Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 “အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 “အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ”​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:6
35 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ” ဟု မိန့်တော်မူ၏။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။


ယေရှု​က “သင်​ယုံကြည်​လျှင် ဘုရားသခင်​၏ ဘုန်းတော်​ကို မြင်ရမည်​ဟု သင့်​အား ငါ​ပြောခဲ့ပြီ မဟုတ်လော” ဟု မာသ​ကို မိန့်တော်မူ၏။


ဟေရှာယ​သည် ယေရှု​၏ ဘုန်းအသရေ​ကို တွေ့မြင်ခဲ့​သောကြောင့် ယေရှု​ကို ရည်ညွှန်း​၍ ဤသို့​ဟောပြောခြင်း​ဖြစ်၏။


သူတို့​အား​အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်မာရ်နတ်​၏​လက်အောက်​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲလာ​စေရန် သင်​သည် ထို​သူတို့​၏​မျက်စိများ​ကို ဖွင့်ပေး​ရမည်။ သို့မှသာ သူတို့​သည် အပြစ်များ​အတွက်​ခွင့်လွှတ်ခြင်း​ကို ခံစားရမည်။ ထို့ပြင် ငါ့​ကို​ယုံကြည်ကြ​သဖြင့် ဘုရားသခင်​သန့်ရှင်းစေတော်မူသော​လူစု​ထဲတွင် ပါဝင်ရ​လိမ့်မည်’ ဟု မိန့်တော်မူ၏။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။


သင်တို့ ခွင့်လွှတ်သော​သူ​ကို ကျွန်ုပ်​လည်း ခွင့်လွှတ်၏။ ကျွန်ုပ်​သည် တစ်စုံတစ်ယောက်​ကို ခွင့်လွှတ်စရာ​ရှိ​၍ ခွင့်လွှတ်​လျှင် သင်တို့​အကျိုး​အတွက် ခရစ်တော်​၏​ရှေ့တော်​၌ ခွင့်လွှတ်၏။


ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ကျွန်ုပ်​ဆုတောင်းသည်​က ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖ​ခမည်းတော်​သည် ဝိညာဉ်ရေးရာ​ဉာဏ်ပညာ​နှင့် ဗျာဒိတ်တော်​ကို သင်တို့​အား ပေးသနားတော်မူ​ရန် ဖြစ်၏။ သို့မှသာ သင်တို့​သည် ခမည်းတော်​အကြောင်း​ကို ပို​၍ သိကြမည် ဖြစ်၏။


ဘုရားသခင် ရွေးချယ်တော်မူ​သဖြင့် သင်တို့ မျှော်လင့်ရသော​အရာ​သည် မည်သည့်​အရာ​ဖြစ်သည်​ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်​၏ ဘုန်းအသရေ​သည် မည်မျှ​ကြွယ်ဝသည်​ကို​လည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့​အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်​တန်ခိုးတော်​သည် မည်မျှ​ကြီးမားသည်​ကို​လည်းကောင်း သင်တို့​သိ​စေရန် သင်တို့​၏ ဉာဏ်​မျက်စိ​ကို ပွင့်စေတော်မူပါ​ဟု ကျွန်ုပ်​ဆုတောင်း၏။


သင်တို့​သည် ယခင်​က အမှောင် ဖြစ်ခဲ့​သော်လည်း ယခု​တွင်မူ သခင်ဘုရား​၏ လူများ ဖြစ်လာကြ​သောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း​၏ သားသမီးများ​ကဲ့သို့ ပြုမူနေထိုင်ကြလော့။


ယေရှု​ခရစ်တော်​သည် မိမိ​၌ ဘုရားသခင်​၏ အသွင်​သဏ္ဌာန်တော်​ရှိ​သော်လည်း ထိုသို့​ဘုရားသခင်​နှင့် တန်းတူ​ဖြစ်ခြင်း​ကို ကိုယ်ကျိုး​အတွက် အသုံးပြု​ရမည်​ဟု မှတ်ယူတော်မမူဘဲ


သားတော်​သည် မျက်စိ​ဖြင့်​မမြင်ရသော ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်ပြီး ဘုရားသခင်​ဖန်ဆင်းတော်မူ​သမျှသော အရာ​အားလုံး​တွင် သားဦး​ဖြစ်တော်မူ၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ဘုရားသခင်​ကို စွန့်သွားသော​သူတို့​အား တစ်ဖန် နောင်တရ​စေရန် မည်သို့​ဖြစ်နိုင်တော့​မည်နည်း။ တစ်ချိန်​က ထို​သူတို့​သည် ဘုရားသခင်​၏ ဉာဏ်အလင်း​ကို ရ​၍ ကောင်းကင်ဘုံ​မှ ကျေးဇူးတော်​ကို မြည်းစမ်း​ကာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​ကောင်းချီး​ကို ခံစားရသည့်​သူများ​ဖြစ်ခဲ့ကြ၏။


သူတို့​စူးစမ်းသော​အရာများ​သည် သူတို့​ကိုယ်တိုင်​အတွက်​မဟုတ်ဘဲ သင်တို့​အတွက်​ဖြစ်ကြောင်း သူတို့​အား ဘုရားသခင်​ဖော်ပြတော်မူ၏။ သင်တို့​အား သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ကောင်းကင်ဘုံ​မှ စေလွှတ်တော်မူခြင်း​ခံရသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ဖြင့် ဤ​အရာများ​ကို ပြောကြ၏။ ကောင်းကင်တမန်များ​ပင်လျှင် ဤ​အရာများ​ကို သိရှိ​နားလည်​လိုကြ၏။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


ထို့ပြင် အပြည့်အဝ​ယုံကြည်​စိတ်ချရသော ပရောဖက်ပြု​ဟောပြောချက်များ​လည်း ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ဟောပြောချက်များ​သည် သင်တို့​နှလုံးသား​၌ အရုဏ်တက်​၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်​တိုင်အောင် အမှောင်​အရပ်​တွင် လမ်းပြ​ထွန်းလင်းနေသည့်​ဆီမီး​သဖွယ် ဖြစ်​သောကြောင့် သင်တို့​သည် ထို​ဟောပြောချက်များ​ကို ကောင်းစွာ ဂရုစိုက်​ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ