Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 လွတ်လပ်သူများ​အဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှု​ပြု​ရန် ထို​လွတ်လပ်မှု​ကို ဆင်ခြေ​အဖြစ် အသုံးမချဘဲ ဘုရားသခင်​၏​ကျွန်​အဖြစ် ပြုမူ​နေထိုင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:16
15 ပူးပေါင်းရင်းမြစ်များ  

သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


ငါ​သည် လာ​၍ ထို​သူတို့​ကို မဟောပြောခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် သူတို့​၏​အပြစ်များ​အတွက် ဆင်ခြေ​မပေးနိုင်တော့ပေ။


ယခု​တွင် သင်တို့​သည် အပြစ်တရား​၏​ကျွန်​အဖြစ်​မှ လွတ်မြောက်​၍ ဖြောင့်မတ်ခြင်းတရား​၏​ကျွန် ဖြစ်လာကြပြီ။


သို့သော် ယခု​သင်တို့​သည် အပြစ်တရား​လက်​မှ လွတ်မြောက်​၍ ဘုရားသခင်​၏​ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခု​သင်တို့​သည် သန့်ရှင်းခြင်း​အကျိုး​ကို ရကြ၏။ အဆုံး​၌ ထာဝရ​အသက်​ကို ရကြ၏။


ကျွန်​ဖြစ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု​သင်​သည် သခင်ဘုရား​၏ လွတ်လပ်သူ​ဖြစ်၏။ လွတ်လပ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု သင်​သည် ခရစ်တော်​၏ ကျွန်​ဖြစ်၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


မျက်နှာသာ​ရ​ရန်​အတွက် သူတို့​ရှေ့​၌သာ နာခံသည် မဟုတ်ဘဲ ခရစ်တော်​၏ ကျွန်များ​ကဲ့သို့ ဘုရားသခင်​၏ အလိုတော်​အတိုင်း စိတ်ရောကိုယ်ပါ နာခံကြလော့။


သင်တို့​သည် သခင်​ခရစ်တော်​ကို အစေခံကြ​သောကြောင့် ဆုလာဘ်​အဖြစ် ကတိထားတော်မူသော​အမွေတော်​ကို သခင်ဘုရား​ထံမှ ရရှိမည်​ကို သိမှတ်ကြလော့။


သင်တို့​သိသည့်​အတိုင်း ကျွန်ုပ်တို့​သည် မြှောက်ပင့်သော​စကား​ဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘ​စိတ်​ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေ​ဖြစ်၏။


သို့သော် လွတ်လပ်ခြင်း​သို့ ရောက်စေသည့် ပြီးပြည့်စုံသော တရားတော်​ကို ဆက်လက်​၍ ဂရုတစိုက် ကြည့်ရှုသူ​သည် ကြားနာရသည်​ကို မမေ့လျော့ဘဲ လိုက်နာ​ကျင့်သုံးသောသူ​ဖြစ်လျှင် ထိုသို့​ပြု​သောကြောင့် ဘုရားသခင်​သည် ထို​သူ​ကို ကောင်းချီးပေးတော်မူ​လိမ့်မည်။


ထို့ကြောင့် သင်တို့​အား လွတ်မြောက်စေမည့် ပညတ်တရား​အားဖြင့် စီရင်ခံရမည့်​သူများ​ကဲ့သို့ ပြောဆို​ပြုမူကြလော့။


သူတို့​သည် ထို​သူတို့​ကို လွတ်လပ်ခွင့်​ရမည်​ဟု ကတိပေး​သော်လည်း သူတို့​ကိုယ်တိုင် ပျက်စီးခြင်း​၏​ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူ​သည် မိမိ​ကို အနိုင်ယူ​စိုးမိုးသော​အရာ​ဟူသမျှ​၏ ကျွန်​ဖြစ်ရ​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူ​တချို့​သည် သင်တို့​ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြ​သောကြောင့်​ဖြစ်၏။ ထို​သူတို့​မှာ ပြစ်ဒဏ်စီရင်​ခံရမည်​ဟု ရှေးယခင်​ကတည်းက သတ်မှတ်ထားခြင်း​ခံရသူများ​ဖြစ်ကြ၏။ သူတို့​သည် ကျွန်ုပ်တို့​ဘုရားသခင်​၏ ကျေးဇူးတော်​ကို ကာမဂုဏ်​လိုက်စားခြင်း​အတွက် အခွင့်အရေး​အဖြစ် အလွဲသုံးစား​လုပ်​၍ ကျွန်ုပ်တို့​၏​တစ်ပါးတည်းသော​အရှင်၊ သခင် ယေရှု​ခရစ်တော်​ကို ငြင်းပယ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ