Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ချစ်ရသော​သူတို့… ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဤ​မျှလောက် ချစ်​သောကြောင့် ကျွန်ုပ်တို့​သည်လည်း အချင်းချင်း ချစ်ကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ချစ်​ဆွေ​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ဤ​မျှ​ချစ်​တော်​မူ​လျှင်​ငါ​တို့​သည်​အ​ချင်း ချင်း​ချစ်​သင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ချစ် သူ တို့၊ ဘု ရား သ ခင် သည် ငါ တို့ ကို ဤ မျှ လောက် ချစ် တော် မူ လျှင် ငါ တို့ ကို အ ချင်း ချင်း ချစ် သင့် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ချစ်​ရ​သော​သူ​တို့၊ ဘုရားသခင်​သည် ငါ​တို့​ကို ဤမျှလောက်​ချစ်​တော်မူ​လျှင် ငါ​တို့​သည်​လည်း အချင်းချင်း​ချစ်​သင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:11
14 ပူးပေါင်းရင်းမြစ်များ  

ကျမ်းတတ်​ပညာရှင်​က “လူနာ​အား သနားကြင်နာ​၍ ပြုစုစောင့်ရှောက်သော​သူ ဖြစ်ပါ၏” ဟု လျှောက်၏။ ထိုအခါ ယေရှု​က “သင် သွား​၍ ထို​နည်းတူ​ပြုလော့” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ‘သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။ ငါ​သည် သင်တို့​ကို ချစ်သည့်​နည်းတူ သင်တို့​သည်လည်း အချင်းချင်း​ချစ်ကြလော့’ ဟူသော ပညတ်​အသစ်​ကို သင်တို့​အား ငါ​ပေး၏။


ခါးသီးခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသ​ထွက်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်​ငေါက်ငမ်းခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်း​တို့​ကို မကောင်းသော​အမှု​အမျိုးမျိုးတို့​နှင့်အတူ ဖယ်ရှားကြလော့။


တစ်ဦး​နှင့်​တစ်ဦး အပြစ်တင်​စရာ​ရှိလျှင် အချင်းချင်း သည်းခံ​၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရား​သည် သင်တို့​ကို ခွင့်လွှတ်​သကဲ့သို့ သင်တို့​သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။


ချစ်ရသော​သူတို့… သင်တို့​ထံ ကျွန်ုပ်​ရေးပို့လိုက်သော ပညတ်​သည် ပညတ်သစ်​မဟုတ်။ အစဦး​ကပင် သင်တို့​၌ ရှိသော ပညတ်ဟောင်း​ဖြစ်၏။ ဤ​ပညတ်ဟောင်း​သည် သင်တို့​ကြားခဲ့ပြီးသော တရားတော်​ဖြစ်၏။


“ကျွန်ုပ်တို့​အချင်းချင်း ချစ်ကြရမည်” ဟူသော ဤ​တရားစကား​သည် အစဦး​ကပင် သင်တို့ ကြားခဲ့ရသော​အရာ ဖြစ်၏။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။


သို့ဖြစ်၍ ချစ်ခင်ရသော​အမျိုးသမီး… ကျွန်ုပ်​သည် သင့်​ထံ ပညတ်သစ်​ကို ရေးလိုက်သည်​မဟုတ်။ အစဦး​ကပင် ကျွန်ုပ်တို့​၌ ရှိသော​ပညတ်တော်​ကို ရေး​၍ အချင်းချင်း​ချစ်ကြ​ရန် တောင်းပန်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ