Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​၏ တန်ခိုး​ဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့်​လည်းကောင်း ပြုတော်မူသော​အမှုတို့​မှလွဲ၍ မည်သည့်​အရာ​အတွက်​မျှ ကျွန်ုပ်​ဂုဏ်မယူဝံ့ပါ။ ဤ​နည်း​ဖြင့် ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဂျေရုဆလင်မြို့​မှ ဣလုရိတ်ပြည်​အထိ ရောက်ရှိရာ အရပ်​ဒေသတို့​၌ အကုန်အစင်​ဟောပြောခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​၏​တန်ခိုး​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့်​လည်းကောင်း ပြု​တော်မူ​သော​အမှုအရာ​တို့​မှအပ ငါ​သည် မည်သည့်​အရာ​ကို​မျှ အရဲစွန့်​၍​မ​ပြော​လို​ပေ။ ဤသို့ဖြင့် ငါ​သည် ဂျေရုဆလင်​မြို့​မှစ၍ ဣလုရိတ်​ပြည်​တိုင်အောင် ပတ်​သွား​ကာ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို စုံလင်​စွာ​ဟောပြော​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:19
37 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ငါ​သည် ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ထို​နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်လျှင် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လေပြီ။


ထိုအခါ ယေရှု​က “သင်တို့​သည် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို မမြင်ရ​လျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။


သို့ရာတွင် သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်​ဆင်းသက်​သောအခါ သင်တို့​သည် တန်ခိုး​ကို​ရရှိ​၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး​တိုင်အောင် ငါ​၏​သက်သေခံများ​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သူတို့​သည် ပေရဂေမြို့​ကို​ဖြတ်သွား​၍ ပိသိဒိပြည်​ရှိ အန္တိအုတ်မြို့​သို့ ရောက်ကြ၏။ ဥပုသ်နေ့​တွင် ဂျူးဝတ်ပြုဆောင်​သို့​ဝင်​၍ ထိုင်ကြ၏။


ထို့ကြောင့် ပေါလု​နှင့် ဗာနဗ​တို့​သည် ထို​သူတို့​အား သတိပေးသည့်​အနေ​ဖြင့် ခြေ​မှ​ဖုန်မှုန့်များ​ကို ခါချ​၍ ဣကောနိမြို့​သို့ သွားကြ၏။


“ထ​၍ မတ်တတ်ရပ်လော့” ဟု ကျယ်လောင်သော​အသံ​ဖြင့် ပြောလေ၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်လေ၏။


တပည့်တော်တို့ ဝန်းရံထားကြ​စဉ် ပေါလု​သည် ထ​၍ မြို့​ထဲ​သို့ ဝင်လေ၏။ နောက်​တစ်နေ့​တွင် ဗာနဗ​နှင့်အတူ ဒေရဗေမြို့​သို့​ထွက်သွားလေ၏။


ပေရဂေမြို့​တွင် နှုတ်ကပတ်​တရားတော်​ကို ဟောပြောကြ​ပြီးမှ အတ္တလိမြို့​သို့ ဆင်းသွားကြ၏။


ထို​အကြောင်း​ကို တမန်တော်တို့​သိကြ​သောအခါ လုကောနိပြည်​ရှိ လုတ္တရမြို့၊ ဒေရဗေမြို့​နှင့် အနီး​တစ်ဝိုက်​ရှိ ဒေသများ​သို့ ထွက်ပြေး​တိမ်းရှောင်​၍


ထိုအခါ ဗာနဗ​နှင့်​ပေါလု​တို့​သည် မိမိတို့​အားဖြင့် လူမျိုးခြားများ​အထဲ​တွင် ဘုရားသခင်​ပြုတော်မူသည့် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​အကြောင်း​ကို ထို​သူတို့​အား​ပြောပြ​ရာ စုဝေးသော​လူအပေါင်းတို့​သည် တိတ်ဆိတ်​ငြိမ်သက်​စွာ နားထောင်ကြ၏။


ရက်ပေါင်း​များစွာ ထိုကဲ့သို့​အော်ဟစ်​လျက်​နေသဖြင့် ပေါလု​သည် အလွန်​စိတ်အနှောင့်အယှက်​ဖြစ်လေ၏။ သို့ဖြစ်၍ နောက်သို့​လှည့်​ကာ “သူ့​အထဲ​မှ​ထွက်သွားလော့။ ယေရှု​ခရစ်တော်​၏​အမည်​နာမ​အားဖြင့် သင့်​အား ငါ​အမိန့်ပေးသည်” ဟု ဆိုသော် နတ်ဆိုး​သည် ထို​အချိန်​၌ပင် ထွက်သွား၏။


ထို​ည​တွင် ယုံကြည်သူတို့​သည် ပေါလု​နှင့်​သိလ​တို့​ကို ဗေရိမြို့​သို့ ချက်ချင်း​ထွက်ခွာသွားစေကြ၏။ ထို​မြို့​သို့​ရောက်​လျှင် သူတို့​သည် ဂျူးဝတ်ပြုဆောင်​သို့ သွားကြ၏။


ပေါလု​ကို လိုက်ပို့သူများ​သည် အေသင်မြို့​တိုင်အောင် ပို့ကြ​ပြီးလျှင် သိလ​နှင့် တိမောသေ​တို့​အား အလျင်အမြန်​လိုက်လာ​စေရန် မှာကြားချက်​ကို ရရှိ​သဖြင့် ဗေရိမြို့​သို့ ပြန်သွားကြ၏။


ထို့နောက် ပေါလု​သည် အေသင်မြို့​မှ ထွက်ခွာ​၍ ကောရိန္သုမြို့​သို့ သွား၏။


ဧဖက်မြို့​သို့ ရောက်​သောအခါ ဂျူးဝတ်ပြုဆောင်​သို့ သွား​၍ ဂျူးတို့​နှင့် တရား​ဆွေးနွေးလေ၏။


အာပေါလု​သည် ကောရိန္သုမြို့​၌ ရှိနေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​မြို့များ​ကို ဖြတ်၍ ဧဖက်မြို့​သို့ ရောက်လာ၏။ ထို​မြို့​၌ တပည့်တော်​တချို့​ကို တွေ့​လျှင်


ဤသို့ဖြင့် လူထု​ပရိသတ်​ရှေ့​တွင်​ဖြစ်စေ၊ တစ်အိမ်ဝင်​တစ်အိမ်ထွက်​ဖြစ်စေ၊ သွန်သင်ရာ​တွင် ကျွန်ုပ်​သည် သင်တို့​အတွက် အကျိုး​ရှိသော​အရာ​ကို ဟောပြော​ရန် မတွန့်ဆုတ်။


ကျွန်ုပ်တို့​သည် တဆေးမဲ့​မုန့်ပွဲတော်​ရက်များ ပြီးသည့်​နောက် ဖိလိပ္ပိမြို့​မှ သင်္ဘော​စီး​၍ ငါးရက်​ကြာလျှင် တရောမြို့​သို့ ဆိုက်ရောက်ကြ၏။ ထို​မြို့​တွင် ခုနစ်ရက်​နေထိုင်ကြ၏။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ထို​အခွင့်ထူး​မှာ လူမျိုးခြားတို့​ထံ ယေရှု​ခရစ်တော်​၏ အမှုတော်​ကို ထမ်းဆောင်ရခြင်း​အခွင့် ဖြစ်၏။ လူမျိုးခြားတို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်​ပူဇော်စရာ​ကဲ့သို့ ဖြစ်လာ​ရန် ကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​တာဝန်​ကို ထမ်းဆောင်​လျက် ဘုရားသခင်​၏ သတင်းကောင်း​ကို ဟော၏။


စပိန်ပြည်​သို့ ကျွန်ုပ်​သွား​သောအခါ သင်တို့​ထံ ဝင်ရောက်​တွေ့ဆုံမည်​ဟု စီစဉ်ထား၏။ သင်တို့​ထံ ဝမ်းမြောက်​စွာ ခေတ္တ​တည်းခိုနေထိုင်​ပြီးနောက် ခရီးဆက်​နိုင်ရန်​အတွက်​လည်း သင်တို့ ကူညီမည်​ဟု မျှော်လင့်ပါ၏။


ကျွန်ုပ်​၏​သတင်းစကား​နှင့် ကျွန်ုပ်​၏ ဟောပြောချက်တို့​မှာ အလွန်​ရိုးစင်း၏။ ကျွန်ုပ်​သည် ဖြားယောင်းသော ပညာ​စကားတို့​ဖြင့် မပြောဆိုဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​တို့​၏ သက်သေ​အထောက်အထား​အားဖြင့်​သာ ပြောဆို၏။


ကျွန်ုပ်​တမန်တော်​ဖြစ်ကြောင်း​ကို သင်တို့​နှင့်အတူ​ရှိစဉ် လက္ခဏာများ​နှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်​သည် နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် အံ့ဖွယ်တန်ခိုးများ​ဖြင့် သင်တို့​အား စိတ်ရှည်​စွာ ပြခဲ့၏။


ထပ်မံ​၍ မေးလိုသည်​မှာ ဘုရားသခင်​သည် သင်တို့​အား ဝိညာဉ်တော်​ကို ပေးတော်မူ​၍ သင်တို့​အလယ်​၌ အံ့ဖွယ်​တန်ခိုးတို့​ကို ပြတော်မူသည်​မှာ ပညတ်တရား​ကို သင်တို့​လိုက်နာ​သောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်း​ကို သင်တို့​ယုံကြည်​သောကြောင့်လော။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား အပြည့်အစုံ​ဟောပြော​ရန် ကိုယ်တော်​သည် သင်တို့​အတွက် ကျွန်ုပ်​အား တာဝန်ပေး​၍ ခန့်ထားတော်မူ​သဖြင့် ကျွန်ုပ်​သည် အသင်းတော်​၏ အမှုဆောင်​ဖြစ်လာ၏။


ကျွန်ုပ်တို့​သည် သတင်းကောင်း​ကို စကား​သက်သက်​ဖြင့် မဟောပြောဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုးတော်​ဖြင့်​လည်းကောင်း၊ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့်​လည်းကောင်း သင်တို့​ထံ ဟောပြောကြ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်အခါက သင်တို့​အကျိုး​ကို ထောက်​၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။


သို့သော်လည်း ကျွန်ုပ်​သည် လူမျိုးခြားတို့​အား သတင်းကောင်း​ကို ပြည့်စုံ​စွာ ဟောပြော​ရန်အတွက် သခင်ဘုရား​သည် ကျွန်ုပ်​ဘက်မှ ရပ်တည်​၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ကျွန်ုပ်​ကို ခြင်္သေ့​ခံတွင်း​မှ ကယ်နှုတ်တော်မူ၏။


တစ်ချိန်တည်း​မှာပင် ဘုရားသခင်​ကလည်း နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိ​အလိုတော်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဆုကျေးဇူးများ​ကို ဝေမျှတော်မူခြင်း စသည်တို့​ဖြင့် သူတို့​နှင့်​အတူ သက်သေခံတော်မူ၏။


သူတို့​စူးစမ်းသော​အရာများ​သည် သူတို့​ကိုယ်တိုင်​အတွက်​မဟုတ်ဘဲ သင်တို့​အတွက်​ဖြစ်ကြောင်း သူတို့​အား ဘုရားသခင်​ဖော်ပြတော်မူ၏။ သင်တို့​အား သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ကောင်းကင်ဘုံ​မှ စေလွှတ်တော်မူခြင်း​ခံရသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ဖြင့် ဤ​အရာများ​ကို ပြောကြ၏။ ကောင်းကင်တမန်များ​ပင်လျှင် ဤ​အရာများ​ကို သိရှိ​နားလည်​လိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ