Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 12:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သင် တို့ ရှေ့ ငါ တို့ ထု ချေ သည် ဟု ထင် လျက် နေ ကြ သ လော။ အို ချစ် သူ တို့၊ ခ ရစ် တော် အား ဖြင့် ဘု ရား သခင့် မျက် မှောက် တော်၌ ငါ တို့ သည် သင် တို့ ကို ဆောက် တည် ခြင်း အ လို့ ငှာ အ ရာ ရာ ပြော ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တစ်​ဖန်​တုံ၊ ငါ​တို့​သည် သင်​တို့​ရှေ့၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​သည်​ဟု ထင်​ကြ​သ​လော။ ခ​ရစ်​တော်​ကို​ထောက်၍ ဘု​ရား​သ​ခင်​ရှေ့၌ ငါ​တို့ ပြော​ကြ၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ​မှာ သင်​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ငါ​တို့​သည် သင်​တို့​ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်​ပြောဆို​နေ​ကြ​သည်​ဟု တစ်ချိန်လုံး သင်​တို့​ထင်မှတ်​နေ​ကြ​သလော။ ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု၍ ပြောဆို​နေ​ကြ​၏။ ချစ်​ရ​သော​သူ​တို့၊ အရာ​အားလုံး​သည် သင်​တို့​၏​တည်ဆောက်​စရာ​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:19
20 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။


ထို့ကြောင့် သင်တို့​ကို ဖြိုဖျက်​ရန်အတွက် မဟုတ်ဘဲ တည်ဆောက်​ရန်အတွက် ကျွန်ုပ်တို့​အား သခင်ဘုရား​ပေးသော အခွင့်အာဏာ​ကို​အကြောင်းပြု​လျက် အနည်းငယ်​ပို၍ ကြွားဝါ​မိ​လျှင်ပင် မရှက်ပါ။


သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


ထို့ကြောင့် ချစ်ရသော​သူတို့… ရုပ်တုကိုးကွယ်ခြင်း​ကို ရှောင်ကြဉ်ကြလော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ကျွန်ုပ် အလွန်​ချစ်​၍ လွမ်းဆွတ်​သတိရပါ၏။ သင်တို့​ကြောင့် ကျွန်ုပ်​ဝမ်းမြောက်ရ​ပြီး သင်တို့​သည် ကျွန်ုပ်​ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်​ပြောဆိုခဲ့သည့်​အတိုင်း သခင်ဘုရား​အား သစ္စာရှိ​လျက် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​၏​စိတ်ဝိညာဉ်​အတွက် ကျွန်ုပ်​၌ ရှိသမျှသော​ငွေကြေးဥစ္စာများ​နှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်​သည် သင်တို့​အပေါ် ဤမျှ​မေတ္တာထား​လျှင် ကျွန်ုပ်​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​သည် လျော့ပါး​သွားမည်လော။


ကျွန်ုပ်​လိမ်လည်​၍ မပြောကြောင်း​ကို သခင်​ယေရှု​၏ ခမည်းတော်​ဖြစ်တော်မူသော ထာဝရ​မင်္ဂလာရှိတော်မူသည့်​ဘုရားသခင် သိတော်မူ၏။


ဤသို့ ကျွန်ုပ်​ကြွားဝါသည်​ကို အခါယပြည်​တစ်လျှောက်​၌ မည်သူမျှ တားဆီး​၍ ရမည်​မဟုတ်ကြောင်း ခရစ်တော်​၏ သမ္မာတရား​ကျွန်ုပ်​၌ ရှိသည်​နှင့်အညီ ကျွန်ုပ်​ဆို၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပြန်​၍ ထောက်ခံ​ချီးမွမ်း​ရာ ရောက်သလော။ ကျွန်ုပ်တို့​သည် အခြားသူများ​ကဲ့သို့ သင်တို့​ထံ ထောက်ခံစာ​ယူလာ​ရန် လိုအပ်သလော။ သို့မဟုတ် သင်တို့​ရေးပေးသော ထောက်ခံစာ​ကို လိုအပ်သလော။


ချစ်ရသော​သူတို့… ကိုယ်တိုင်​လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်​ကသာ စီရင်ပါစေ။ ကျမ်းစာ​၌ “ထာဝရဘုရား​က ‘လက်တုံ့ပြန်ခြင်း​သည် ငါ့​တာဝန် ဖြစ်၏။ သူတို့​ကို အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍​ရေးသားထား၏။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ကျွန်ုပ်တို့​တစ်ဦးစီ​သည် ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို တည်ဆောက်​ပျိုးထောင်​ရာတွင် သူ​၏​အကျိုး​ကို ထောက်​၍ သူ့​ကို စိတ်ကျေနပ်စေ​ရမည်။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ထို့ကြောင့် ယခု သင်တို့​လုပ်ဆောင်နေသည့်​အတိုင်း အချင်းချင်း​အားပေး​လျက် တည်ဆောက်ပေးကြလော့။


ချစ်ရသော​သူတို့… ဤသို့ ကျွန်ုပ်တို့​ပြောဆို​သော်လည်း သင်တို့​မှာမူ ကယ်တင်ခြင်း​နှင့် သက်ဆိုင်သည့် ပို​၍​ကောင်းသော​အရာများ ရှိကြသည်​ကို ကျွန်ုပ်တို့​အခိုင်အမာ​ယုံကြည်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ