Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ကိုယ်တော်​သည် ဖြောင့်မတ်တော်မူကြောင်း​ကို သင်တို့​သိ​လျှင် ဖြောင့်မတ်​စွာ ပြုမူသော​သူတို့​သည် ကိုယ်တော်​ထံမှ ပေါက်ဖွားလာသော​သူ ဖြစ်သည်​ကို သင်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ခ​ရစ်​တော်​သည်​ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ​၏။ သို့​ဖြစ်​၍​အ​မှန်​တ​ရား ကို​ကျင့်​သုံး​သူ​သည်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ကိုယ် တော် ဖြောင့် မတ် တော် မူ ကြောင်း သိ ကြ သည် နှင့် အ ညီ ဖြောင့် မတ် စွာ ပြု ကျင့် သူ တိုင်း လည်း ကိုယ် တော် အား ဖြင့် ဖွား ရ ကြောင်း သိ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သည်​သိ​လျှင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သည်​ကို သိ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ဘုရားသခင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:29
28 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​သည် လူ့​သဘာဝ​အရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ လူ့​အလိုဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်​က မွေးဖွားစေတော်မူသော​သူများ​ဖြစ်ကြ၏။


မိမိ​ခံယူချက်​အတိုင်း ဟောပြောသော​သူ​သည် မိမိ​ဘုန်းအသရေ​ကို ရှာတတ်၏။ သို့သော် မိမိ​ကို စေလွှတ်တော်မူသော​အရှင်​၏ ဘုန်းအသရေ​ကို ရှာသော​သူ​သည် ဖြောင့်မှန်သောသူ​ဖြစ်ပြီး မလိမ်ညာတတ်။


မည်သည့်​လူမျိုး​မဆို ဘုရားသခင်​အား ကြောက်ရွံ့​၍ မှန်ကန်​စွာ လုပ်ဆောင်သော​သူ​ဖြစ်​လျှင် ဘုရားသခင်​လက်ခံတော်မူ၏။


ထို့နောက် သူ​က ‘ငါတို့​ဘိုးဘေးတို့​၏​ဘုရားသခင်​သည် မိမိ​အလိုတော်​ကို သိမြင်​စေရန်၊ ဖြောင့်မတ်သော​အရှင်​ကို​ဖူးမြင်ခွင့် ရ​စေရန်​နှင့် ထို​အရှင်​မိန့်တော်မူသော​အသံ​ကို ကြား​စေရန် သင့်​ကို​ခန့်အပ်ထား၏။


သင်တို့​သည် သန့်ရှင်း​ဖြောင့်မတ်သော​သူ​ကို ငြင်းပယ်​၍ လူသတ်သမား​တစ်ဦး​ကို လွှတ်ပေး​ရန် တောင်းဆိုကြ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


အာဗြဟံ​သည်လည်း ထို​မင်းကြီး​အား ရရှိသော​ပစ္စည်းများ​မှ ဆယ်ပုံတစ်ပုံ​ကို ပေးလှူ၏။ မေလခိဇေဒက်​ဟူသော အမည်​၏ အဓိပ္ပာယ်​မှာ “ဖြောင့်မတ်ခြင်း​၏​ဘုရင်” ဖြစ်ပြီး နောက်ပိုင်း​တွင် သူ့​ကို ရှာလင်​ဘုရင်​ဟု ခေါ်တွင်​ကာ “ငြိမ်းချမ်းရေး​ဘုရင်” ဟု အဓိပ္ပာယ်​ရ၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် သန့်ရှင်းသူ၊ အပြစ်​ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့​နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ​၌ အကြီးမြတ်ဆုံးသော နေရာ​သို့ ချီးမြှောက်​ခံရသူ​ဖြစ်​သောကြောင့် ကျွန်ုပ်တို့​လိုအပ်နေသော​ယဇ်ပုရောဟိတ်မင်း​မျိုး ဖြစ်၏။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ကိုယ်တော်​သည် မိမိ​၏ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​အားဖြင့် အဖိုးတန်​၍ ကြီးမြတ်သော​ကတိတော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဤသည်​မှာ ထို​ကတိတော်​အားဖြင့် သင်တို့​အား ဤ​လောကီ​တပ်မက်ခြင်း​ကြောင့် ဖြစ်သည့်​ပျက်စီးခြင်း​မှ လွတ်မြောက်​၍ ဘုရားဖြစ်ခြင်း​သဘော​၌ ပါဝင်​ပတ်သက်လာ​စေရန်​ဖြစ်၏။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​ကို ချေဖျက်​ရန် ကြွလာတော်မူသည်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​၌ မည်သည့်​အပြစ်​မျှ မရှိ။


သားသမီးတို့… မည်သူ​မျှ သင်တို့​ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်​စွာ ပြုမူသောသူ​သည် ကိုယ်တော်​ဖြောင့်မတ်တော်မူ​သကဲ့သို့ ဖြောင့်မတ်၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​သည် အပြစ်​မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​အရှင်​သည် ထို​သူ​ကို စောင့်ရှောက်တော်မူ​သဖြင့် မာရ်နတ်​သည် သူ့​ကို မထိခိုက်နိုင်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​တိုင်း​သည် ဤ​လောက​ကို အောင်နိုင်​သောကြောင့်​ဖြစ်၏။ ကျွန်ုပ်တို့​သည် ယုံကြည်ခြင်း​အားဖြင့် လောက​ကို အောင်နိုင်၏။


ချစ်ခင်ရသောသူ… မကောင်းမှု​ကို အတု​မယူဘဲ ကောင်းမှု​ကိုသာ အတုယူလော့။ ကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​၏​သားသမီး ဖြစ်၏။ မကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​ကို မမြင်ဖူး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ