Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို မမြင်နိုင်ဘဲ ‘မိတ်ဆွေ… သင့်​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်​မိတ်ဆွေ​အား အဘယ်ကြောင့်​ပြောရသနည်း။ သူတော်ကောင်း​ယောင်ဆောင်သူ… သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို ဦး​စွာ​ထုတ်ပစ်လော့။ သို့မှသာ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်​ရန် ရှင်းလင်း​စွာ မြင်ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား`သင်​၏​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော ဘိ​သ​နည်း။ အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ ၌​ရှိ​သော​သစ်​တုံး​ကြီး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင်​သည်​သင့်​ညီ​အစ်​ကို​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ကောင်း​စွာ​မြင်​၍​ထုတ်​ယူ နိုင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို မ မြင် ဘဲ ညီ အစ် ကို သင့် မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ပါ ရ စေ ဟု ညီ အစ် ကို အား မည် သို့ ဆို ဝံ့ မည် နည်း။ အ ချင်း သီ လ ကြောင်၊ ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို ဦး စွာ ထုတ် ပစ် လော့။ သို့ မှ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ရန် ကြည် လင် စွာ မြင် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သင်​သည် မိမိ​မျက်စိ​ထဲမှ သစ်တုံး​ကို​မ​မြင်​ဘဲ ‘ညီအစ်ကို၊ သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်ပေး​ပါရစေ’​ဟု သင့်​ညီအစ်ကို​အား မည်သို့​ပြော​နိုင်​မည်နည်း။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:42
24 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပေတရု​သည် “ကြက်မတွန်​မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟူသော ယေရှု​မိန့်တော်မူခဲ့သည့် စကား​ကို သတိရ​သဖြင့် အပြင်​သို့ ထွက်​၍ ရှိုက်ကြီးတငင်​ငိုကြွေးလေ၏။


သင်​သည် သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို မမြင်ဘဲ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို အဘယ်ကြောင့် မြင်သနည်း။


သင်​၏​မျက်စိ​ထဲ၌ သစ်တုံး​ရှိနေ​ပါလျက် ‘မိတ်ဆွေ… သင်​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်​မိတ်ဆွေ​ကို အဘယ်ကြောင့်​ပြောရသနည်း။


သို့သော် သခင်ဘုရား​က “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​ရှိသမျှ​သည် ဥပုသ်နေ့​တွင် သင်​၏​နွား၊ မြည်းများ​ကို တင်းကုပ်​ထဲမှ ကြိုးဖြေ​၍ ရေတိုက်​ရန် ခေါ်ဆောင်ကြသည်​မဟုတ်ပါလော။


သို့သော် သင်​၏​ယုံကြည်ခြင်း​မပျက်သုဉ်း​စေရန် သင့်​အတွက် ငါ​ဆုတောင်းပြီ။ သင်​သည် အသိတရား​ပြန်​ဝင်​သောအခါ သင်​၏​ညီအစ်ကိုများ​အား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။


သင်​သည် သင့်​မျက်စိ​ထဲက သစ်တုံး​ကို မမြင်ဘဲ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို အဘယ်ကြောင့် မြင်သနည်း။


ကောင်းသော​အပင်​သည် မကောင်းသော​အသီး​ကို မသီးနိုင်။ မကောင်းသော​အပင်​သည်လည်း ကောင်းသော​အသီး​ကို မသီးနိုင်။


“အို လှည့်စားမှု​အပေါင်း၊ ဆိုးသွမ်းမှု​အပေါင်း​နှင့် ပြည့်သော​မာရ်နတ်​၏​သား… ဖြောင့်မတ်ခြင်း​အပေါင်းတို့​၏​ရန်သူ… သင်​သည် ထာဝရဘုရား​၏​ဖြောင့်ဖြူးသော​လမ်းတော်​တို့​ကို ကောက်ကွေ့​အောင် ပြုလုပ်နေခြင်း​မှ မရပ်တန့်ဘဲ​မနေနိုင်သလော။


ပေတရု​က “သင်တို့​အပြစ်များ​ကို ခွင့်လွှတ်ခြင်း​ခံရ​ရန် နောင်တရ​လျက် ယေရှု​ခရစ်တော်​၏​အမည်​နာမ​၌ သင်တို့​အားလုံး နှစ်ခြင်းမင်္ဂလာ​ခံယူကြလော့။ ထိုသို့​ပြုလျှင် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​တည်းဟူသော လက်ဆောင်​ကို လက်ခံရရှိ​လိမ့်မည်။


ဘုရားသခင်​ရှေ့တော်​တွင် သင့်​စိတ်နှလုံး​သည် မမှန်ကန်​သောကြောင့် ဤ​အမှုတော်​တွင် ပါဝင်ခွင့်​မရှိပါ။


ထို့ကြောင့် သူတစ်ပါး​ကို အပြစ်​စီရင်တတ်သောသူ… သင်​သည် မိမိ​၌​အပြစ်​မရှိ​ဟု ဆင်ခြေ​ပေး​၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်​သည်လည်း ထို​ဆိုးယုတ်မှုများ​ကို ကိုယ်တိုင် ကျူးလွန်နေသူ​ဖြစ်သောကြောင့် သူတစ်ပါး​ကို အပြစ်တင်​လျှင် သင့်ကိုယ်သင်​အပြစ်တင်ရာ​ရောက်၏။


ဤ​အရာ​အားလုံး​သည် ဘုရားသခင်​ပြုသော​အမှု​ဖြစ်၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်စေတော်မူ​ပြီးလျှင် အခြား​သူတို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေရန်​အတွက် ဆောင်ရွက်ရမည့်​တာဝန်​ကိုလည်း ကျွန်ုပ်တို့​အား ပေးတော်မူ၏။


တစ်စုံတစ်ယောက်​သည် အထက်ပါ​မကောင်းသော​အကျင့်​တို့ကို ဖယ်ရှား​လျှင် သူ​သည် အိမ်ရှင်​အတွက် သန့်ရှင်း​၍ အသုံးဝင်သည့် ဂုဏ်သရေရှိ​အသုံးအဆောင်၊ ကောင်းသော​အရာများ​အတွက် ပြင်ဆင်သော​အသုံးအဆောင် ဖြစ်လာမည်။


သို့ရာတွင် ထို​အရည်အချင်းများ​မရှိသောသူ​သည် အဝေးမှုန်​၍ မျက်စိမမြင်ဘဲ ယခင်​က ကျူးလွန်ခဲ့သော​အပြစ်များ​အတွက် စင်ကြယ်စေခြင်း​ခံရသည်​ကိုပင် မေ့လျော့နေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ