Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 3:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သို့သော် သင်တို့​၏ နှလုံးသား​ထဲတွင် ခါးသီးသော မနာလိုစိတ်​နှင့် တစ်ကိုယ်ကောင်းစိတ်တို့​ရှိလျှင် သမ္မာတရား​ကို ဆန့်ကျင်​၍ သင်တို့​၏ ဉာဏ်ပညာ​အကြောင်း​ကို မကြွားဝါနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သင် တို့ စိတ် နှ လုံး ၌ ပြင်း ထန် သော ပြိုင် ဆိုင် ခြင်း၊ ဖီ ဆန် ခြင်း များ ရှိ လျှင် သ မ္မာ တ ရား တော် နှင့် ဆန့် ကျင်၍ မု သာ သုံး ခြင်း၊ ဝါ ကြွား ခြင်း မ ပြု ကြ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 3:14
42 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​မေးရခြင်း​မှာ ဂျူးဘာသာရေး​ခေါင်းဆောင်များ​က ယေရှု​ကို မနာလို​၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိ​သောကြောင့် ဖြစ်၏။


လူတို့​သည် သင်တို့​ကို ဂျူး​ဝတ်ပြုဆောင်များ​မှ ထုတ်ပယ်ကြ​လိမ့်မည်။ သင်တို့​ကို သတ်သောသူများ​က ထိုသို့​သတ်ခြင်း​သည် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ခြင်း​ဖြစ်သည်​ဟု ခံယူသည့်​အချိန်ကာလ ရောက်လာ​လိမ့်မည်။


သို့သော် ဂျူးတို့​သည် ထို​လူအုပ်​ကို မြင်​သောအခါ မနာလိုစိတ်​နှင့် ပြည့်ကြ​သဖြင့် ပေါလု​ဟောပြောသော​အရာများ​ကို ဆန့်ကျင်​၍ ပေါလု​အား စော်ကားပြောဆိုကြ၏။


အမှန်စင်စစ် အကျွန်ုပ်​ကိုယ်တိုင်​သည်လည်း နာဇရက်မြို့သား​ယေရှု​၏​အမည်​နာမ​ကို တတ်နိုင်သမျှ ဆန့်ကျင်​ရမည်​ဟု ထင်ခဲ့ပါ၏။


ထိုအခါ ယဇ်ပုရောဟိတ်မင်း​နှင့် သူ​၏​အပေါင်းအဖော်​ဖြစ်သော ဇဒ္ဒုကဲများ​၏​ဂိုဏ်းဝင်တို့​သည် မနာလိုစိတ်​ရှိကြ၏။


မျိုးနွယ်စု​ဆယ့်နှစ်စု​၏​ဖခင်များ​သည် ယောသပ်​ကို မနာလိုကြ​သဖြင့် အီဂျစ်ပြည်​တွင် ကျွန်ခံ​စေရန် ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်​သည် ယောသပ်​နှင့်အတူ ရှိတော်မူ​၍


သူတို့​၏​ဘဝ​သည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်း​နှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်​အမျိုးမျိုးတို့​ဖြင့် ပြည့်​လျက်​ရှိ၏။


နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။


သင်​သည် မိမိကိုယ်ကိုယ် ဂျူးလူမျိုး​ဟု ဆို​၍ ဘုရားသခင်​၏​ပညတ်တရား​ကို အမှီပြု​လျက် ဘုရားသခင်​နှင့် သင်​၏​ဆက်နွယ်မှု​ကို ကြွားဝါ၏။


သို့သော် မိမိတို့​ကိုယ်ကျိုး​အတွက်​သာ အသက်ရှင်​၍ သမ္မာတရား​ကို မလိုက်နာဘဲ ဆိုးယုတ်​စွာ အသက်ရှင်သော​သူတို့​အပေါ် ဘုရားသခင်​သည် မိမိ​၏ ဒေါသ​နှင့်​အမျက်​ကို ကျရောက်စေတော်မူ​လိမ့်မည်။


မေတ္တာ​သည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာ​သည် မနာလို​မဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာန​မထားတတ်။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် လူ့​ဗီဇစိတ်​၏ ထိန်းချုပ်မှု​အောက်​၌ ရှိနေကြသေး​သောကြောင့်​ဖြစ်၏။ သင်တို့​သည် အချင်းချင်း မနာလို​လျက်၊ ရန်ဖြစ်​လျက် ရှိနေကြသည်​မှာ သင်တို့​၏ လူ့ဗီဇစိတ်​က သင်တို့​ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်း​ပင် မဟုတ်လော။ သင်တို့​သည် လောကီသား​ကဲ့သို့​ပင် ပြုမူနေထိုင်ကြသည်​မဟုတ်လော။


ဤသို့​ဖြစ်​လျက်ပင် သင်တို့​သည် မာနထောင်လွှား​ဆဲ​ရှိကြ၏။ အမှန်​တွင်မူ သင်တို့​သည် ဝမ်းနည်း​ပူဆွေး​လျက် ထို​သူ​ကို သင်တို့​အထဲမှ ထုတ်ပယ်​သင့်သည်​မဟုတ်လော။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​ကို ကျွန်ုပ်​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်​သကဲ့သို့ ကျွန်ုပ်​ကိုလည်း သင်တို့​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်မည်​ကို ကျွန်ုပ်​စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​စသည်တို့​ရှိမည်​ကို စိုးရိမ်၏။


သို့သော် သင်တို့​သည် အချင်းချင်း ကိုက်ဖြတ်​ဝါးမျိုကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​သွားမည်​ဖြစ်​၍ သတိပြုကြလော့။


ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊


သဝန်တိုခြင်း၊ သောက်စား​မူးယစ်ခြင်း၊ အပျော်ကြူးခြင်း​နှင့် ထိုကဲ့သို့သော​အရာများ​ဖြစ်၏။ ထိုသို့သော​အရာများ​ကို ပြုမူသော​သူတို့​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေခံကြရမည်​မဟုတ်ကြောင်း ကျွန်ုပ်​ယခင်​က ပြောခဲ့သည့်​အတိုင်း ယခု​လည်း သတိပေးလိုက်၏။


ဘဝင်မြင့်ခြင်း၊ အချင်းချင်း​အမျက်​ကို​နှိုးဆော်ခြင်း၊ အချင်းချင်း​မနာလိုခြင်းတို့​မရှိဘဲ နေကြစို့။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတို့​ပင်လျှင် ကိုယ်တိုင် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးကြသည်​မဟုတ်။ ထို​သူတို့​သည် သင်တို့​၏ အသွေးအသား​၌ အရေပြားလှီးခြင်း​အပေါ် ကြွားဝါ​နိုင်ရန် သင်တို့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​စေလိုကြခြင်း ဖြစ်၏။


အချို့သော​သူတို့​သည် မနာလိုစိတ်၊ ရန်လိုစိတ်တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။ သို့သော် အချို့သော​သူတို့​မှာမူ စေတနာစိတ်​ဖြင့် ဟောပြောကြ၏။


တစ်ကိုယ်ကောင်းဆန်သော​စိတ်၊ ကိုယ့်ကိုယ်ကိုယ်​အထင်ကြီးသော​စိတ်​ဖြင့် မည်သည့်​အမှု​ကို​မျှ မပြုကြနှင့်။ တစ်ပါးသူတို့​သည် မိမိ​ထက် သာလွန်သည်​ဟု နှိမ့်ချသော​စိတ်​ဖြင့် မှတ်ယူကြလော့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


မည်သည့်​အရာ​ကိုမျှ နားမလည်သူ​ဖြစ်၏။ သူတို့​သည် စကားလုံး​အသုံးအနှုန်းများ​နှင့်​ပတ်သက်၍ ငြင်းခုံရခြင်း​ကို နှစ်သက်၏။ ထို​အပြုအမူ​သည် တစ်ဦး​နှင့်​တစ်ဦး မနာလိုခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဆိုးညစ်သော​သံသယစိတ်​ရှိခြင်းတို့ ဖြစ်လာ​စေ၏။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်တို့ ရှိသည့်​နေရာ​တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​နှင့် ဆိုးယုတ်သော​အပြုအမူ​အမျိုးမျိုး ရှိတတ်​သောကြောင့် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ထဲမှ တစ်စုံတစ်ဦး​သည် သမ္မာတရား​လမ်း​မှ လွဲသွား​၍ အခြားသူ​တစ်ဦး​က သူ့​ကို လမ်းမှန်​သို့ ပြန်လည် ခေါ်ဆောင်လာ​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ