရွက်ခဲ့ပြီးသော အရာများ​အပေါ် မကြွားဝါလိုပေ။


ကျွန်ုပ်​အား ငွေကြေး​ထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုး​ကို သင်တို့​အား မပေးခဲ့ခြင်း​မှလွဲ၍ သင်တို့​သည် အခြား​အသင်းတော်များ​ထက် ဂုဏ်ငယ်​စရာ​အကြောင်း​မရှိ။ ဤသို့ မမျှမတ​ပြုခဲ့သည့်​အတွက် ကျွန်ုပ်​ကို ခွင့်လွှတ်ကြပါလော့။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​ရန် တရောမြို့​သို့ ရောက်ခဲ့၏။ ရောက်​သောအခါ သခင်ဘုရား​သည် မိမိ​၏ အမှုတော်​ကို ကျွန်ုပ်​အား ဆောင်ရွက်​စေရန် ကျွန်ုပ်​အတွက် အခွင့်အရေး​တံခါး​ကို ဖွင့်ပေးတော်မူ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ မည်မျှ​ပင်ပန်း​စွာ လုပ်ဆောင်ကြသည်​ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​ကို ဘုရားသခင်​၏ သတင်းကောင်း ဟောပြောသည့်​အချိန်​တွင် မိမိတို့​၏ ဝမ်းစာ​အတွက် မည်သူ့​ကိုမျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် နေ့ရောညပါ အလုပ်​လုပ်ခဲ့ကြ၏။


ကျွန်ုပ်တို့​သည် အဖိုးအခ​မပေးဘဲ မည်သူ​တစ်ဦးတစ်ယောက်​၏ အစားအစာ​ကိုမျှ မစားခဲ့ကြ။ သင်တို့​တစ်ဦးတစ်ယောက်​ကို​မျှ ကျွန်ုပ်တို့​ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်​စေရန် နေ့ရောညပါ ကြိုးစား​၍ အလုပ်​လုပ်ခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ