Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကျွန်ုပ်တို့​အပေါ် ဘုရားသခင်​မည်မျှ ချစ်တော်မူသည်​ကို ကျွန်ုပ်တို့​သိ​၍ ယုံကြည်သည်​နှင့်အညီ ထို​မေတ္တာ​အပေါ် မှီခို​အားထားကြ၏။ ဘုရားသခင်​သည် ချစ်ခြင်းမေတ္တာ​ဖြစ်တော်မူ​၍ ချစ်တတ်သောသူ​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။ ဘုရားသခင်​သည်လည်း ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ငါ တို့ အ ပေါ်၌ ဘု ရား သ ခင် သက် တော် မူ သော ချစ် ခြင်း မေ တ္တာ ကို ငါ တို့ သိ မြင် ယုံ ကြည် ခဲ့ ကြ ပြီ။ ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည် နှင့် အ ညီ ချစ် ခြင်း မေ တ္တာ၌ တည် သူ သည် ဘု ရား သ ခင်၌ တည် လျက် ဘု ရား သ ခင် လည်း ထို သူ၌ တည် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:16
13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်းတော်မူသော​သူ​ဖြစ်တော်မူကြောင်း​ကို အကျွန်ုပ်တို့​ယုံကြည်​သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။


ယေရှု​က “သူ​၏​အပြစ်​ကြောင့် မဟုတ်။ မိဘများ​၏ အပြစ်​ကြောင့်လည်း မဟုတ်။ ဘုရားသခင်​၏​တန်ခိုးတော် သူ့​အပေါ်​ထင်ရှား​စေရန်​ဖြစ်၏။


ထို​အရာ​မှာ ကျမ်းစာ​၌ “မိမိ​ကို ချစ်သော​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်တော်မူသော​အရာတို့​ကို လူ့​မျက်စိ​ဖြင့် မမြင်၊ လူ့​နား​ဖြင့် မကြား၊ လူ့​စိတ်​ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ခမည်းတော်​သည် ကျွန်ုပ်တို့​ကို မည်မျှ​ချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့​သည် “ဘုရားသခင်​၏​သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့​သည် အမှန်ပင် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြ၏။ လောကီသားတို့​သည် ဘုရားသခင်​ကို မသိ​သောကြောင့် ကျွန်ုပ်တို့​ကိုလည်း မသိကြ။


ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် မိမိ​အသက်​ကို စွန့်တော်မူသည့်​အမှု​ကို ထောက်​၍ မေတ္တာ​အကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။ ကျွန်ုပ်တို့​သည်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ချင်း​အတွက် အသက်​ကို စွန့်​သင့်၏။


ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာသောသူတို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း သူတို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူကြောင်း​ကို ကျွန်ုပ်တို့​အတွက် ပေးတော်မူသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​သိကြ၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ