Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​ကို ကျွန်ုပ်​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်​သကဲ့သို့ ကျွန်ုပ်​ကိုလည်း သင်တို့​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်မည်​ကို ကျွန်ုပ်​စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​စသည်တို့​ရှိမည်​ကို စိုးရိမ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ သို့ ဆို သော် ငါ ရောက် သည့် ကာ လ သင် တို့ သ ဘော မ ကျ သည် မှာ ငါ့ ကို တွေ့ မြင် ကြ သည့် ပြင် ငါ သ ဘော ကျ သည် မှာ သင် တို့ ကို မ တွေ့ မ မြင် သည့် အ လျောက် ခိုက် ရန် ဖြစ် ခြင်း၊ ပြိုင် ဆိုင် ခြင်း၊ အ မျက် ထွက် ခြင်း၊ ဖီ ဆန် ခြင်း၊ အ သ ရေ ဖျက် ခြင်း၊ ကုန်း ချော ခြင်း၊ ဝင့် ဝါ ခြင်း၊ ဘက် ပြိုင် ခြင်း များ ဖြစ် မည် ကိုလည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​ရောက်လာ​သောအခါ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​ကို ငါ​တွေ့မြင်​လို​သည့်​အတိုင်း မ​တွေ့မြင်​ရ​သကဲ့သို့ ငါ့​ကို​လည်း သင်​တို့​တွေ့မြင်​လို​သည့်​အတိုင်း မ​တွေ့မြင်​ရ​မည်​ကို​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ ပုတ်ခတ်​ပြောဆို​ခြင်း၊ အတင်းအဖျင်း​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​များ ရှိ​မည်​ကို​လည်းကောင်း ငါ​စိုးရိမ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:20
34 ပူးပေါင်းရင်းမြစ်များ  

သူတို့​၏​ဘဝ​သည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်း​နှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်​အမျိုးမျိုးတို့​ဖြင့် ပြည့်​လျက်​ရှိ၏။


သူတို့​သည် အသရေ​ပျက်အောင်​ပြောဆိုသူများ၊ ဘုရားသခင်​ကို မုန်းတီးသူများ၊ မောက်မာသူများ၊ မာနထောင်လွှားသူများ၊ ကြွားဝါသူများ၊ မကောင်းမှု​ဖန်တီးသူများ၊ မိဘစကား​နားမထောင်သူများ​ဖြစ်ကြ၏။


သို့သော် မိမိတို့​ကိုယ်ကျိုး​အတွက်​သာ အသက်ရှင်​၍ သမ္မာတရား​ကို မလိုက်နာဘဲ ဆိုးယုတ်​စွာ အသက်ရှင်သော​သူတို့​အပေါ် ဘုရားသခင်​သည် မိမိ​၏ ဒေါသ​နှင့်​အမျက်​ကို ကျရောက်စေတော်မူ​လိမ့်မည်။


ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း ငြင်းခုံ​လျက်​ရှိကြောင်း ခလောဣ​အိမ်သား တချို့​က ကျွန်ုပ်​ကို ပြောပြကြ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ယောက်ယက်ခတ်​စေတတ်သော​ဘုရား​မဟုတ်ဘဲ ယုံကြည်သူတို့​၏ အသင်းတော်များ​၌ ပြု​သကဲ့သို့ ငြိမ်းချမ်းခြင်း​ကို ဖြစ်​စေသော​ဘုရား ဖြစ်တော်မူ​သောကြောင့်​ပင်။


ဤသို့​ဖြစ်​လျက်ပင် သင်တို့​သည် မာနထောင်လွှား​ဆဲ​ရှိကြ၏။ အမှန်​တွင်မူ သင်တို့​သည် ဝမ်းနည်း​ပူဆွေး​လျက် ထို​သူ​ကို သင်တို့​အထဲမှ ထုတ်ပယ်​သင့်သည်​မဟုတ်လော။


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


လူ​တချို့​က ကျွန်ုပ်တို့​သည် လောကီ​စံနှုန်း​အတိုင်း ပြုမူနေထိုင်ကြသည်​ဟု ထင်မြင်ကြ၏။ ကျွန်ုပ်​ရောက်လာ​သောအခါ ထို​သူတို့​အား ရဲရင့်ပြတ်သား​စွာ ပြုမူ​ရန် ကြံစည်ထား၏။ သို့သော် သင်တို့​ကိုမူ ထိုသို့​ရဲရင့်ပြတ်သား​စွာ မပြုမူရ​စေရန် ကျွန်ုပ်​တောင်းပန်ပါ၏။


သင်တို့​အကြွင်းမဲ့ နာခံကြ​သောအခါ ကျွန်ုပ်တို့​သည် မနာခံသောသူ​အပေါင်းတို့​ကို ပြစ်ဒဏ်ပေး​ရန် အသင့်​ရှိမည်။


နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။


ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။


ထို့ကြောင့် သင်တို့​ထံသို့ လာ​၍ သင်တို့​အား ဝမ်းနည်း​စေမည့် အဖြစ်​မျိုး​ကို နောက်ထပ်​မပြု​ရန် ကျွန်ုပ်​ဆုံးဖြတ်ထား၏။


သို့သော် သင်တို့​သည် အချင်းချင်း ကိုက်ဖြတ်​ဝါးမျိုကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​သွားမည်​ဖြစ်​၍ သတိပြုကြလော့။


ဘဝင်မြင့်ခြင်း၊ အချင်းချင်း​အမျက်​ကို​နှိုးဆော်ခြင်း၊ အချင်းချင်း​မနာလိုခြင်းတို့​မရှိဘဲ နေကြစို့။


ညီအစ်ကို​မောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကို​မောင်နှမ​ချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်​စီရင်တတ်သောသူ​သည် ပညတ်တရားတော်​ကို ပုတ်ခတ်​၍ စီရင်သောသူ​ဖြစ်၏။ ပညတ်တရား​ကို စီရင်​လျှင် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးသောသူ​မဟုတ်ဘဲ စီရင်သောသူ​ဖြစ်၏။


ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထား​ဖြစ်ခြင်း​မှစ၍ ရှိသမျှသော​လှည့်စားခြင်း၊ သူတော်ကောင်း​ယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း​အားလုံးတို့​ကို ဖယ်ရှားကြလော့။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ထို​သူတို့​သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့​၏ တပ်မက်မှု​အတိုင်း ပြုမူတတ်သူ၊ ချဲ့ကား​ကြွားဝါ​ပြောတတ်သူ၊ ကိုယ်ကျိုး​အတွက် သူတစ်ပါး​ကို မြှောက်ပင့်တတ်သူတို့​ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ