Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ကျွန်ုပ်​ကြွားဝါ​လို​လျှင်လည်း အမှန်​ကိုသာ ပြောဆိုမည်​ဖြစ်​သောကြောင့် မိုက်မဲသောသူ​ဖြစ်မည်​မဟုတ်။ သို့သော် မည်သူ​ကမျှ ကျွန်ုပ်​ကို မြင်ရသည်​ထက်၊ သို့မဟုတ် ကျွန်ုပ်​ထံက ကြားရသည်​ထက် ပို၍ အထင်မကြီးမိ​စေရန် ကျွန်ုပ်​မကြွားဝါဘဲ​နေမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ငါ ဂုဏ် တင် လို ခဲ့ လျှင် အ ဟုတ် အ မှန် ပြန် ကြား မည် ဖြစ် သော ကြောင့် ဉာဏ် မဲ့ သူ မ ဟုတ်။ သို့ ရာ တွင် မည် သူ မ ဆို ငါ၌ ထောက် ရှု ရာ ငါ့ ထံ ကြား နာ ရ သည် ထက် ငါ့ ကို အ ရေး မ ယူ စေ ရန် ချုပ် တည်း လျက် ငါ နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဝါ​ကြွား​ခြင်း​ငှာ အ​လို​ရှိ​လျှင်​လည်း၊ သူ​ရူး​ဖြစ်​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဟုတ်​မှန်​စွာ ပြော​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​မြင်​သည်​ထက်၊ ငါ့​သ​တင်း​ကို ကြား​သည်​ထက်၊ ငါ့​ကို သာ၍ မ​ထင်​စေ​ခြင်း​ငှာ ငါ​မ​ပြော​ဘဲ​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ငါ​သည် ဝါကြွား​ရန်​အလိုရှိ​လျှင်​လည်း အမှန်​ကို​သာ​ပြော​မည်​ဖြစ်၍ မိုက်မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့သော် မည်သူမျှ ငါ့​ကို​မြင်​ရ​သည်​ထက်​၊ သို့မဟုတ် ငါ့​အကြောင်း​ကို ကြား​ရ​သည်​ထက်​ပို၍ ငါ့​ကို​မ​ထင်မြင်​မိ​စေရန် ငါ​မ​ဝါကြွား​ဘဲ​နေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:6
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။


ထိုသို့ ပြောဆို​ငြင်းခုံ​စရာ​အကြောင်း ဖြစ်ရ​လောက်အောင် အာပေါလု​သည် မည်သူနည်း။ ပေါလု​သည် မည်သူနည်း။ ကျွန်ုပ်တို့​သည် သင်တို့​ယုံကြည်လာကြ​စေရန် သတင်းကောင်း​ကို ဟောပြောသော ထာဝရဘုရား​၏ အစေခံများ​သာ​ဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီ​သည် ကိုယ်တော်​ပေးတော်မူသော တာဝန်​အသီးသီး​ကို ထမ်းဆောင်ကြ၏။


ဘုရားသခင်​သစ္စာ​ရှိတော်မူသည်​နှင့်အမျှ သင်တို့​အား ပြောဆိုသော ကျွန်ုပ်တို့​၏ စကား​သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ဟူ၍ နှစ်ခွ​ဖြစ်သည် မဟုတ်။


ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်သည်​ဟု မည်သူ​မျှ မထင်မှတ်​စေရန် ကျွန်ုပ်​ထပ်မံ၍​ပြောဆို၏။ သို့သော် သင်တို့​ထင်မှတ်​လျှင်လည်း ကြွားဝါခွင့် အနည်းငယ်​ရှိ​စေရန် ကျွန်ုပ်​ကို မိုက်မဲသောသူ​အဖြစ် လက်ခံကြလော့။


ကျွန်ုပ်​လိမ်လည်​၍ မပြောကြောင်း​ကို သခင်​ယေရှု​၏ ခမည်းတော်​ဖြစ်တော်မူသော ထာဝရ​မင်္ဂလာရှိတော်မူသည့်​ဘုရားသခင် သိတော်မူ၏။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​ရရှိသည့် ဗျာဒိတ်တော်​မှာ အလွန်​ထူးမြတ်​သောကြောင့် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ထဲ၌ ဆူးတစ်ခု​ကို ပေးတော်မူ၏။ ထို​ဆူး​မှာ ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​ကို ဒုက္ခပေးသည့် စာတန်​၏ တမန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် စိတ်ဖောက်ပြန်​နေ​လျှင် ထို​အရာ​သည် ဘုရားသခင်​အတွက် ဖြစ်၏။ စိတ်​မှန်​နေ​လျှင် သင်တို့​အတွက်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ