လုကာ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုသို့ ရေးသားပြုစုရာတွင် အကြောင်းအရာစတင်ဖြစ်ပျက်ချိန်မှစ၍ သိမြင်သည့် မျက်မြင်သက်သေများဖြစ်ပြီး နှုတ်ကပတ်တော်ကို ဟောပြောသောအစေခံများထံမှ ရရှိသည့်သတင်းအချက်အလက်များကို အသုံးပြုခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။- အခန်းကိုကြည့်ပါ။Judson Bible2 ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည် ဖြစ်၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 မူလမျက်မြင်သက်သေတို့နှင့် နှုတ်ကပတ်တရားတော်၏အမှုကိုဆောင်ရွက်သောသူတို့က ငါတို့အားဟောပြောခဲ့သည့်အတိုင်း စီကုံးရေးသားရန် လူအများတို့သည် ကြိုးစားကြသည်ဖြစ်၍ အခန်းကိုကြည့်ပါ။မြန်မာ2 ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည် ဖြစ်၍၊- အခန်းကိုကြည့်ပါ။ |
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။