Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ယင်း​ဆု​ကျေး​ဇူး​သည်​အ​ဘယ်​အ​ခါ​ကာ​လ ၌​လည်း​ကောင်း၊ အ​ဘယ်​ပုံ​အ​ဘယ်​နည်း​ဖြင့် လည်း​ကောင်း​ပေါ်​ပေါက်​လာ​မည်​ကို​သိ​ရှိ​နိုင် ရန်​လည်း​ကြိုး​စား​၍​ရှာ​ဖွေ​စုံ​စမ်း​ခဲ့​ကြ​၏။ သူ​တို့​အ​ထဲ​၌​သက်​ဝင်​လှုပ်​ရှား​လျက်​ရှိ သော​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​က ဤ​အ​ခါ ကာ​လ​တွင်​ခ​ရစ်​တော်​ခံ​ရ​မည့်​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ထို​သို့​ခံ​တော်​မူ​ပြီး​နောက် ဝင်​စား​ရ​မည့်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း​ကြို​တင်​ဖော်​ပြ​ခဲ့​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ ဇ္စျ တ္တ၌ တည် နေ သော ခ ရစ် တော်၏ ဝိ ညာဉ် တော် ညွှန် ပြ သည့် အ တိုင်း မည် သည့် အ ဖြစ် အ ပျက် အ ချိန် ကာ လ တွင် ခ ရစ် တော် အ ​သေ ခံ ပြီး နောက် ဘုန်း ပွင့် တော် မူ မည် ကို ရှာ ဖွေ ကြ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ခ​ရစ်​တော်​ခံ​တော်​မူ​ရ​သော ဆင်း​ရဲ​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ပြီး​မှ ဝင်​စား​တော်​မူ​ရ​သော ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း၊ သူ​တို့​အ​ထဲ၌​ရှိ​သော ခ​ရစ်​တော်၏​ဝိ​ညာဉ်​သည် သက်​သေ​ခံ​နှင့်​သော​အ​ခါ၊ အ​ဘယ်​မည်​သော သူ​ကို​လည်း​ကောင်း၊ အ​ဘယ်​သို့​သော အ​ချိန်​ကာ​လ​ကို​လည်း​ကောင်း ဆို​လို​တော်​မူ​သည်​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သူ​တို့​အထဲ၌​ရှိ​သော ခရစ်တော်​၏​ဝိညာဉ်​တော်​သည် ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​နှင့် ထို​ဝေဒနာ​များ​နောက်တွင်​ဖြစ်လာ​မည့် ဘုန်း​အသရေ​တို့​အကြောင်း​ကို ကြိုတင်​သက်သေခံ​သောအခါ မည်သူ​၊ သို့မဟုတ် မည်သည့်​အချိန်​ကို​ဆိုလို​ကြောင်း သူ​တို့​စူးစမ်း​လေ့လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:11
29 ပူးပေါင်းရင်းမြစ်များ  

ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား​သည် အသေခံရမည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


ဟေရှာယ​သည် ယေရှု​၏ ဘုန်းအသရေ​ကို တွေ့မြင်ခဲ့​သောကြောင့် ယေရှု​ကို ရည်ညွှန်း​၍ ဤသို့​ဟောပြောခြင်း​ဖြစ်၏။


သူတို့​သည် မုသိပြည်​သို့ ရောက်လာ​သောအခါ ဗိသုနိပြည်​သို့ သွား​ရန်​ကြိုးစားကြ၏။ သို့သော် ယေရှု​၏​ဝိညာဉ်တော်​သည် ခွင့်မပြု​သောကြောင့်


သို့သော် ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်​၏ ဝိညာဉ်တော်​ကို မရသောသူ​သည် ခရစ်တော်​နှင့် မသက်ဆိုင်။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားများ​ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် သားတော်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲသို့ စေလွှတ်တော်မူ​၍ ထို​ဝိညာဉ်တော်​ကြောင့် ကျွန်ုပ်တို့​က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။


အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြု​ဟောပြောချက်​သည် မည်သည့်​အခါ​မျှ လူ့​အလို​အရ ဖြစ်ပေါ်လာသည်​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ နှိုးဆော်ခြင်း​ကို ခံရသော​သူတို့​သည် ဘုရားသခင်​ထံမှ လာသော​စကား​ကို ဟောပြော​သောကြောင့်​ဖြစ်၏။


ထိုအခါ ကျွန်ုပ်​သည် ထို​ကောင်းကင်တမန်​ကို ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ဝပ်တွား၏။ သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​အကြောင်း သက်သေခံချက်​ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်​ညီအစ်ကို​မောင်နှမများ​၏ အစေခံချင်း​လည်း ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်​၏​အနှစ်သာရ​သည် ယေရှု​အကြောင်း သက်သေခံချက်​ပင် ဖြစ်၏” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ