Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ယော 1:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သို့ဖြစ်၍ ချစ်ခင်ရသော​အမျိုးသမီး… ကျွန်ုပ်​သည် သင့်​ထံ ပညတ်သစ်​ကို ရေးလိုက်သည်​မဟုတ်။ အစဦး​ကပင် ကျွန်ုပ်တို့​၌ ရှိသော​ပညတ်တော်​ကို ရေး​၍ အချင်းချင်း​ချစ်ကြ​ရန် တောင်းပန်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ဖြစ်​၍​ချစ်​သော​အ​မျိုး​သ​မီး​ကြီး၊ ငါ​တို့ အ​ချင်း​ချင်း​ချစ်​ကြ​ရန်​သင့်​အား​ငါ​တောင်း ပန်​၏။ ဤ​ပညတ်​ကား​အ​သစ်​အ​ဆန်း​မ​ဟုတ်။ အ​စ​က​တည်း​က​ပင်​လျှင်​ငါ​တို့​ရ​ရှိ​သည့် ပ​ညတ်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ယ ခု မှာ အ ရှင် မ၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ရ မည့် အ ကြောင်း ပ ညတ် သစ် ကို မ ဟုတ်။ အ စ ဦး က ငါ တို့ ရ ရှိ ရင်း ပ ညတ် တော် ကို ထောက်၍ ငါ တောင်း ပန် လျက် ရေး လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယ​ခု​တွင် ပ​ညတ်​တော်​သစ်​ကို မ​ရေး​ဘဲ​လျက်၊ ငါ​တို့၌ ရှေ့​ဦး​စွာ​က​ပင်​ရှိ​သော ပ​ညတ်​တော်​ကို​ရေး​ထား၍၊ သ​ခင်​မ၊ အ​ချင်း​ချင်း​ချစ်​ခြင်း မေ​တ္တာ​ရှိ​ကြ​ကုန်​အံ့​ဟု ငါ​တောင်း​ပန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သို့ဖြစ်၍ ဂုဏ်သရေ​ရှိ​အမျိုးသမီး၊ ပညတ်​တော်​အသစ်​မ​ဟုတ်​ဘဲ အစအဦး​ကပင် ငါ​တို့​၌​ရှိ​သော​ပညတ်တော်​ကို သင့်​ထံ​ရေးသား​လျက် ငါ​တို့​အချင်းချင်း​ချစ်​ကြ​စို့​ဟု ယခု သင့်​အား ငါ​တောင်းပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ယော 1:5
17 ပူးပေါင်းရင်းမြစ်များ  

ငါ့​ပညတ်​မှာ ငါ​သည် သင်တို့​ကို ချစ်​သကဲ့သို့ သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။


ထို့ကြောင့် သင်တို့​အချင်းချင်း ချစ်ကြလော့​ဟူသော ဤ​ပညတ်​ကို သင်တို့​အား ငါ​ပေး၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


အချင်းချင်း ချစ်ကြ​ရန် သင်တို့​ကို ဘုရားသခင်​ကိုယ်တိုင် သွန်သင်တော်မူခဲ့​သောကြောင့် ယခု​တွင် သင်တို့​အချင်းချင်း ချစ်ကြရမည့်​အကြောင်း​ကို သင်တို့​ထံ စာရေး​ရန် မလိုပေ။


ညီအစ်ကို​မောင်နှမ​ကဲ့သို့ အချင်းချင်း ဆက်​၍ ချစ်ကြလော့။


အရေးကြီးဆုံး​အရာ​မှာ အချင်းချင်း​နှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ​သည် အပြစ်​များစွာ​ကို ဖုံးအုပ်တတ်​သောကြောင့်​ဖြစ်၏။


ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။


“ကျွန်ုပ်တို့​အချင်းချင်း ချစ်ကြရမည်” ဟူသော ဤ​တရားစကား​သည် အစဦး​ကပင် သင်တို့ ကြားခဲ့ရသော​အရာ ဖြစ်၏။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်း​ခံရသော​အမျိုးသမီး​နှင့် သူ​၏ သားသမီးများ​ထံသို့ စာရေးလိုက်ပါ၏။ သင်တို့​ကို ကျွန်ုပ်​တစ်ဦးတည်း​သာမက သမ္မာတရား​ကို သိသောသူ​အပေါင်းတို့​ကလည်း ချစ်ခင်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ