ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
၁ ယော 4:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။ Common Language Bible ချစ်ဆွေတို့၊ ချစ်ခြင်းမေတ္တာသည်ဘုရားသခင်ထံ တော်မှသက်ရောက်လာသည်ဖြစ်ရာ ငါတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြ ကုန်အံ့။ ချစ်တတ်သောသူသည်ဘုရားသခင်၏ သားသမီးဖြစ်၏။ ကိုယ်တော်ကိုသိကျွမ်း သောသူလည်းဖြစ်၏။- Garrad Bible ချစ် သူ တို့၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ကုန် အံ့။ ချစ် ခြင်း မေ တ္တာ သည် ဘု ရား သ ခင် မှ ဖြစ် လျက် မေ တ္တာ ရှိ သူ တိုင်း ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ ဖြစ်၏။ Judson Bible ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည်လည်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။ |
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူရဲဘောကြောင်သောစိတ်ကို ပေးတော်မမူဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သောစိတ်တို့ကို ပေးတော်မူသောကြောင့်ဖြစ်၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
ညီအစ်ကိုမောင်နှမကို ချစ်သောသူသည် အလင်းထဲတွင် ရှိ၍ မိမိကြောင့် သူတစ်ပါးအပြစ်ကျူးလွန်ရသည့်အကြောင်း ထိုသူ၌ မရှိ။
ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်စွာ ပြုမူသောသူတို့သည် ကိုယ်တော်ထံမှ ပေါက်ဖွားလာသောသူ ဖြစ်သည်ကို သင်တို့သိကြ၏။
ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို လိုက်နာလျှင် ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်ကြောင်း သိရ၏။
“ဘုရားသခင်ကို ငါသိ၏” ဟု ဆိုသော်လည်း ဘုရားသခင်၏ ပညတ်တော်တို့ကို မလိုက်နာသောသူသည် လိမ်လည်သောသူဖြစ်၏။ ထိုသူ၌ သမ္မာတရားမရှိ။
ချစ်ရသောသူတို့… သင်တို့ထံ ကျွန်ုပ်ရေးပို့လိုက်သော ပညတ်သည် ပညတ်သစ်မဟုတ်။ အစဦးကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ဤပညတ်ဟောင်းသည် သင်တို့ကြားခဲ့ပြီးသော တရားတော်ဖြစ်၏။
ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်ကို ဆက်၍ကျူးလွန်နေသူမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျိုးစေ့သည် ထိုသူ၌ တည်နေသောကြောင့်ဖြစ်၏။ ဘုရားသခင်ထံမှ ဖြစ်ပွားသောကြောင့် သူသည် အပြစ်ကို ဆက်၍မကျူးလွန်နိုင်။
ချစ်ရသောသူတို့… ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤမျှလောက် ချစ်သောကြောင့် ကျွန်ုပ်တို့သည်လည်း အချင်းချင်း ချစ်ကြရမည်။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံလျက်ရှိပြီ။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်မည်မျှ ချစ်တော်မူသည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်သည်နှင့်အညီ ထိုမေတ္တာအပေါ် မှီခိုအားထားကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်တတ်သောသူသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ ဘုရားသခင်သည်လည်း ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကို ချစ်သည်” ဟု ဆိုသော်လည်း မိမိညီအစ်ကိုမောင်နှမကို မုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိဖြင့် မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို ချစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် မချစ်တတ်သောသူသည် ဘုရားသခင်ကို မသိ။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။
သို့ဖြစ်၍ ချစ်ခင်ရသောအမျိုးသမီး… ကျွန်ုပ်သည် သင့်ထံ ပညတ်သစ်ကို ရေးလိုက်သည်မဟုတ်။ အစဦးကပင် ကျွန်ုပ်တို့၌ ရှိသောပညတ်တော်ကို ရေး၍ အချင်းချင်းချစ်ကြရန် တောင်းပန်ပါ၏။