Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ကျွန်ုပ်တို့​သည် ပညတ်တော်တို့​ကို လိုက်နာ​လျှင် ဘုရားသခင်​ကို သိကျွမ်းသော​သူများ​ဖြစ်ကြောင်း သိရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း မှ​သာ​လျှင်​ငါ​တို့​သည်​ကိုယ်​တော်​ကို​သိ​ကျွမ်း သူ​များ​ဖြစ်​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ နိုင်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ငါ တို့ သည် ပ ညတ် တော် များ ကို စောင့် ရှောက် လျှင် ကိုယ် တော် နှင့် ကျွမ်း ဝင် ကြောင်း သိ ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​သ​ခင်​ကို ကိုယ်​တိုင်​သိ​ကျွမ်း​သည်​ကို အ​ဘယ်​သို့ သိ​ရ​သ​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လျှင် သိ​ရ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ထို​အမှုအရာ​အားဖြင့် ဘုရားသခင်​ကို ငါ​တို့​သိကျွမ်း​သည်​ကို​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:3
26 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် ငါ့​စကား​ကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့​ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။


သင်တို့​သည် ငါ့​ကို ချစ်​လျှင် ငါ့​ပညတ်တို့​ကို လိုက်နာကြ​လိမ့်မည်။


ငါ​သည် ခမည်းတော်​၏ ပညတ်တော်တို့​ကို လိုက်နာ​၍ ခမည်းတော်​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေ​သကဲ့သို့ သင်တို့​သည်လည်း ငါ့​ပညတ်တို့​ကို လိုက်နာ​လျှင် ငါ​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေကြ​လိမ့်မည်။


သင်တို့​သည် ငါ့​ပညတ်​ကို လိုက်နာကြ​လျှင် ငါ့​မိတ်ဆွေများ ဖြစ်ကြ၏။


ထာဝရ​အသက်​ဟူသည်​မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်​ဘုရား​ဖြစ်တော်မူသော ကိုယ်တော်​ကို သိကျွမ်းခြင်း​နှင့် ဤ​လောက​သို့ ကိုယ်တော်​စေလွှတ်တော်မူသော ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ပင်​ဖြစ်ပါ၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


ကိုယ်တော်​သည် ပြီးပြည့်စုံ​လာသည့်​အတွက် မိမိ​ကို နာခံ​သူအပေါင်းတို့​အား ထာဝရ​ကယ်တင်ခြင်း​ကို ပေးတော်မူသော​အရှင်​ဖြစ်လာ၏။


ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


ဤ​နည်း​ဖြင့် ကျွန်ုပ်တို့​သည် သမ္မာတရား​နှင့် သက်ဆိုင်သောသူ​ဖြစ်ကြောင်း​ကို သိရ​၍ ဘုရားသခင်​ရှေ့တော်​၌ စိတ်ချ​ယုံကြည်မှု​ရှိကြမည်​ဖြစ်၏။


ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သူ​သည် အပြစ်​ကျူးလွန်နေသူ​မဟုတ်။ အပြစ်​ကို ဆက်​၍​ကျူးလွန်နေ​လျှင် ထို​သူ​သည် ကိုယ်တော်​ကို မသိ မမြင်ဖူးသူ​ဖြစ်၏။


ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်​၍ ပညတ်တော်တို့​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီးများ​ကို ချစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။


ဘုရားသခင်​ကို ချစ်ခြင်း​သည် ဘုရားသခင်​၏​ပညတ်တော်များ​ကို လိုက်နာခြင်း​ပင် ဖြစ်၏။ ပညတ်တော်တို့​သည် လိုက်နာ​ရန် မခဲယဉ်းပေ။


ထိုအခါ နဂါး​သည် အမျိုးသမီး​အပေါ် ဒေါသထွက်​သဖြင့် ကျန်ရှိနေသေးသော ထို​အမျိုးသမီး​၏ မျိုးဆက်များ​ကို တိုက်​ရန် ထွက်ခွာသွား၏။ ထို​မျိုးဆက်များ​သည် ဘုရားသခင်​၏ ပညတ်တော်တို့​ကို လိုက်နာသူများ၊ ယေရှု​အကြောင်း​သက်သေခံချက်​တို့​ကို သစ္စာရှိ​စွာ ထိန်းသိမ်းသူများ​ဖြစ်ကြ၏။


ဤ​အကြောင်း​ကြောင့် ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာ​၍ ယေရှု​ကို စွဲမြဲ​စွာ ယုံကြည်သည့် သန့်ရှင်းသူတို့​သည် သည်းခံ​ရန် လို၏။


မိမိတို့​၏ ဝတ်ရုံများ​ကို လျှော်ဖွပ်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ ထို​သူတို့​သည် မြို့တံခါးများ​မှ မြို့​ထဲသို့ ဝင်​၍ အသက်ပင်​၏ အသီး​ကို စားခွင့်​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ