Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 1:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို့ကြောင့် ရောမမြို့​၌​ရှိသော သင်တို့​ထံသို့​လည်း လာ​၍ သတင်းကောင်း​ကို ဟောပြော​ရန် ကျွန်ုပ်​စိတ်အားထက်သန်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ရော မ မြို့ ရှိ သင် တို့ အား လည်း သ တင်း တော် မြတ် ကို ကြား ပြော ရန် အ ခွင့် ရ တိုင်း စိတ် စေ တ နာ ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သို့​ဖြစ်​လျှင်၊ ငါ​တတ်​နိုင်​သ​မျှ​အ​တိုင်း ရော​မ​မြို့​သား​ဖြစ်​သော သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့ကြောင့် ငါ့​အနေဖြင့် ရောမ​မြို့​၌​ရှိ​သော သင်​တို့​အား​လည်း ဤ​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် စိတ်အား​ထက်သန်​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 1:15
12 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ရိတ်သိမ်းသူများ​ကို လယ်​သို့ စေလွှတ်ပေး​ရန် လယ်ရှင်​ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။


ဤ​အမျိုးသမီး​သည် သူ​တတ်နိုင်သမျှ​ကို ပြုပြီ။ ငါ့​ကို သင်္ဂြိုဟ်​ရန်​အတွက် ငါ့​ကိုယ်ခန္ဓာ​ပေါ်၌ ကြိုတင်​၍ ဆီမွှေး​လိမ်းပြီ။


ယေရှု​က “ငါ့​ကို စေလွှတ်တော်မူသော​ဘုရားသခင်​၏ အလိုတော်​ကို လိုက်နာ​၍ ထို​အရှင်​၏ အမှုတော်​ကို ပြီးဆုံးသည်​အထိ ဆောင်ရွက်ခြင်း​သည် ငါ့​စားစရာ​ဖြစ်၏။


သို့ရာတွင် ပေါလု​က “သင်တို့​သည် ငိုကြွေး​လျက် ကျွန်ုပ်​စိတ်နှလုံး​ကို ပူဆွေးဝမ်းနည်း​စေ​ရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်​သည် ဂျေရုဆလင်မြို့​၌ ထောင်ကျခံ​ရန်​မျှ​သာမက သခင်​ယေရှု​၏​အမည်​နာမ​အတွက် အသေခံ​ရန်ပင် အသင့်​ရှိပါ၏” ဟု ပြန်ပြောလေ၏။


ဟောပြော​ရန် စေလွှတ်ခြင်း မခံရ​လျှင် မည်သို့ ဟောပြော​နိုင်မည်နည်း။ ကျမ်းစာ​၌ “သတင်းကောင်း​ကို ယူဆောင်လာသော​သူတို့​၏ ခြေတို့​သည် အလွန်​တင့်တယ်ပေ၏” ဟု ရေးသားထား၏။


တတ်နိုင်သမျှ လူတိုင်း​နှင့် သင့်မြတ်​စွာ နေကြလော့။


ကျွန်ုပ်​၏ ပြင်းပြသော​ဆန္ဒ​မှာ အခြားတစ်ဦး​တည်ထောင်ထားသော အသင်းတော်​ရှိရာ ဒေသ​ထက် ခရစ်တော်​၏​အမည်​နာမ​ကို မကြားဖူးသေးသော ဒေသ​၌ သတင်းကောင်း​ကို ဟောပြော​ရန်​ဖြစ်၏။


ကျွန်ုပ်​သည် ဤ​အမှု​ကို မိမိ​အလိုဆန္ဒ​ကြောင့် ဆောင်ရွက်ခြင်း​ဖြစ်​လျှင် ဆုလာဘ်​ကို ရသင့်၏။ သို့သော် ဘုရားသခင်​က ဤ​တာဝန်​ကို ကျွန်ုပ်​ထံ ယုံယုံကြည်ကြည်​အပ်နှံထား​သောကြောင့် ဝတ္တရား​ရှိ​၍ ဆောင်ရွက်ရခြင်း​ဖြစ်၏။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ