Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 4:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ခါးသီးခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသ​ထွက်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်​ငေါက်ငမ်းခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်း​တို့​ကို မကောင်းသော​အမှု​အမျိုးမျိုးတို့​နှင့်အတူ ဖယ်ရှားကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို့​ကြောင့်​နာ​ကြည်း​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက် ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း၊ သူ​တစ်​ပါး အ​သ​ရေ​ဖျက်​ခြင်း၊ ခပ်​သိမ်း​သော​မုန်း​တီး​ခြင်း တို့​ကို​ပယ်​ရှား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 နစ် နာ စေ ခြင်း၊ စိတ် ဆိုး ခြင်း၊ အ မျက် ထွက် ခြင်း၊ ကျိန် ဆဲ ခြင်း၊ ကုန်း ချော ခြင်း အ မျိုး မျိုး နှင့် ခပ် သိမ်း သော ရန် ညှိုး ဖွဲ့ ခြင်း ကို စွန့် ပယ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ခပ်​သိမ်း​သော စိတ်​တို​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငေါ်​ခြင်း၊ သူ့​အ​သ​ရေ ပျက်​အောင်​ပြော​ဆို​ခြင်း တို့​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော မ​နာ​လို​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​မှ ပယ်​ရှား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ခပ်သိမ်း​သော​ခါးသီး​နာကြည်း​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ အမျက်ထွက်​ခြင်း၊ အော်ဟစ်​ငေါက်ငမ်း​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​ကို မကောင်းမှု​အလုံးစုံ​နှင့်အတူ သင်​တို့​ထံမှ ဖယ်ရှား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 4:31
62 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ တစ်မြို့လုံး​ဆူပူအုံကြွ​လျက် လူတို့​သည်​ပြေးလာ​ကြ၏။ ထို့ကြောင့် ပေါလု​ကို​ဖမ်းဆီး​၍ ဗိမာန်တော်​အပြင်သို့​ဆွဲထုတ်ပြီး တံခါးများ​ကို ချက်ချင်း​ပိတ်လိုက်ကြ၏။


သူတို့​၏ နှုတ်​သည် ကျိန်ဆဲသော​စကား​နှင့် ရင့်သီးသော​စကားတို့​ဖြင့် ပြည့်​လျက်​ရှိ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။


ထို့ကြောင့် မကောင်းမှု​နှင့် ဆိုးယုတ်မှု​ဟူသော တဆေးဟောင်း​ပါသည့်​မုန့်​နှင့် မဟုတ်ဘဲ ဖြူစင်မှု​နှင့် မှန်ကန်မှု​ဟူသော တဆေး​မပါသည့် မုန့်​နှင့် ပသခါ​ပွဲတော်​ကို ကျင်းပကြပါစို့။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​ကို ကျွန်ုပ်​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်​သကဲ့သို့ ကျွန်ုပ်​ကိုလည်း သင်တို့​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်မည်​ကို ကျွန်ုပ်​စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​စသည်တို့​ရှိမည်​ကို စိုးရိမ်၏။


ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊


သို့ဖြစ်၍ ဖြားယောင်းတတ်သော အလို​ရမ္မက်များ​ကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့​၏ လူဟောင်း ဖြစ်သော ယခင်​ပြုမူနေထိုင်ပုံ​ကို စွန့်လွှတ်ကြလော့။


ထို့ကြောင့် လိမ်လည်​၍ မပြောကြနှင့်။ ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် တစ်ဦး​ကို တစ်ဦး မှန်သော​စကား​ကိုသာ ပြောကြလော့။


စိတ်ဆိုး​သော်လည်း အပြစ်​မပြုကြနှင့်။ စိတ်ဆိုး​မပြေဘဲ နေ​မဝင်စေနှင့်။


ခင်ပွန်းသည်တို့… သင်တို့​၏ ဇနီးသည်​ကို ချစ်ကြလော့။ ကြမ်းတမ်း​စွာ မပြုမူကြနှင့်။


သို့သော် ယခု​အခါ သင်တို့​သည် အမျက်ထွက်ခြင်း၊ ဒေါသ​ထွက်ခြင်း၊ မလိုမုန်းထား​ဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ညစ်ညမ်းသော စကား​ကို ပြောဆိုခြင်း စသည့်​အရာများ​ကို ဖယ်ရှားကြလော့။


ထိုနည်းတူ သူတို့​၏ ဇနီးတို့​သည်လည်း ကိုယ်ကျင့်တရား​ကောင်းသူများ​ဖြစ်ရမည်။ အတင်းအဖျင်း​မပြောသူ၊ ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ အရာရာ​၌ ယုံကြည်​စိတ်ချရသူ ဖြစ်ရမည်။


သူ​သည် သောက်စား​မူးယစ်သူ၊ ခက်ထန်​ကြမ်းကြုတ်သူ၊ ခိုက်ရန်​ဖြစ်ပွားသူ၊ ငွေမက်သူ​မဟုတ်ဘဲ ထောက်ထား​ညှာတာသူ ဖြစ်ရမည်။


ထို့ပြင် သူတို့​သည် တစ်အိမ်​တက်​တစ်အိမ်​ဆင်း လှည့်လည်​ကာ ပျင်းရိသော​အကျင့် ရှိလာကြ၏။ ပျင်းရိသည်​သာမက အတင်းအဖျင်း​ပြော​လျက် မပြောသင့်သည့်​အရာ​ကို ပြော​၍ သူတစ်ပါး​ကိစ္စ​တွင် ဝင်ရောက်​စွက်ဖက်​တတ်ကြ၏။


မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။


သနားကြင်နာ​စိတ်​မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်း​ပြောသူ၊ စိတ်အလို​လိုက်သူ၊ ရက်စက်​ကြမ်းကြုတ်သူ၊ ကောင်းမှု​ကို မုန်းသူ၊


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


ထိုနည်းတူ အသက်ကြီးသော​အမျိုးသမီးတို့​အား ဘုရားတရား​ကြည်ညို​၍ အတင်းအဖျင်း​မပြောသူ၊ သေရည်သေရက်​သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသော​အရာများ​ကို သင်ပေးတတ်သူ ဖြစ်​ရန် အကြံပေးလော့။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ဤ​အချက်​ကို မှတ်သားကြလော့။ လူတိုင်း​သည် ကြားနာရာ​တွင် လျင်မြန်​၍ ပြောဆိုရာ​နှင့် ဒေါသထွက်ရာ​တွင် နှေးကွေး​သင့်၏။


သို့သော် သင်တို့​၏ နှလုံးသား​ထဲတွင် ခါးသီးသော မနာလိုစိတ်​နှင့် တစ်ကိုယ်ကောင်းစိတ်တို့​ရှိလျှင် သမ္မာတရား​ကို ဆန့်ကျင်​၍ သင်တို့​၏ ဉာဏ်ပညာ​အကြောင်း​ကို မကြွားဝါနှင့်။


ညီအစ်ကို​မောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကို​မောင်နှမ​ချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်​စီရင်တတ်သောသူ​သည် ပညတ်တရားတော်​ကို ပုတ်ခတ်​၍ စီရင်သောသူ​ဖြစ်၏။ ပညတ်တရား​ကို စီရင်​လျှင် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးသောသူ​မဟုတ်ဘဲ စီရင်သောသူ​ဖြစ်၏။


ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထား​ဖြစ်ခြင်း​မှစ၍ ရှိသမျှသော​လှည့်စားခြင်း၊ သူတော်ကောင်း​ယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း​အားလုံးတို့​ကို ဖယ်ရှားကြလော့။


မာရ်နတ်​နှင့် သက်ဆိုင်သူ​ဖြစ်​ပြီး မိမိ​ညီ​ကို သတ်သော ကာဣန​ကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣန​သည် အဘယ်ကြောင့် ညီ​ကို သတ်သနည်း။ အကြောင်းမှာ သူ​၏​အကျင့်​သည် ဆိုးညစ်​၍ ညီ​ဖြစ်သူ​၏​အကျင့်​မှာ ဖြောင့်မတ်​သောကြောင့်​ဖြစ်၏။


မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် လူသတ်သမား​ဖြစ်၏။ မည်သည့်​လူသတ်သမား​တွင်မျှ ထာဝရ​အသက်​မရှိကြောင်း သင်တို့​သိကြ၏။


ထို့နောက် ကောင်းကင်​မှ ကျယ်လောင်သော​အသံ​ဖြင့် “ယခု​တွင် ငါတို့​ဘုရားသခင်​၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်​နှင့် ခရစ်တော်​၏ အခွင့်အာဏာ​တို့​သည် ပေါ်ထွန်းလာပြီ။ ငါတို့​ဘုရားသခင်​၏ ရှေ့တော်​၌​ပင် ငါတို့​၏​ညီအစ်ကို​မောင်နှမများ​ကို နေ့ရော​ညပါ စွပ်စွဲသူ​သည် ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံရပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ