Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 1:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား သူရဲဘောကြောင်သော​စိတ်​ကို ပေးတော်မမူဘဲ တန်ခိုး​ပါသော​စိတ်၊ ချစ်တတ်သော​စိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သော​စိတ်တို့​ကို ပေးတော်မူ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိညာဉ်​ကို ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တန်ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​တို့​နှင့်ဆိုင်သော​ဝိညာဉ်​ကို ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:7
28 ပူးပေါင်းရင်းမြစ်များ  

ကြည့်လော့။ ငါ​သည် သင်တို့​ကို မြွေဆိုး​နှင့် ကင်းမြီးကောက်များ​အပေါ်​တွင် နင်းခြေရသော​အခွင့်​နှင့် ရန်သူများ​အပေါ် အုပ်စိုးရသော တန်ခိုးအာဏာ​ကို ပေး၏။ မည်သည့်​အရာ​မျှ သင်တို့​ကို မထိခိုက်စေရ။


ထို​အချိန်​တွင် သူ​သည် အသိတရားရလာ​၍ ‘ငါ့​အဖေ​အိမ်​တွင်​ရှိသော အလုပ်သမားများ​သည် ဝလင်စွာ​စားရကြ၏။ သို့သော် ငါ​သည် ဤ​နေရာ​တွင် ဆာလောင်​သဖြင့် သေရပါတော့မည်။


ငါ​သည် ငါ့​ခမည်းတော် ကတိ​ထားတော်မူသည့်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့​သည် ကောင်းကင်​မှ​တန်ခိုးတော် မရရှိ​မီ​အထိ မြို့​ထဲတွင်​နေကြ​ရမည်” ဟု မိန့်တော်မူ၏။


ထို့နောက် လူတို့​သည် ထို​အဖြစ်အပျက်​ကို ကြည့်ရှု​ရန် ထွက်လာကြ၏။ ယေရှု​ထံသို့ ရောက်​သောအခါ နတ်ဆိုးပူးခြင်း​မှ လွတ်မြောက်သွားသူ​သည် အဝတ်​ကို ဝတ်ထား​လျက် လူကောင်း​ပကတိစိတ်​ဖြင့် ယေရှု​၏​ခြေတော်ရင်း​၌ ထိုင်နေသည်​ကို တွေ့မြင်ကြ​လျှင် ကြောက်ရွံ့ကြ၏။


ငြိမ်းချမ်းခြင်း​ကို သင်တို့​အတွက် ငါ​ထားခဲ့၏။ ငါ​၏ ငြိမ်းချမ်းခြင်း​ကို သင်တို့​အား ငါ​ပေး၏။ သင်တို့​အား ငါ​ပေးသော​ငြိမ်းချမ်းခြင်း​သည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်​ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။


သို့ရာတွင် သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်​ဆင်းသက်​သောအခါ သင်တို့​သည် တန်ခိုး​ကို​ရရှိ​၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး​တိုင်အောင် ငါ​၏​သက်သေခံများ​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် နာဇရက်မြို့သား​ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​အားဖြင့် မည်သို့​ဘိသိက်ပေးခဲ့ကြောင်း​ကိုလည်း သင်တို့​သိကြ၏။ ဘုရားသခင်​သည် ယေရှု​နှင့် အတူ​ပါရှိတော်မူ​သဖြင့် ယေရှု​သည်လည်း ကောင်းမှုပြု​၍ နတ်ဆိုးပူးသော​သူများ​အား ပျောက်ကင်း​ကျန်းမာစေ​လျက် အရပ်ရပ်​သို့ လှည့်လည်တော်မူ၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်​ဆိုင်သည့် သတင်းကောင်း​ကို သက်သေခံ​ရန်​အတွက် သခင်​ယေရှု​ထံမှ လက်ခံရရှိ​သည့် အလုပ်​တာဝန်​နှင့် အမှုတော်​ကို ပြီးစီးနိုင်မည်​ဆိုလျှင် ကျွန်ုပ်​သည် မိမိ​အသက်​ကိုပင် မနှမြောပါ။


သို့ရာတွင် ပေါလု​က “သင်တို့​သည် ငိုကြွေး​လျက် ကျွန်ုပ်​စိတ်နှလုံး​ကို ပူဆွေးဝမ်းနည်း​စေ​ရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်​သည် ဂျေရုဆလင်မြို့​၌ ထောင်ကျခံ​ရန်​မျှ​သာမက သခင်​ယေရှု​၏​အမည်​နာမ​အတွက် အသေခံ​ရန်ပင် အသင့်​ရှိပါ၏” ဟု ပြန်ပြောလေ၏။


ဂျူးဝတ်ပြုဆောင်​အားလုံး​တွင်လည်း သူတို့​ကို​မကြာခဏ​အပြစ်ပေး​၍ အယူဝါဒ​ကို​စွန့်လွှတ်​ရန် အတင်းအကျပ်​စေခိုင်းခဲ့ပါ၏။ ထို့ပြင် သူတို့​အပေါ် အလွန်​စိတ်ဆိုး​မုန်းတီး​ကာ နိုင်ငံရပ်ခြား​မြို့များ​သို့​ပင်လျှင်​သွား​၍ သူတို့​ကို လိုက်လံ​ညှဉ်းဆဲခဲ့ပါ၏။


သို့ရာတွင် ပေါလု​က “မြတ်သော​အရှင်​ဖေတ္တုမင်း… အကျွန်ုပ်​မရူးပါ။ မှန်ကန်​၍ သင့်လျော်သော​သစ္စာ​စကား​ကိုသာ လျှောက်တင်ပါ၏။


သတေဖန်​သည် ကျေးဇူးတော်​နှင့်လည်းကောင်း၊ တန်ခိုးတော်​နှင့်လည်းကောင်း ပြည့်ဝ​လျက် ကြီးမားသော​အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် နိမိတ်​လက္ခဏာများ​ကို လူများ​ရှေ့​တွင် ပြု၏။


ရှောလု​သည်လည်း ပိုမို​၍ စိတ်အား​ထက်သန်လာ​ကာ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း သက်သေထူခြင်း​အားဖြင့် ဒမတ်စကပ်မြို့​ရှိ ဂျူးလူမျိုးများ​အား အံ့ဩတွေဝေစေ၏။


ဤ​မျှော်လင့်ခြင်း​သည် ကျွန်ုပ်တို့​ကို စိတ်ပျက်စေမည်​မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပေးသနားတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​၏ စိတ်နှလုံး​ကို မိမိ​၏​မေတ္တာတော်​နှင့် ပြည့်စေတော်မူ​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကြောက်ရွံ့တတ်သော ကျွန်​၏​သဘော​ကို ပြန်​၍ ရရှိကြသည် မဟုတ်။ သားသမီး​ဖြစ်ခွင့် ပေးသော ဘုရားသခင်​၏ ဝိညာဉ်တော်​ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။


ကျွန်ုပ်​၏​သတင်းစကား​နှင့် ကျွန်ုပ်​၏ ဟောပြောချက်တို့​မှာ အလွန်​ရိုးစင်း၏။ ကျွန်ုပ်​သည် ဖြားယောင်းသော ပညာ​စကားတို့​ဖြင့် မပြောဆိုဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​တို့​၏ သက်သေ​အထောက်အထား​အားဖြင့်​သာ ပြောဆို၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


ဝိညာဉ်တော်​နှိုးဆော်မှု​ကြောင့် ဖြစ်ပေါ်လာသော သင်တို့​၏ ချစ်ခြင်းမေတ္တာ​အကြောင်း​ကို သူ​သည် ကျွန်ုပ်တို့​အား ပြောပြ၏။


သေခြင်း​ကို ကြောက်​၍ တစ်သက်လုံး​ကျွန်​ကဲ့သို့ နေထိုင်ရသော​သူတို့​ကို လွတ်မြောက်​စေတော်မူ၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


ချစ်ခြင်းမေတ္တာ​တွင် ကြောက်စိတ်​မရှိ။ ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာ​သည် ကြောက်စိတ်​ကို ဖယ်ရှားတတ်၏။ ကြောက်စိတ်​သည် ပြစ်ဒဏ်​နှင့် သက်ဆိုင်​သောကြောင့် ကြောက်သောသူ​သည် ချစ်ခြင်းမေတ္တာ​နှင့် မပြည့်စုံသေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ