Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 10:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 အကယ်၍ ကျွန်ုပ်တို့​သည် သင်တို့​ထံသို့ မရောက်ခဲ့​သော် ကျွန်ုပ်တို့​သည် အလွန်အကျွံ​နယ်ကျော်နေသည်​ဟု ဆိုနိုင်​သော်လည်း အမှန်​တွင်မူ ကျွန်ုပ်တို့​သည် ခရစ်တော်​၏ သတင်းကောင်း​နှင့်အတူ သင်တို့​ထံသို့ ဦးစွာ ရောက်လာခဲ့ကြသူများ​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အလွန်အကျွံ​နယ်ကျော်နေသည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဘု​ရား​သ​ခင်​သတ် မှတ်​ထား​သော​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​ပါ​ဝင် သ​ဖြင့် ငါ​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​ရာ​၌​နယ် ကျော်​ရာ​မ​ကျ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ တို့ သည် သင် တို့ ထံ မ မှီ တ မှီ ကိုယ် နွှဲ ကြ သည် မ ဟုတ်။ ခ ရစ် တော်၏ သ တင်း တော် မြတ် ကို ဦး စွာ လာ ရောက် ပြော ကြား သူ ကား ငါ တို့ ပင် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​တို့​တိုင်​အောင်​မ​မီ​လျှင်၊ ငါ​တို့​သည် လွန်​ကျူး၍ ပြု​ကြ​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ သင်​တို့​ရှိ​ရာ​သို့ တိုင်​အောင် ရောက်​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ​တို့​သည် သင်​တို့​ထံသို့​မ​ရောက်​နိုင်​သကဲ့သို့ မိမိတို့ကိုယ်ကို အတင်း​ဆန့်တန်း​နေ​ကြ​သည်​မ​ဟုတ်။ အမှန်စင်စစ် ငါ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​၍ သင်​တို့​ထံသို့​ရောက်လာ​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 10:14
17 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်တော်​၏ သတင်းကောင်း​အစ​မှာ ဤသို့​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်​ဆိုင်သည့် သတင်းကောင်း​ကို သက်သေခံ​ရန်​အတွက် သခင်​ယေရှု​ထံမှ လက်ခံရရှိ​သည့် အလုပ်​တာဝန်​နှင့် အမှုတော်​ကို ပြီးစီးနိုင်မည်​ဆိုလျှင် ကျွန်ုပ်​သည် မိမိ​အသက်​ကိုပင် မနှမြောပါ။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​အတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထို​သတင်းကောင်း​သည် ယုံကြည်သောသူများ​ဖြစ်သည့် ဦးစွာ ဂျူး​လူမျိုးများ၊ ထို့နောက် လူမျိုးခြားများ​ကို ကယ်တင်သော ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်​သောကြောင့်​ပင်။


ကျွန်ုပ်​ဟောသော သတင်းကောင်း​၌​ဆိုထားသည့်​အတိုင်း သင်တို့​အား ခိုင်ခံ့မြဲမြံ​စေနိုင်တော်မူသော ဘုရားသခင်​သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှု​ခရစ်တော်​အကြောင်း​ဖြစ်သော ဤ​သတင်းကောင်း​က ကာလ​ကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်​၏ လျှို့ဝှက်​နက်နဲသော​အကြံအစည်တော်​ကို လူမျိုးခြား​ဖြစ်သော သင်တို့​အား ဖော်ပြပေး၏။


ကျွန်ုပ်​ဟောပြောသော သတင်းကောင်း​အရ လူအပေါင်းတို့​၏ လျှို့ဝှက်သော​အကြံအစည်တို့​ကို ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​စီရင်တော်မူသော​နေ့​၌ အထက်​တွင် ဖော်ပြသည့်​အတိုင်း ဖြစ်ပျက်​လိမ့်မည်။


သို့သော် ဘုရားသခင်​သည် ဤ​အရာများ​ကို ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်​သည် အရာ​အားလုံး​ကို ဆန်းစစ်​၍ ဘုရားသခင်​၏ နက်နဲသော​လျှို့ဝှက်ချက်များ​ကိုပင် ကျွန်ုပ်တို့​အား ဖော်ပြပေးတော်မူ၏။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​ရန် တရောမြို့​သို့ ရောက်ခဲ့၏။ ရောက်​သောအခါ သခင်ဘုရား​သည် မိမိ​၏ အမှုတော်​ကို ကျွန်ုပ်​အား ဆောင်ရွက်​စေရန် ကျွန်ုပ်​အတွက် အခွင့်အရေး​တံခါး​ကို ဖွင့်ပေးတော်မူ၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ထို​ယုံကြည်ခြင်း​နှင့်​ချစ်ခြင်း​သည် ကောင်းကင်ဘုံ​၌ သင်တို့​အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာ​အကြောင်း​ကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရား​ဟူသော သတင်းကောင်း​ကို သင်တို့ ပထမဆုံး​အကြိမ် ကြားနာရ​သောအခါ ထို​မျှော်လင့်ရာ​အကြောင်း​ကို သင်တို့ ကြားသိခဲ့ရ၏။


ထို​မှန်ကန်သော​အယူဝါဒ​သည် မင်္ဂလာ​ရှိတော်မူသော ဘုရားသခင်​၏ ဘုန်းကြီးသော သတင်းကောင်း​နှင့် ညီ၏။ ထို​သတင်းကောင်း​ကို ဟောပြော​ရန် ဘုရားသခင်​သည် ကျွန်ုပ်​ကို တာဝန်ပေးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ