Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သို့သော်လည်း ကျွန်ုပ်​၏​ညီ တိတု ရောက်မလာသေး​သောကြောင့် ကျွန်ုပ်​သည် စိတ်မသက်မသာ​ဖြစ်ရ၏။ ထို့ကြောင့် ထို​သူတို့​ကို နှုတ်ဆက်ပြီး​လျှင် တိတု​ကို ရှာ​ရန် မာကေဒေါနိပြည်​သို့ ထွက်သွားရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ရာ​တွင်​ငါ​၏​ညီ​အစ်​ကို​တိ​တု​အား​မ​တွေ့​ရ သ​ဖြင့် ငါ​သည်​လွန်​စွာ​ပူ​ပင်​သော​က​ဖြစ်​၏။ ထို့ ကြောင့်​ထို​မြို့​ရှိ​လူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ညီ တိ တု နှင့် မ ဆုံ မိ သော ကြောင့် စိ တ္တ သု ခ မ ရှိ သည် ဖြစ်၍ အ သင်း တော် ကို နှုတ် ဆက် ပြီး လျှင် မာ ကေ ဒေါ နိ ပြည် သို့ ထွက် သွား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ့​ညီ​တိ​တု​ကို ငါ​မ​တွေ့​သော​ကြောင့် စိတ်​မ​သက်​သာ​သ​ဖြင့်၊ ထို​သူ​တို့​ကို အ​ခွင့်​ပန်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ထွက်​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ့​ညီ​တိတု​ကို​မ​တွေ့​ရ​သောကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင်​မာကေဒေါနိ​ပြည်​သို့ ငါ​ထွက်ခွာ​သွား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:13
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် လူထု​ပရိသတ်တို့​ကို နှုတ်ဆက်တော်မူ​ပြီးနောက် ဆုတောင်း​ရန် တောင်ပေါ်​သို့ တက်ကြွတော်မူ၏။


ထို့နောက် အချင်းချင်း နှုတ်ဆက်ကြ​ပြီး​မှ ကျွန်ုပ်တို့​သည် သင်္ဘော​ပေါ်သို့ တက်​၍ သူတို့​သည်လည်း မိမိတို့​အိမ်​သို့ ပြန်ကြ၏။


အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်​နှင့် အခါယပြည်​ရှိ ယုံကြည်သောသူများ​က မိမိတို့​၏​ငွေများ​ကို ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​ထဲမှ ဆင်းရဲသော​သူတို့​အား စေတနာ​ထက်သန်​စွာ လှူဒါန်း​လို​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​သည် တိတု​ကို သင်တို့​ထံ သွား​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ အခြား​ညီအစ်ကို​တစ်ယောက်​ကိုလည်း စေလွှတ်ခဲ့၏။ တိတု​သည် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ ကျွန်ုပ်တို့​သည် စိတ်​သဘောချင်း​တူ​၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်​မဟုတ်လော။


ဤ​အရာ​အားလုံး​ကြောင့် ကျွန်ုပ်တို့​အားရကြ၏။ ကျွန်ုပ်တို့​ရရှိသော ခွန်အား​အပြင် တိတု​သည် သင်တို့​အားဖြင့် ဝမ်းမြောက်ရသည်​ဖြစ်၍ သူ​၏ စိတ်နှလုံး​ရွှင်လန်းခြင်း​ကြောင့် ကျွန်ုပ်တို့​သည် ပို၍ ဝမ်းမြောက်ကြ၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


တိတု​အကြောင်း​နှင့် ပတ်သက်၍ ပြောရ​လျှင် သူ​သည် သင်တို့​ကို ကူညီ​ရန် ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်​တစ်ဦး​ဖြစ်သည်​ဟု ဆိုရပေမည်။ သူ​နှင့်အတူ​ပါရှိသော အခြား​ညီအစ်ကိုများ​မှာ ခရစ်တော်​၏ ဘုန်းတော်​ဖြစ်သော အသင်းတော်တို့​၏ ကိုယ်စားလှယ်များ​ဖြစ်ကြ၏။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


ထို့နောက် ဆယ့်လေးနှစ်​ကြာ​သော် ကျွန်ုပ်​သည် ဗာနဗ​နှင့်အတူ ဂျေရုဆလင်မြို့​သို့ တစ်ဖန်​သွား၏။ တိတု​ကိုလည်း ခေါ်သွား၏။


ထိုအခါ သူတို့​သည် ကျွန်ုပ်​ကို ထောက်ခံ​၍ ကျွန်ုပ်​နှင့်အတူ ပါလာသော တိတု​ကို​ပင်လျှင် လူမျိုးခြား​ဖြစ်​သော်လည်း အရေပြားလှီး​မင်္ဂလာ​ကို ခံယူ​ရန် မစေခိုင်းခဲ့ပေ။


ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။


ကျွန်ုပ်​နှင့် ယုံကြည်ချက်​တူညီ​၍ ကျွန်ုပ်​၏ သား အရင်းအချာ​ကဲ့သို့ ဖြစ်သော တိတု​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကယ်တင်ရှင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ