Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ဤ​မြို့​တွင် ထိရောက်​စွာ အမှုတော်​ဆောင်​နိုင်ရန်​အတွက် အခွင့်အရေး​တံခါးကြီး​သည် ပွင့်​လျက်​ရှိ၏။ ကျွန်ုပ်​ကို ဆန့်ကျင်သော​သူများလည်း ရှိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အကြောင်းမူကား ထိရောက်​မှု​ရှိ​သော​အမှု​တော်​လုပ်ငန်း​အတွက် ကြီးမား​သော​တံခါး​သည် ငါ့​အတွက်​ပွင့်​လျက်​ရှိ​၍ ဆန့်ကျင်​သော​သူ​လည်း များစွာ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:9
10 ပူးပေါင်းရင်းမြစ်များ  

အန္တိအုတ်မြို့​သို့ ရောက်ကြ​သောအခါ အသင်းသားများ​ကို စုဝေးစေ​လျက် မိမိတို့​အားဖြင့် ဘုရားသခင်​ပြုတော်မူသော​အရာ​အားလုံး​ကို​လည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာ​စေရန် ဘုရားသခင်​လမ်းဖွင့်ပေးတော်မူကြောင်း​ကို​လည်းကောင်း ပြောပြကြ၏။


ကျွန်ုပ်​သည် လူ့သဘော​ဖြင့် ဧဖက်မြို့​၌ သားရဲ​တိရစ္ဆာန်များ​နှင့် တိုက်ခိုက်ခဲ့မည်​ဆိုလျှင် ကျွန်ုပ်​အတွက် မည်သည့်​အကျိုး ရှိမည်နည်း။ သေလွန်သော​သူတို့ မထမြောက်​လျှင် “ကျွန်ုပ်တို့​သည် မနက်ဖြန် သေကြမည်​ဖြစ်​၍ စားသောက်​လျက် နေကြစို့” ဟူ၍ ဆိုထားသည့်​အတိုင်း ပြုကြစို့။


ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင် ထို​အရာ​သည် သင်တို့​နှစ်သိမ့်ခံရ​ရန်​နှင့် ကယ်တင်ခံရ​ရန်အတွက်​ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်​ခံရ​လျှင်လည်း ထို​အရာ​သည် သင်တို့​နှစ်သိမ့်​ခံရ​ရန်အတွက်​ဖြစ်၏။ ကျွန်ုပ်တို့ ခံရသော​ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့ ကြုံတွေ့ရ​သောအခါ ထို​နှစ်သိမ့်ခြင်း​သည် သင်တို့​အား သည်းခံနိုင်စွမ်း​ကို ဖြစ်စေ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​ရန် တရောမြို့​သို့ ရောက်ခဲ့၏။ ရောက်​သောအခါ သခင်ဘုရား​သည် မိမိ​၏ အမှုတော်​ကို ကျွန်ုပ်​အား ဆောင်ရွက်​စေရန် ကျွန်ုပ်​အတွက် အခွင့်အရေး​တံခါး​ကို ဖွင့်ပေးတော်မူ၏။


ယခင်က သင်တို့​ကို ကျွန်ုပ် မကြာခဏ ပြော​သကဲ့သို့ ယခု​လည်း မျက်ရည်ကျ​လျက် ထပ်မံ​ပြောလိုသည်​မှာ လူများစွာတို့​သည် လက်ဝါးကပ်တိုင်​၌ ခရစ်တော်​အသေခံတော်မူခြင်း​၏ အဓိပ္ပာယ်​ကို မိမိတို့​၏ ပြုမူ​နေထိုင်ပုံ​ဖြင့် ဖျက်ဆီး​လျက်​ရှိကြောင်း ဖြစ်၏။


ကျွန်ုပ်တို့​အတွက်​လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်​၏ လျှို့ဝှက်နက်နဲသော တရားတော်​ကို ကျွန်ုပ်တို့​ဟောပြော​နိုင်ရန် ဘုရားသခင်​သည် အခွင့်အလမ်း ပေးတော်မူ​လိမ့်မည်။ ထို​တရားတော်​ကို ဟော​သောကြောင့် ယခု ကျွန်ုပ်​အကျဉ်းချခံရ၏။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ