Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 2:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သို့သော် ဘုရားသခင်​သည် ဤ​အရာများ​ကို ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်​သည် အရာ​အားလုံး​ကို ဆန်းစစ်​၍ ဘုရားသခင်​၏ နက်နဲသော​လျှို့ဝှက်ချက်များ​ကိုပင် ကျွန်ုပ်တို့​အား ဖော်ပြပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ ၏​လျှို့​ဝှက်​ချက်​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖော်​ပြ တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို သာ​မ​က ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပင်​စူး​စမ်း​ရှာ​ဖွေ တော်​မူ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဘု ရား သ ခင်၏ နက် နဲ ရာ များ တိုင် အောင် အ ရာ ခပ် သိမ်း ကို ဝိ ညာဥ် တော် စီ စစ် တော် မူ သည့် အ လျောက် ဆို ခဲ့ သည့် အ ရာ များ ကို ငါ တို့ အား ဝိ ညာဥ် တော် ဖြင့် ဘု ရား သ ခင် ဖွင့် ပြ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သို့သော် ဘုရားသခင်​သည် ထို​အရာ​တို့​ကို ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​အား​ဖော်ပြ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​နက်နဲ​သော​အရာ​များ​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​ကို စူးစမ်း​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 2:10
27 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


ယေရှု​က “ယောန​၏​သား​ရှိမုန်… သင်​သည်​မင်္ဂလာရှိ၏။ သင်သည် ဤ​အရာ​ကို လူ့​အနေဖြင့်​သိသည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏ ခမည်းတော်​က ဖော်ပြတော်မူ​၍ သိခြင်း​ဖြစ်၏။


ထို​အချိန်​၌ ယေရှု​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရွှင်လန်း​လျက် “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏​အဖ။ ဤ​သည်​မှာ အဖ​ခမည်းတော် နှစ်သက်တော်မူသော​အရာ​ပင် ဖြစ်၏။


သူ​သည် ထာဝရဘုရား​၏​ခရစ်တော်​ကို ကိုယ်တိုင်​မတွေ့မမြင်ရဘဲ မသေရ​ဟူ၍ သန့်ရှင်းသော​ဝိညာဉ်တော်​၏​ဖွင့်ပြထားခြင်း​ကို ခံရသူ​ဖြစ်၏။


သို့ရာတွင် ခမည်းတော်​သည် ငါ့​ကိုယ်စား ကူညီမစတော်မူသော​အရှင်​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စေလွှတ်တော်မူ​သောအခါ ထို​အရှင်​သည် သင်တို့​အား အရာ​အားလုံး သွန်သင်​၍ ငါ​ပြောခဲ့သမျှ​ကို ပြန်လည်​သတိရစေတော်မူ​လိမ့်မည်။


သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။


သို့သော် ထိုင်နေသော​သူတို့​ထဲမှ တစ်ယောက်​သည် ဗျာဒိတ်တော်​ကို ရရှိ​လျှင် ပရောဖက်ပြု​ဟောပြောနေသောသူ​သည် တိတ်ဆိတ်စွာ​နေရမည်။


တစ်စုံတစ်ဦး​၏ အတွေးအမြင်​ကို ထို​သူ​၏ စိတ်ဝိညာဉ်​မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ထို​ကဲ့သို့​ပင် ဘုရားသခင်​၏ အတွေးအမြင်​ကို ဘုရားသခင်​၏ ဝိညာဉ်တော်​မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။


ထို​သတင်းကောင်း​ကို မည်သူ​တစ်ဦးတစ်ယောက်​ထံက​မျှ ကျွန်ုပ်​လက်ခံရရှိသည်​မဟုတ်။ သင်ယူခဲ့ရသည်​လည်း မဟုတ်။ ယေရှု​ခရစ်တော်​၏ ဗျာဒိတ်တော်​ဖွင့်ပြခြင်း​မှ ရရှိခဲ့ခြင်း​ဖြစ်၏။


ဘုရားသခင်​သည် မိမိ​၏ လျှို့ဝှက်​နက်နဲသော အကြံအစည်​ကို ဗျာဒိတ်တော်​ဖြင့် ကျွန်ုပ်​ကို ဖော်ပြတော်မူကြောင်း အထက်ပါ​အတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။


ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲသော​အရာ​ကို ဝိညာဉ်တော်​မှတစ်ဆင့် မိမိ​၏ သန့်ရှင်းသော​တမန်တော်များ​နှင့် ပရောဖက်များ​ကို ယခု​အခါ​၌ ရှင်းလင်း​စွာ ဖွင့်ပြတော်မူ​သကဲ့သို့ ယခင်​ခေတ်ကာလ​၌ ဖော်ပြတော်မမူခဲ့ပေ။


နောက်ဆုံးသော​နေ့ရက်များ​၌ လူ​တချို့​သည် မိမိတို့​၏ ယုံကြည်ခြင်း​တရား​ကို စွန့်​၍ လူ​ကို လှည့်စားသော​ဝိညာဉ်ဆိုးများ​နှင့် နတ်ဆိုးများ​၏ သွန်သင်မှု​ကို ခံယူကြ​လိမ့်မည်​ဟု ဝိညာဉ်တော်​သည် ရှင်းလင်း​စွာ မိန့်တော်မူ၏။


သူတို့​စူးစမ်းသော​အရာများ​သည် သူတို့​ကိုယ်တိုင်​အတွက်​မဟုတ်ဘဲ သင်တို့​အတွက်​ဖြစ်ကြောင်း သူတို့​အား ဘုရားသခင်​ဖော်ပြတော်မူ၏။ သင်တို့​အား သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ကောင်းကင်ဘုံ​မှ စေလွှတ်တော်မူခြင်း​ခံရသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ဖြင့် ဤ​အရာများ​ကို ပြောကြ၏။ ကောင်းကင်တမန်များ​ပင်လျှင် ဤ​အရာများ​ကို သိရှိ​နားလည်​လိုကြ၏။


သို့သော် သင်တို့​မှာမူ သန့်ရှင်းသော​အရှင်​ထံမှ ဘိသိက်ပေးခြင်း​ခံရ​သဖြင့် သမ္မာတရား​ကို သိကြ၏။


သို့သော် ကိုယ်တော်​သည် မိမိ​ဝိညာဉ်တော်​ကို သင်တို့​အပေါ် သွန်းလောင်းတော်မူပြီ။ ထို​ဝိညာဉ်တော်​သည် သင်တို့​ထဲ၌ ကိန်းအောင်း​၍ သင်တို့​အား အရာ​အားလုံး​ကို သွန်သင်ပေးတော်မူ​သဖြင့် မည်သူ​မျှ သင်တို့​ကို သွန်သင်ပေး​ရန် မလိုအပ်ပါ။ ဝိညာဉ်တော်​သွန်သင်ပေးတော်မူသော​အရာတို့​သည် မှန်ကန်​၍ အမှား​မရှိ။ ထို့ကြောင့် သင်တို့​သည် ထို​သွန်သင်မှု​အတိုင်း ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


ဤ​စာစောင်​သည် ယေရှု​ခရစ်တော်​၏ ဗျာဒိတ်တော်​ဖြစ်၏။ ဤ​ဗျာဒိတ်တော်​မှာ ဘုရားသခင်​က မိမိ​၏ အစေခံများ​အား မကြာမီ​ဖြစ်ပျက်ရမည့်​အရာ​ကို ဖော်ပြ​ရန် ယေရှု​ခရစ်တော်​ထံ ပေးအပ်တော်မူသော​ဗျာဒိတ်တော်​ဖြစ်၏။ ထို့ကြောင့် ခရစ်တော်​သည် ထို​ဗျာဒိတ်တော်​ကို မိမိ​၏​အစေခံ​ယောဟန်​အား ဖွင့်ပြ​ရန် ကောင်းကင်တမန်​ကို စေလွှတ်တော်မူ၏။


ယခု ကျွန်ုပ်​သည် ကျန်ရှိသော သွာတိရ​အသင်းသား သင်တို့​အား ပြောလို၏။ သူ​၏​မှားယွင်းသည့် သွန်သင်ချက်​ကို နားမထောင်၊ စာတန်​၏​လျှို့ဝှက်ချက်များ​ကို မခံယူသည့် သင်တို့​အပေါ်​သို့ အခြား​ဝန်ထုပ်ဝန်ပိုး​ကို ငါ​တင်မည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ