ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
၁ ပေ 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။ Common Language Bible ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။ Garrad Bible ကောင်း ကင် ဘုံ မှ စေ လွှတ် တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ယ ခု ကာ လ သင် တို့ အား ကြား ပြော ပြီး သ တင်း တော် တည်း ဟူ သော ထို အ ကြောင်း အ ရာ များ ကို ကိုယ့် အ ဖို့ မ ဟုတ်၊ သင် တို့ အ ဖို့ ဆင့် ဆို ရ ကြောင်း အ ထင် အ ရှား သိ မြင် ခဲ့ ကြ ၏။ ထို အ ကြောင်း အ ရာ များ ကို စေ တ မန် တော် တို့ ပင် ဒိ ဋ္ဌ သိ မြင် လို ကြ၏။ Judson Bible ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
သူသည် ထာဝရဘုရား၏ခရစ်တော်ကို ကိုယ်တိုင်မတွေ့မမြင်ရဘဲ မသေရဟူ၍ သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြထားခြင်းကို ခံရသူဖြစ်၏။
တပည့်တော်တို့သည် ထွက်ခွာပြီးလျှင် ကျေးလက်ဒေသများသို့ လှည့်လည်၍ နေရာအနှံ့သတင်းကောင်းကို ဟောပြောကာ ဖျားနာသောသူများကို ကျန်းမာစေကြ၏။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
ထိုစကားကို ပေတရုပြောဆိုနေစဉ် သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်တရားတော်ကြားနာနေသောသူအပေါင်းတို့အပေါ် ဆင်းသက်တော်မူ၏။
ထိုရူပါရုံကို မြင်ရပြီးသောအခါ ထိုပြည်သားတို့အား သတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့ကို ဘုရားသခင်ခေါ်တော်မူပြီဟု ယုံကြည်ကာ မာကေဒေါနိပြည်သို့ သွားရန် ချက်ချင်းဆုံးဖြတ်ကြ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။
ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။
ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် “လူတို့၏အာဏာပိုင်များနှင့် အကြီးအကဲများတို့…
ပေတရုနှင့် ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်အား သက်သေခံဟောပြောပြီးသည့်နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြကာ ရှမာရိရွာများ၌ သတင်းကောင်းကို ဟောပြောကြ၏။
ထို့ကြောင့် ရောမမြို့၌ရှိသော သင်တို့ထံသို့လည်း လာ၍ သတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်စိတ်အားထက်သန်လျက်ရှိ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ဟောပြောရန် စေလွှတ်ခြင်း မခံရလျှင် မည်သို့ ဟောပြောနိုင်မည်နည်း။ ကျမ်းစာ၌ “သတင်းကောင်းကို ယူဆောင်လာသောသူတို့၏ ခြေတို့သည် အလွန်တင့်တယ်ပေ၏” ဟု ရေးသားထား၏။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
သို့သော် ဘုရားသခင်သည် ဤအရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် အရာအားလုံးကို ဆန်းစစ်၍ ဘုရားသခင်၏ နက်နဲသောလျှို့ဝှက်ချက်များကိုပင် ကျွန်ုပ်တို့အား ဖော်ပြပေးတော်မူ၏။
ထိုဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိပိုင်သော လူများအဖြစ် တံဆိပ်ခတ်နှိပ်တော်မူ၍ ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို စရန်အဖြစ် သွင်းပေးတော်မူ၏။
ဖြူစင်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံခြင်း၊ စစ်မှန်သောချစ်ခြင်းမေတ္တာရှိခြင်း၊
ထိုသတင်းကောင်းကို မည်သူတစ်ဦးတစ်ယောက်ထံကမျှ ကျွန်ုပ်လက်ခံရရှိသည်မဟုတ်။ သင်ယူခဲ့ရသည်လည်း မဟုတ်။ ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖွင့်ပြခြင်းမှ ရရှိခဲ့ခြင်းဖြစ်၏။
ထို့နောက် သားတော်၏ သတင်းကောင်းကို လူမျိုးခြားတို့ထံ ဟောပြောနိုင်ရန် အလိုတော်နှင့်အညီ ကျွန်ုပ်ကို သားတော်နှင့် သိကျွမ်းစေတော်မူ၏။ ထိုအခါ ကျွန်ုပ်သည် မည်သူ့ထံကမျှ အကြံဉာဏ်မတောင်းခဲ့။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။
သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အစဉ်အမြဲတည်၏” ဟု ဆိုထား၏။ ဤနှုတ်ကပတ်တော်မှာ သင်တို့အားဟောပြောသော သတင်းကောင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့သည် သတင်းကောင်းကို ကြားခဲ့ရသောကြောင့်ဖြစ်၏။ သူတို့၏ကိုယ်ခန္ဓာသည် လူ့စံနှုန်းအားဖြင့် တရားစီရင်ခံရသော်လည်း သူတို့၏ဝိညာဉ်သည် ဘုရားသခင့်စံနှုန်းအားဖြင့် အသက်ရှင်နိုင်ရန်ရည်ရွယ်၍ သေလွန်သောသူတို့ကိုပင် သတင်းကောင်းဟောပြောရ၏။
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ သိန်းသန်းကုဋေမက အတိုင်းမသိများပြားသောကောင်းကင်တမန်တို့၏ ကြွေးကြော်သံကို ကြားရ၏။ သူတို့သည် ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ကို ဝန်းရံထားကြ၏။