Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ညီအစ်ကို​မောင်နှမ​ကို ချစ်သောသူ​သည် အလင်း​ထဲတွင် ရှိ​၍ မိမိ​ကြောင့် သူတစ်ပါး​အပြစ်​ကျူးလွန်​ရသည့်​အကြောင်း ထို​သူ​၌ မရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ညီ အစ် ကို ချင်း ချစ် သူ သည် တိုက် လဲ ရန် အ ကြောင်း ကင်း လျက် အ လင်း၌ တည် နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 မိမိ​ညီအစ်ကို​ကို​ချစ်​သော​သူ​သည် အလင်း​၌​တည်​သည်​ဖြစ်၍ ထို​သူ​၌ မှားယွင်း​စေ​သော​အရာ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:10
14 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း ထို​တရားစကား​မှာ သူတို့​၏ စိတ်နှလုံး​တွင် အမြစ်​မစွဲ​သောကြောင့် ခဏ​သာ​ခံ၏။ ထို​တရားစကား​ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ​သောအခါ ချက်ချင်း​ပင် ဖောက်ပြန်တတ်၏။


ဤ​လောက​၌ အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​ရှိ၏။ လောကီသားတို့​သည်လည်း ထို​ဖြားယောင်း​သွေးဆောင်ရာ​သို့ လိုက်ပါ​သောကြောင့် အမင်္ဂလာ​ရှိကြ၏။ ဖြားယောင်း​သွေးဆောင်ခြင်းတို့​သည် ရှောင်လွှဲမရသော​အရာများ​ဖြစ်၏။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။


ယေရှု​က “တစ်ရက်​တွင် နေ့အချိန် ဆယ့်နှစ်​နာရီ​ရှိ၏။ ဤ​ကမ္ဘာလောက​အား အလင်းရောင်​ကို ပေးသော​သူ​ကြောင့် လူတို့​သည် နေ့အချိန်​တွင် ခလုတ်​မတိုက်ဘဲ သွားလာနိုင်ကြ၏။


ယေရှု​က “အလင်း​သည် သင်တို့​တွင် ခဏတာ​မျှ ရှိဦးမည်။ သင်တို့​ကို အမှောင်​မဖုံးလွှမ်း​စေရန် အလင်း​ရှိ​ခိုက် သွားလာကြလော့။ အမှောင်​တွင် သွားလာသူ​သည် မိမိ​အဘယ်​အရပ်​သို့ သွားလာသည်​ကို မသိနိုင်ပေ။


ယေရှု​က မိမိ​ကို ယုံကြည်သော​ဂျူးလူမျိုးတို့​အား “ငါ့​သွန်သင်ချက်​ကို လိုက်နာ​လျှင် သင်တို့​သည် အမှန်​ပင် ငါ့​တပည့်​ဖြစ်ကြ၏။


ထို့ကြောင့် အချင်းချင်း အပြစ်​မတင်ဘဲ နေကြပါစို့။ အပြစ်​တင်မည့်​အစား အခြား​ယုံကြည်သောသူ​တစ်ယောက်​အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ​၍ လဲစရာ​မဖြစ်​စေရန် ဆင်ခြင်ကြပါစို့။


ဤသည်​မှာ သင်တို့​သည် အကောင်းဆုံး​ဖြစ်သော​အရာ​ကို ပိုင်းခြားသိမြင်​နိုင်​၍ ခရစ်တော် ပြန်ကြွလာမည့်​နေ့​တိုင်အောင် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိ​စေရန် ဖြစ်၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင် ရွေးချယ်​ခေါ်ယူ​တော်မူသည့်​သူများ​ဖြစ်ကြောင်း သက်သေပြ​နိုင်ရန် ပို​၍ ကြိုးစား​အားထုတ်ကြလော့။ ဤ​သို့ ပြု​လျှင် သင်တို့​သည် ယုံကြည်ခြင်း​ကို မည်သည့်​အခါမျှ စွန့်လွှတ်မည်​မဟုတ်။


သို့သော် ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် အမှောင်​ထဲတွင် ရှိ​၍ အမှောင်​ထဲတွင် ကျင်လည်၏။ အမှောင်ထု​သည် ထို​သူ​အား ကွယ်စေ​သောကြောင့် သူ​သည် မည်သည့်​နေရာ​သို့ သွားနေသည်​ကိုပင် မသိ။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ