Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 11:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ခ မည်း တော် သည် ငါ့ အား အ ရာ ခပ် သိမ်း ကို အပ် နှင်း တော် မူ ပြီ။ သား တော် ကို ခ မည်း တော် မှ တစ် ပါး မည် သူ မျှ မ သိ၊ ခ မည်း တော် ကို လည်း သား တော် မှ စ၍ သား တော် ဖွင့် ပြ လို သူ မှ တစ် ပါး မည် သူ မျှ မ သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ ခမည်းတော်​မှတစ်ပါး မည်သူမျှ သား​တော်​ကို​မ​သိ။ ခမည်းတော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး အခြား​မည်သူမျှ​မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

27 ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:27
21 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ” ဟု မိန့်တော်မူ၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်​၏ ရင်ခွင်တော်​၌ ရှိသည့် တစ်ပါးတည်းသော​သားတော်​သည် ဘုရားသခင်​ကို ကျွန်ုပ်တို့​သိမြင်​နိုင်ရန် ဖော်ပြတော်မူပြီ။


ယေရှု​သည် မိမိ​ထံ​၌ ခမည်းတော်​က အခွင့်အာဏာ​အားလုံး​ကို အပ်နှံထားသည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ ကြွလာ​၍ ဘုရားသခင်​ထံသို့ ပြန်ကြွတော့မည်​ကို​လည်းကောင်း သိတော်မူ၏။


ဤ​လောက​ထဲမှ ရွေးကောက်​၍ အကျွန်ုပ်​ထံ ပေးအပ်တော်မူသော​သူတို့​အား ကိုယ်တော်​အကြောင်း​ကို အကျွန်ုပ်​ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်​သည် ထို​သူတို့​ကို ပိုင်တော်မူ​၍ အကျွန်ုပ်​အား ပေးအပ်တော်မူပြီ။ သူတို့​သည်လည်း ကိုယ်တော်​၏ နှုတ်ကပတ်​တရားတော်​ကို လိုက်နာကြပါပြီ။


ခမည်းတော်​သည် သားတော်​ကို ချစ်တော်မူ​သဖြင့် အရာ​အားလုံး​ကို သားတော်​လက်​သို့ ပေးအပ်ထားတော်မူပြီ။


ထိုသို့​ဆိုရာ​တွင် တစ်စုံတစ်ဦး​သည် ခမည်းတော်​ကို တွေ့မြင်ခဲ့ပြီ​ဟု ငါ​မဆိုလိုပါ။ ခမည်းတော်​ဘုရားသခင်​စေလွှတ်တော်မူသော ငါ​သာလျှင် ခမည်းတော်​ကို တွေ့မြင်ဖူး၏။


သို့သော် ငါ​သိ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ထို​အရှင်​ထံတော်​မှ လာ၏။ ထို​အရှင်​သည်လည်း ငါ့​ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။


ခရစ်တော်​သည် ကောင်းကင်ဘုံ​သို့ တက်ကြွတော်မူ​ပြီး ဘုရားသခင်​၏​လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များ​ကို အုပ်စိုးတော်မူ၏။


သားတော်​ကို ငြင်းပယ်သူ​သည် ခမည်းတော်​ကို မသိကျွမ်း။ သားတော်​ကို ဝန်ခံသူ​သည် ခမည်းတော်​ကို သိကျွမ်း၏။


ခရစ်တော်​၏ သွန်သင်ချက်​အတိုင်း မရပ်တည်ဘဲ ၎င်း​ကို ကျော်လွန်သော​သူတိုင်း​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​မဟုတ်ပေ။ သွန်သင်ချက်​အတိုင်း ရပ်တည်သောသူ​သည် ခမည်းတော်​နှင့် သားတော်​နှစ်ပါးလုံး​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ