Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ဘု ရား သ ခင် ကို ချစ် သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် မု သာ သုံး သူ ဖြစ်၏။ မြင် ဘူး သော ညီ အစ် ကို ချင်း မ ချစ် သူ သည် မ မြင် ဘူး သော ဘု ရား သ ခင် ကို မ ချစ် နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:20
9 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အချင်းချင်း​ချစ်ကြ​လျှင် လူအပေါင်းတို့​က ထို​ချစ်ခြင်းမေတ္တာ​ကို ထောက်​၍ သင်တို့​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​သည် ကိုယ်တော်​ကို မမြင်ဖူး​သော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်​ကို မတွေ့ရသေး​သော်လည်း ယုံကြည်ကြ၏။ သင်တို့​တွင် ဘုန်းအသရေ​နှင့်​ပြည့်စုံသည့် ပြောမပြ​နိုင်လောက်သော ဝမ်းမြောက်ခြင်း​ရှိ၏။


ထို့ကြောင့် “ကျွန်ုပ်တို့​သည် ဘုရားသခင်​နှင့် မိတ်သဟာယဖွဲ့သည်” ဟု ဆို​သော်လည်း အမှောင်​ထဲတွင် ကျင်လည်​နေဆဲဖြစ်​လျှင် သမ္မာတရား​ကို မကျင့်ဘဲ လိမ်လည်သူများ​ဖြစ်၏။


“ကျွန်ုပ်တို့​၌ အပြစ်​မရှိ” ဟု ဆို​ပါက ကျွန်ုပ်တို့​သည် မိမိကိုယ်မိမိ လှည့်စား၏။ ကျွန်ုပ်တို့​၌ သမ္မာတရား​မရှိ။


သို့သော် ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် အမှောင်​ထဲတွင် ရှိ​၍ အမှောင်​ထဲတွင် ကျင်လည်၏။ အမှောင်ထု​သည် ထို​သူ​အား ကွယ်စေ​သောကြောင့် သူ​သည် မည်သည့်​နေရာ​သို့ သွားနေသည်​ကိုပင် မသိ။


“ဘုရားသခင်​ကို ငါ​သိ၏” ဟု ဆို​သော်လည်း ဘုရားသခင်​၏ ပညတ်တော်တို့​ကို မလိုက်နာသောသူ​သည် လိမ်လည်သောသူ​ဖြစ်၏။ ထို​သူ​၌ သမ္မာတရား​မရှိ။


“ငါ​သည် အလင်း​ထဲတွင် ရှိသည်” ဟု ဆို​လျက်နှင့် မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းတီးသောသူ​သည် အမှောင်​ထဲတွင် ရှိနေ​သေး၏။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်ဥစ္စာ​ရှိ​သော်လည်း ဆင်းရဲသော ညီအစ်ကို​မောင်နှမတို့​ကို မြင်​၍ မသနား​ပါက ထို​လူ​၌ ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​သည် မည်သို့​ရှိနိုင်မည်နည်း။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ