Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 အဘယ်ကြောင့်ဆိုသော် သေလွန်သော​သူတို့​သည် သတင်းကောင်း​ကို ကြားခဲ့ရ​သောကြောင့်​ဖြစ်၏။ သူတို့​၏​ကိုယ်ခန္ဓာ​သည် လူ့​စံနှုန်း​အားဖြင့် တရားစီရင်​ခံရ​သော်လည်း သူတို့​၏​ဝိညာဉ်​သည် ဘုရားသခင့်​စံနှုန်း​အားဖြင့် အသက်ရှင်​နိုင်ရန်​ရည်ရွယ်​၍ သေလွန်သော​သူတို့​ကိုပင် သတင်းကောင်း​ဟောပြောရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဤ​အ​ကြောင်း​ကြောင့်​သေ​လွန်​သူ​တို့​သည်​ဘု​ရား သ​ခင်​ဝိ​ညာဉ်​အား​ဖြင့်​အ​သက်​ရှင်​နိုင်​ကြ​စေ ရန် သူ​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ ခြင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ကာ​ယ​အား​ဖြင့် အ​သက်​ရှင်​စဉ်​အ​ခါ​က​လူ​တိုင်း​နည်း​တူ အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ခဲ့​ရ​သူ​များ​ဖြစ် သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သေ သူ တို့ ပင် သ တင်း တော် မြတ် ကို ကြား နာ ခွင့် ရ ခဲ့ ကြ သည် မှာ လူ တို့ အ လိုက် ရုပ် ခ န္ဓာ၌ စီ ရင် ဆုံး ဖြတ် ခံ ရ သော် လည်း ဘု ရား သ ခင် အ လိုက် နာမ် ခ န္ဓာ၌ အ သက် ရှင် ကြ ရ အံ့ သော ငှာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​အ​ကြောင်း​ကြောင့် လူ​တို့​ရှေ့၌ ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စိတ်​ဝိ​ညာဉ်​အား​ဖြင့် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သေ​သော​သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ကြား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဤ​အကြောင်း​ကြောင့် သေ​သော​သူ​တို့​ကို​လည်း ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။ ဤသည်ကား သူ​တို့​သည် သွေးသား​၌ လူသား​အနေဖြင့် တရား​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ဝိညာဉ်​၌​မူကား ဘုရားသခင်​အားဖြင့် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:6
14 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သင်တို့​သည် ငါ​၏ နောက်လိုက်များ​ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း​တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း​နှင့် မုန်းတီးခြင်း​ကို ခံကြရ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် အသက်​ပေးပိုင်တော်မူသော ဝိညာဉ်တော်​၏ တရား​သည် ယေရှု​ခရစ်တော်​အားဖြင့် သင့်​ကို အပြစ်တရား​နှင့် သေခြင်းတရား​၏ လက်​မှ လွတ်မြောက်စေ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကျွန်ုပ်​လိုက်နာ​ရန် ကြိုးပမ်း​သောအခါ ထို​ပညတ်တရား​သည် ကျွန်ုပ်​ကို သေစေခဲ့​သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် ပညတ်တရား​၌ သေလူ​ဖြစ်ပြီး ဘုရားသခင်​အတွက် အသက်ရှင်​နိုင်ရန် ပညတ်တရား​၏ ပြဋ္ဌာန်းချက်များ​ကို လိုက်နာ​ရန် မကြိုးပမ်းတော့ပေ။


ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​ကို အသက်ရှင်စေသည်​ဖြစ်​လျှင် ဝိညာဉ်တော်​လမ်းညွှန်မှု​အတိုင်း အသက်ရှင်ကြစို့။


သူတို့​စူးစမ်းသော​အရာများ​သည် သူတို့​ကိုယ်တိုင်​အတွက်​မဟုတ်ဘဲ သင်တို့​အတွက်​ဖြစ်ကြောင်း သူတို့​အား ဘုရားသခင်​ဖော်ပြတော်မူ၏။ သင်တို့​အား သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ကောင်းကင်ဘုံ​မှ စေလွှတ်တော်မူခြင်း​ခံရသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ဖြင့် ဤ​အရာများ​ကို ပြောကြ၏။ ကောင်းကင်တမန်များ​ပင်လျှင် ဤ​အရာများ​ကို သိရှိ​နားလည်​လိုကြ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ထို့နောက် ဝိညာဉ်တော်​အားဖြင့် အကျဉ်း​ကျနေသော ဝိညာဉ်များ​ထံသို့ သွား​၍ တရားဟောတော်မူ၏။


ထိုအခါ မီး​ကို အုပ်စိုးခွင့်​ရှိသည့် ယဇ်ပလ္လင်​မှ ထွက်လာသော​အခြား​ကောင်းကင်တမန်​တစ်ပါး​က တံစဉ်​ကိုင်ထားသော ကောင်းကင်တမန်​အား “ကမ္ဘာလောက​ရှိ စပျစ်သီးများ ဝင်းမှည့်ပြီ​ဖြစ်​၍ သင်​၏ ထက်သော​တံစဉ်​ဖြင့် ထို​စပျစ်ခိုင်တို့​ကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်​စွာ ကြွေးကြော်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ