၁ ပေ 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။ Common Language Bible သို့ဖြစ်၍သင်တို့သည်မကောင်းမှုအမျိုးမျိုး နှင့်လှည့်ဖြားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ဆဲရေးတိုင်းထွာမှုတို့ကိုပယ်ရှားကြလော့။- Garrad Bible ထို ကြောင့် အ ရှင် ဘု ရား၏ ကောင်း မြတ် ခြင်း အ ရ သာ ကို ခံ ပြီး ဖြစ် လျှင် ယုတ် မာ ခြင်း၊ လှည့် ဖြား ခြင်း၊ သီ လ ကြောင် ခြင်း ငြူ စူ ခြင်း၊ အ သ ရေ ဖျက် ခြင်း၊ အ မျိုး မျိုး ကို ပယ် ရှား ပြီး သော် ကယ် တင် တော် မူ ရာ ရောက် သည့် တိုင် အောင် ကြီး ပွား ရ အံ့ သော ငှာ ဖွား စ သူ ငယ် များ ကဲ့ သို့ တ ရား တော် နို့ စစ် ကို တောင့် တ ကြ လော့။ Judson Bible ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှာ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ ဖွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။ |
သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
ထိုအခါ သူ့အား ပြင်းထန်စွာ ပြစ်ဒဏ်ပေး၍ သူတော်ကောင်းယောင်ဆောင်သူများနှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။
အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။ ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။
သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့် သင်္ချိုင်းနှင့် တူကြ၏။ ၎င်းအပေါ်တွင် လူတို့သည် သတိမပြုမိဘဲ လျှောက်သွားတတ်ကြ၏” ဟု မိန့်တော်မူ၏။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
သင်၏မျက်စိထဲက သစ်တုံးကို မမြင်နိုင်ဘဲ ‘မိတ်ဆွေ… သင့်မျက်စိထဲက သစ်မှုန်စကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်မိတ်ဆွေအား အဘယ်ကြောင့်ပြောရသနည်း။ သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
ထို့ကြောင့် မကောင်းမှုနှင့် ဆိုးယုတ်မှုဟူသော တဆေးဟောင်းပါသည့်မုန့်နှင့် မဟုတ်ဘဲ ဖြူစင်မှုနှင့် မှန်ကန်မှုဟူသော တဆေးမပါသည့် မုန့်နှင့် ပသခါပွဲတော်ကို ကျင်းပကြပါစို့။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
ခါးသီးခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်းတို့ကို မကောင်းသောအမှုအမျိုးမျိုးတို့နှင့်အတူ ဖယ်ရှားကြလော့။
ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။
ထိုနည်းတူ သူတို့၏ ဇနီးတို့သည်လည်း ကိုယ်ကျင့်တရားကောင်းသူများဖြစ်ရမည်။ အတင်းအဖျင်းမပြောသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ အရာရာ၌ ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။
ထို့ကြောင့် ဤမျှလောက် များသောသက်သေတို့သည် ကျွန်ုပ်တို့ကို တိမ်တိုက်ကဲ့သို့ ဝန်းရံထားသောကြောင့် ကျွန်ုပ်တို့သည် ဝန်ထုပ်ဝန်ပိုးအားလုံးကိုလည်းကောင်း၊ အလွယ်တကူ တွယ်ကပ်သော အပြစ်များကိုလည်းကောင်း ဖယ်ရှားကာ ရှေ့၌ ရှိသော ပန်းတိုင်သို့ ဇွဲလုံ့လဖြင့် ပြေးကြစို့။
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။
ညီအစ်ကိုမောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကိုမောင်နှမချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်စီရင်တတ်သောသူသည် ပညတ်တရားတော်ကို ပုတ်ခတ်၍ စီရင်သောသူဖြစ်၏။ ပညတ်တရားကို စီရင်လျှင် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ စီရင်သောသူဖြစ်၏။
“ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်စေတော်မူသည့် လူ့စိတ်ဝိညာဉ်အား မိမိကိုသာ ကိုးကွယ်စေလိုသောသဝန်တိုစိတ်ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ၌ အကြောင်းမဲ့ ဖော်ပြသည်ဟု သင်တို့ထင်သလော။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
ကျမ်းစာ၌ “အသက်ရှင်ရသည်ကို နှစ်သက်၍ နေ့ရက်တို့ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသောသူသည် မိမိလျှာကို မကောင်းသောစကားနှင့် ကင်းစေရမည်။ မိမိနှုတ်ကိုလည်း မုသားစကား ပြောမထွက်စေရ။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
ယခုတွင် သင်တို့သည် ထိုသူတို့နှင့်အတူ အထိန်းအကွပ်မဲ့အပျော်ကြူးခြင်းတို့၌ မပါဝင်တော့သောကြောင့် သူတို့သည် အံ့သြလျက် သင်တို့ကို စော်ကားပြောဆိုကြ၏။