ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
၁ ကော 4:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။ Common Language Bible ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။- Garrad Bible ငါ တို့ ကို ခ ရစ် တော်၏ အ မှု တော် ထမ်း၊ ဘု ရား သ ခင်၏ နက် နဲ ရာ များ အ ပေါ် တွင် ဘ ဏ္ဍာ စိုး အ ဖြစ် မှတ် ယူ ကြ ပါ စေ။ Judson Bible ခရစ်တော်၏ အစေအပါ ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့လည်းကောင်း၊ သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူတို့သည် ငါတို့အား ခရစ်တော်၏အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာများကို စောင့်ရှောက်ရသော ဘဏ္ဍာစိုးအဖြစ်လည်းကောင်း မှတ်ယူပါစေ။ |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။
ထိုသို့ ရေးသားပြုစုရာတွင် အကြောင်းအရာစတင်ဖြစ်ပျက်ချိန်မှစ၍ သိမြင်သည့် မျက်မြင်သက်သေများဖြစ်ပြီး နှုတ်ကပတ်တော်ကို ဟောပြောသောအစေခံများထံမှ ရရှိသည့်သတင်းအချက်အလက်များကို အသုံးပြုခဲ့ကြ၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ထိုသို့ ပြောဆိုငြင်းခုံစရာအကြောင်း ဖြစ်ရလောက်အောင် အာပေါလုသည် မည်သူနည်း။ ပေါလုသည် မည်သူနည်း။ ကျွန်ုပ်တို့သည် သင်တို့ယုံကြည်လာကြစေရန် သတင်းကောင်းကို ဟောပြောသော ထာဝရဘုရား၏ အစေခံများသာဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် ကိုယ်တော်ပေးတော်မူသော တာဝန်အသီးသီးကို ထမ်းဆောင်ကြ၏။
ပုတ်ခတ်ပြောဆိုခံရသောအခါ ပြေလည်စွာ တုံ့ပြန်ကြ၏။ လက်ရှိအချိန်တိုင်အောင် ကျွန်ုပ်တို့သည် ဤလောက၏အမှိုက်သရိုက်၊ လူတကာ၏အပစ်ပယ်ခံများကဲ့သို့ ဖြစ်ကြ၏။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
ကျွန်ုပ်ကြွားဝါလိုလျှင်လည်း အမှန်ကိုသာ ပြောဆိုမည်ဖြစ်သောကြောင့် မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူကမျှ ကျွန်ုပ်ကို မြင်ရသည်ထက်၊ သို့မဟုတ် ကျွန်ုပ်ထံက ကြားရသည်ထက် ပို၍ အထင်မကြီးမိစေရန် ကျွန်ုပ်မကြွားဝါဘဲနေမည်။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ် ပြောဆိုသည့်အခါတိုင်း ပြောရမည့်စကားကို ကျွန်ုပ်အား ပေးတော်မူ၍ ကျွန်ုပ်က သတင်းကောင်း၏ နက်နဲသောအရာကို ရဲဝံ့စွာ ပြောပြနိုင်ရန် ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးကြလော့။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
ကျွန်ုပ်တို့အတွက်လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော တရားတော်ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားသခင်သည် အခွင့်အလမ်း ပေးတော်မူလိမ့်မည်။ ထိုတရားတော်ကို ဟောသောကြောင့် ယခု ကျွန်ုပ်အကျဉ်းချခံရ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သူသည် ယေရှုကို ယုံကြည်ခါစလူ မဖြစ်ရ။ ထိုသို့မဟုတ်ပါက သူသည် ဘဝင်မြင့်လျက် မာရ်နတ်ခံရသည့်ပြစ်ဒဏ်အတိုင်း ခံရလိမ့်မည်။
သူတို့သည် ယုံကြည်ခြင်းတရား၏ လျှို့ဝှက်နက်နဲသောအမှန်တရားကို လိပ်ပြာသန့်သန့်ဖြင့် ဆက်လက်ယုံကြည်သူများဖြစ်ရမည်။
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။