Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြ၏။ ဘုရားသခင်​ကို သိသောသူ​တိုင်း​သည် ကျွန်ုပ်တို့​စကား​ကို နားထောင်တတ်၏။ ဘုရားသခင်​၏​သားသမီး မဟုတ်သောသူ​သည် ကျွန်ုပ်တို့​စကား​ကို နားမထောင်တတ်။ ဤ​သည်​မှာ ကျွန်ုပ်တို့​သည် သမ္မာတရား​၏​ဝိညာဉ်တော်​နှင့် မိစ္ဆာ​ဝိညာဉ်​ကို ခွဲခြား​၍ သိရခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ငါ တို့ မူ ကား ဘု ရား သ ခင် ဘက် တော် သား ဖြစ် သ ဖြင့် ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ သည် နာ ယူ တတ်၏။ ဘု ရား သ ခင့် ဘက် တော် သား မ ဟုတ် သူ သည် မ နာ မ ယူ တတ်။ ထို သို့ သော အား ဖြင့် သ မ္မာ ဝိ ညာဉ် နှင့် မိ စ္ဆာ ဝိ ညာဉ် ကို ငါ တို့ သိ ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ငါ​တို့​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ဘု​ရား​သ​ခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​ထောင်​တတ်၏။ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​မ​ထောင်​တတ်။ ထို​အ​ရာ​ကို ငါ​တို့​သည်​ထောက်၍၊ သ​မ္မာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ မိ​စ္ဆာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:6
33 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ” ဟု မိန့်တော်မူ၏။


ဤ​သိုးခြံ​မှ မဟုတ်သော အခြား​သိုးတို့​ကိုလည်း ငါ​ပိုင်သေး၏။ ထို​သိုးတို့​ကိုလည်း ငါ​ခေါ်ဆောင်လာ​ရမည်။ ထို​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်ကြ​လိမ့်မည်။ သို့ဖြစ်၍ သိုး​တစ်အုပ်တည်း​နှင့် သိုးထိန်း​တစ်ပါးတည်း ဖြစ်လာ​လိမ့်မည်။


ငါ့​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်​၍ ငါ့​နောက်သို့ လိုက်ကြ၏။ ထို​သိုးတို့​ကိုလည်း ငါ​သိ၏။


တံခါးစောင့်​သည် ထို​သူ​ကို တံခါး​ဖွင့်ပေးတတ်၏။ သိုးတို့​သည်လည်း သူ​၏ အသံ​ကို မှတ်မိ​၍ သူ့​ထံသို့ လာကြ၏။ သူ​သည် မိမိ​သိုးတို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်သွားတတ်၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ အစေလွှတ်ခံ​ကို လက်ခံကြိုဆိုသောသူ​သည် ငါ့​ကို လက်ခံကြိုဆို၏။ ငါ့​ကို လက်ခံကြိုဆိုသောသူ​သည်လည်း ငါ့​ကို စေလွှတ်သော ခမည်းတော်​ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။


ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။


သို့သော် ငါ​သည် သမ္မာတရား​ကို ဖော်ပြသည့် ကူညီမစတော်မူသော​အရှင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံ စေလွှတ်မည်။ ထို​ဝိညာဉ်တော်​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ငါ​၏​အကြောင်း​မှန်သမျှ​ကို သက်သေခံ​လိမ့်မည်။


သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။


ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။


တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။


ထိုအခါ သူတို့​က “သင်​၏ ခမည်းတော်​သည် အဘယ်မှာ​ရှိသနည်း” ဟု မေးကြ၏။ ယေရှု​က “သင်တို့​သည် ငါ့​ကို​လည်းကောင်း၊ ငါ့​ခမည်းတော်​ကို​လည်းကောင်း မသိကြ။ ငါ့​ကို သိ​လျှင် ငါ့​ခမည်းတော်​ကိုလည်း သင်တို့​သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်တို့​သည် အောက်အရပ်​က ဖြစ်ကြ၏။ ငါ​သည် အထက်အရပ်​က ဖြစ်၏။ သင်တို့​သည် လောကီသားများ​ဖြစ်ကြ၏။ ငါ​သည် လောကီသား​မဟုတ်။


တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ကျမ်းစာ​၌ “ဘုရားသခင်​သည် သူတို့​၏ စိတ်​ကို ထိုင်းမှိုင်းစေတော်မူ၏။ ယနေ့​ထိတိုင် သူတို့​၏ မျက်စိ​ကို မမြင်​စေရန်၊ သူတို့​၏ နား​ကို မကြား​စေရန် ဘုရားသခင် ပြုတော်မူ၏” ဟု ရေးသားထား၏။


တစ်စုံတစ်ယောက်​သည် မိမိကိုယ်ကိုယ် ပရောဖက်​ဖြစ်သည် သို့မဟုတ် ဝိညာဉ်​ဆုကျေးဇူး​ရရှိသူ​ဖြစ်သည်​ဟု ယူဆ​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်သော အကြောင်းအရာတို့​သည် သခင်ဘုရား​၏ ပညတ်တော်​ဖြစ်ကြောင်း သိမှတ်​ရမည်။


မျက်စိ​ရှေ့၌ ရှိသော​အရာ​ကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်​က သူ​သည် ခရစ်တော်​၏​လူ​ဖြစ်ကြောင်း ယုံကြည်စိတ်ချ​လျှင် ကျွန်ုပ်တို့​သည်လည်း ထို​သူ​ကဲ့သို့ပင် ခရစ်တော်​၏​လူများ​ဖြစ်ကြောင်း​ကို သူ​သည် ပြန်လည်​ဆင်ခြင်​ပါစေ။


ဘုရားသခင်​ကို မသိသော​သူတို့​နှင့် ကျွန်ုပ်တို့​သခင်​ယေရှု​၏ သတင်းကောင်း​ကို မလိုက်နာသော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


နောက်ဆုံးသော​နေ့ရက်များ​၌ လူ​တချို့​သည် မိမိတို့​၏ ယုံကြည်ခြင်း​တရား​ကို စွန့်​၍ လူ​ကို လှည့်စားသော​ဝိညာဉ်ဆိုးများ​နှင့် နတ်ဆိုးများ​၏ သွန်သင်မှု​ကို ခံယူကြ​လိမ့်မည်​ဟု ဝိညာဉ်တော်​သည် ရှင်းလင်း​စွာ မိန့်တော်မူ၏။


သန့်ရှင်းသော​ပရောဖက်များ ယခင်​က ဟောပြောခဲ့သော​စကားများ​နှင့် သင်တို့​၏ တမန်တော်များ​အားဖြင့် ကျွန်ုပ်တို့​၏​သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော​အရှင်​၏ ပညတ်တော်တို့​ကို သင်တို့​အား သတိရ​စေလို၏။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


သားသမီးတို့… သင်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်​၍ ထို​သူတို့​ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်တော်​သည် လောကီသားတို့​ထဲ၌ ကိန်းအောင်းသော​ဝိညာဉ်​ထက် ပို​၍ ကြီးမြတ်​သောကြောင့် ဖြစ်၏။


ဘုရားသခင်​သည် ချစ်ခြင်းမေတ္တာ​ဖြစ်တော်မူ​သောကြောင့် မချစ်တတ်သော​သူ​သည် ဘုရားသခင်​ကို မသိ။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​၏ တမန်တော်များ ကြိုတင်​ဟောပြောခဲ့သော​စကားများ​ကို သတိရကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ