Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သူတို့​သည် ခရစ်တော်​၏ အစေခံများ​ဖြစ်ကြသလော။ ကျွန်ုပ်​သည် ပို၍​ပင် ဖြစ်သည်​ဟူ၍ အရူး​ကဲ့သို့ ပြောလို၏။ ကျွန်ုပ်​သည် ပို၍​အလုပ်​ကြိုးစားခဲ့၏။ ခရစ်တော်​အကြောင်း ဟောပြော​သောကြောင့် အကြိမ်ပေါင်း​များစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်း​များစွာ ကြိမ်ဒဏ်​ခံခဲ့ရ၏။ မကြာခဏ သေဘေး​နှင့် ရင်ဆိုင်ခဲ့ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ခ ရစ် တော်၏ အ မှု တော် ဆောင် များ ဖြစ် ကြ သ လော။ သူ ရူး အ နေ နှင့် ဆို ရ လျှင် ငါ သည် များ ပြား စွာ ပင် ပန်း ခြင်း၊ များ ပြား စွာ ထောင် ကျ ခြင်း၊ အ တိုင်း ထက် ရိုက် ဒဏ် ခတ် ခြင်း၊ ကြိမ် ဖန် များ စွာ သေ ဘေး သင့် ခြင်း ခံ ရ သည် နှင့် သာ ၍ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:23
43 ပူးပေါင်းရင်းမြစ်များ  

သို့သော် အန္တိအုတ်မြို့​နှင့် ဣကောနိမြို့​မှ ဂျူးများ​ရောက်လာ​၍ လူထု​ကို သိမ်းသွင်း​ပြီးလျှင် ပေါလု​အား ကျောက်ခဲ​နှင့်​ပေါက်​ကာ သေပြီ​အထင်​ဖြင့် မြို့​ပြင်​သို့​ဆွဲထုတ်ကြ၏။


သို့သော် ကျွန်ုပ်​သည် အကျဉ်းချ​ခံရ​၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်​ဖြစ်ကြောင်း သန့်ရှင်းသော​ဝိညာဉ်တော်​သည် မြို့တိုင်း​တွင် သက်သေခံ​ဖော်ပြတော်မူ၏။


ကျွန်ုပ်တို့​ထံ လာရောက်​လည်ပတ်၏။ ထို​သူ​သည် ပေါလု​၏​ခါးပတ်​ကို​ယူ​၍ မိမိ​လက်​နှင့် ခြေ​ကို တုပ်နှောင်ပြီး​မှ “သန့်ရှင်းသော​ဝိညာဉ်တော်​က ‘ဂျူးတို့​သည် ဤ​ခါးပတ်​ပိုင်ရှင်​ကို ဂျေရုဆလင်မြို့​၌ ဤကဲ့သို့​ချုပ်နှောင်​၍ လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံကြ​လိမ့်မည်’ ဟု မိန့်တော်မူသည်” ဟူ၍ ပြောလေ၏။


ထို​မြို့​တွင် သူတို့​သည် ရက်​အတန်ကြာ​နေကြ​သောကြောင့် ဖေတ္တုမင်း​သည် ပေါလု​၏​ကိစ္စ​ကို အဂြိပ္ပမင်းကြီး​ထံ၌​တင်ပြလေ၏။ ဖေတ္တုမင်း​က “ဖေလဇ်မင်း ချန်ထားခဲ့သော​အကျဉ်းသား​တစ်ဦး ရှိပါ၏။


ဖေတ္တုမင်း​သည် ကျွန်ုပ်တို့​ကို အီတလီ​သို့ သင်္ဘော​ဖြင့် ပို့​ရန် ဆုံးဖြတ်​ပြီးနောက် ထို​သူတို့​က ပေါလု​နှင့် အခြား​အကျဉ်းသား​တချို့​ကို ဩဂတ်စတပ်​နှင့်​ဆိုင်သော​တပ်​၏​တပ်မှူး၊ ယုလိ​အမည်​ရှိသော​သူ​ထံသို့ လွှဲပြောင်းကြ၏။


ရောမမြို့​သို့ ကျွန်ုပ်တို့​ရောက်​သောအခါ ပေါလု​သည် အကျယ်ချုပ်​ဖြင့် သီးသန့်​နေခွင့်​ရပြီး သူ့​အား စောင့်ကြပ်သည့်​စစ်သား​တစ်ဦး​သည်လည်း သူ​နှင့်အတူ ရှိ၏။


ထို​ရောမမြို့​၌ ပေါလု​သည် မိမိ​ငှားရမ်းထား​သည့် အိမ်​တွင် နှစ်နှစ်​ပတ်လုံး နေ​၍ မိမိ​ထံသို့​လာသမျှသော​ဧည့်သည်တို့​ကို ဝမ်းမြောက်​စွာ​ကြိုဆိုလက်ခံလေ၏။


သူ​သည် ငါ့​အမည်​နာမ​ကြောင့် မည်မျှ​ဒုက္ခ​ခံရမည်​ကို ငါ​ကိုယ်တိုင် သူ့​အား​ပြမည်” ဟု မိန့်တော်မူ၏။


ကျမ်းစာ​၌ “ကျွန်ုပ်တို့​သည် အရှင့်​အတွက် တစ်နေ့လုံး​သေဘေး​နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့​သည် အကျွန်ုပ်တို့​ကို သတ်​ရန် လျာထားသည့် သိုးများ​ကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ထိုသို့ ပြောဆို​ငြင်းခုံ​စရာ​အကြောင်း ဖြစ်ရ​လောက်အောင် အာပေါလု​သည် မည်သူနည်း။ ပေါလု​သည် မည်သူနည်း။ ကျွန်ုပ်တို့​သည် သင်တို့​ယုံကြည်လာကြ​စေရန် သတင်းကောင်း​ကို ဟောပြောသော ထာဝရဘုရား​၏ အစေခံများ​သာ​ဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီ​သည် ကိုယ်တော်​ပေးတော်မူသော တာဝန်​အသီးသီး​ကို ထမ်းဆောင်ကြ၏။


ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်​နှင့် အာပေါလု​ကို ခရစ်တော်​၏ အစေခံများ​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာများ​ကို စီမံခန့်ခွဲသူများ​အဖြစ်​လည်းကောင်း မှတ်ယူကြလော့။


ယခု​အချိန်​တိုင်အောင် ကျွန်ုပ်တို့​သည် အစာရေစာ​ငတ်ပြတ်​လျက်​ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်​ထိုးနှက်ခြင်း​ကို ခံရကြ၏။ အိမ်ခြေရာခြေ​မဲ့ လှည့်လည်​သွားလာကြရ၏။


ဘုရားသခင်​သည် တမန်တော်​ဖြစ်သော ကျွန်ုပ်တို့​အား လူသတ်ကွင်း​၌ အသေခံ​ရန်အတွက် ပြစ်ဒဏ်​ချခံရထားသော​သူတို့​ကဲ့သို့ နောက်ဆုံး​တွင် ထား​၍ ထုတ်ပြတော်မူပြီ​ဟု ကျွန်ုပ်​ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ကောင်းကင်တမန်တို့​ရှေ့​၌​ဖြစ်စေ၊ လူတို့​ရှေ့​၌ ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစားစရာ​မြင်ကွင်း ဖြစ်လာ​သောကြောင့်​ဖြစ်၏။


မျက်စိ​ရှေ့၌ ရှိသော​အရာ​ကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်​က သူ​သည် ခရစ်တော်​၏​လူ​ဖြစ်ကြောင်း ယုံကြည်စိတ်ချ​လျှင် ကျွန်ုပ်တို့​သည်လည်း ထို​သူ​ကဲ့သို့ပင် ခရစ်တော်​၏​လူများ​ဖြစ်ကြောင်း​ကို သူ​သည် ပြန်လည်​ဆင်ခြင်​ပါစေ။


ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် ထိပ်တန်း​တမန်တော်များ​ထက် ညံ့သည်​ဟု မယူဆပါ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။


သေမျိုး​ဖြစ်သော ကျွန်ုပ်တို့​၏​ကိုယ်ခန္ဓာ​၌ ယေရှု​အသက်ရှင်တော်မူကြောင်း ပေါ်လွင်​ထင်ရှား​နိုင်ရန် အသက်ရှင်​စဉ်​ကာလ​တွင် ကျွန်ုပ်တို့​သည် ယေရှု​ကို​အစေခံ​၍ အစဉ်မပြတ် သေဘေး​နှင့် ရင်ဆိုင်​ကြရ၏။


တချို့​သည် ကျွန်ုပ်တို့​ကို တမန်တော်​အဖြစ် အသိအမှတ်​မပြုကြ​သော်လည်း ကျွန်ုပ်တို့​သည် ထင်ပေါ်​ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူ​ကဲ့သို့​ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်​ခံရသူများ​ကဲ့သို့​ဖြစ်သော်လည်း အသတ်​မခံရကြ။


ယခု​မှစ၍ မည်သူ​မျှ ကျွန်ုပ်​ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​၏ ကိုယ်ခန္ဓာ​တွင် ရှိသော ဒဏ်ရာ​ဒဏ်ချက်များ​က ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သောသူ​ဖြစ်ကြောင်း ဖော်ပြ​လျက် ရှိ​သောကြောင့် ဖြစ်၏။


ဤ​အကြောင်း​ကြောင့် လူမျိုးခြား သင်တို့​အတွက် ယေရှု​ခရစ်တော်​၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်​ပေါလု​သည် ဘုရားသခင်​ထံ ဆုတောင်း၏။


သခင်ဘုရား​၏ အမှုတော်​ကို ထမ်းရွက်​သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်​သည် သင်တို့​ကို တိုက်တွန်း​နှိုးဆော်လိုသည်​မှာ ရွေးချယ်တော်မူခြင်း​ခံရသည်​နှင့်အညီ ထို​ရွေးချယ်တော်မူခြင်း​နှင့် သင့်လျော်​စွာ ပြုမူနေထိုင်ကြ​ရန် ဖြစ်၏။


ကျွန်ုပ်​သည် ထို​သတင်းကောင်း​အတွက် အကျဉ်းချ​ခံရသော သံတမန် ဖြစ်၏။ သို့သော်လည်း ကျွန်ုပ် ဟောပြော​သင့်သည့်​အတိုင်း ရဲဝံ့​စွာ ဟောပြော​နိုင်ရန် ဆုတောင်းကြလော့။


ကျွန်ုပ်​အကျဉ်းချခံရခြင်း​သည် ခရစ်တော်​အတွက် ဖြစ်ကြောင်း​ကို နန်းတော်​ရှိ အစောင့်အကြပ်များ​အပြင် ဤ​နေရာ​၌ ရှိသောသူ အားလုံး​သိလာကြ၏။


သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် ဘုရားသခင်​အား ပူဇော်ပြီး မိမိ​အသက်​ကို သွန်းလောင်းရာ​ပူဇော်စရာ​ကဲ့သို့ သွန်းလောင်းရမည်​ဆို​လျှင်ပင် ဝမ်းမြောက်၏။ သင်တို့​အားလုံး​နှင့်အတူ ကျွန်ုပ်​ဝမ်းမြောက်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


ထို​အတွက်​ကြောင့် ကျွန်ုပ်​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်​၏ တန်ခိုးကြီးသော လုပ်ဆောင်မှု​အပေါ် မူတည်​၍ ကျွန်ုပ်​ကြိုးပမ်းလုပ်ဆောင်နေ၏။


တိမောသေ​ကို သင်တို့​ထံသို့ စေလွှတ်လိုက်၏။ သူ​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဟောပြော​လျက် ဘုရားသခင်​၏ အမှုတော်​ကို ကျွန်ုပ်တို့​နှင့် အတူ​ဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကို​ဖြစ်၏။ သူ့​ကို​စေလွှတ်ရခြင်း​အကြောင်းအရင်း​သည် သင်တို့​၏​ယုံကြည်ခြင်း​ကို ခိုင်မြဲစေ​၍ သင်တို့​ကို တိုက်တွန်း​နှိုးဆော်​ရန် ဖြစ်၏။


ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။


ဩနေသိဖော်​၏​မိသားစု​အပေါ် သခင်ဘုရား​၏ ကရုဏာတော်​သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူ​သည် ကျွန်ုပ်​အကျဉ်းချ​ခံရသည်​ကိုပင် မရှက်မကြောက်​ဘဲ အမြဲ အားပေးနှစ်သိမ့်​သောကြောင့် ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​၏ သခင်ဘုရား​အကြောင်း သက်သေခံ​ရန် မရှက်နှင့်။ သခင်ဘုရား​အတွက်ကြောင့် အကျဉ်းချ​ခံနေရသော ကျွန်ုပ်​အတွက်​လည်း မရှက်နှင့်။ ဘုရားသခင်​၏ တန်ခိုးတော်​ဖြင့် သတင်းကောင်း​အတွက် ကျွန်ုပ်​နှင့်အတူ ဒုက္ခခံလော့။


ဤ​သတင်းကောင်း​ကြောင့် ကျွန်ုပ်​သည် ရာဇဝတ်သား​တစ်ယောက်​ကဲ့သို့​ပင် အကျဉ်းချ​ခံ​၍ ဆင်းရဲဒုက္ခ​ခံခဲ့ရ​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကိုမူ အကျဉ်းချ​၍ မရ။


အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့​တို့​တွင် ကျွန်ုပ်​မည်သို့​ညှဉ်းပန်းနှိပ်စက် ခံရ​၍ ဆင်းရဲဒုက္ခ​ကြုံခဲ့ရသည်​ကိုလည်း သင်​သိ၏။ သို့သော် သခင်ဘုရား​သည် ထို​ဆင်းရဲဒုက္ခ​အပေါင်း​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ၏။


မေတ္တာ​ဖြင့်သာ တောင်းပန်​လို၏။ ယေရှု​ခရစ်တော်​ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်​ပေါလု​သည်


သင်တို့​သည် အကျဉ်းကျ​နေသူများ​အပေါ် စာနာစိတ်​ထားကြ၏။ ဥစ္စာပစ္စည်းများ​ကို အဓမ္မ​လုယူခံရ​သော်လည်း ဝမ်းမြောက်​စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထို​အရာများ​ထက် ပိုမို​ကောင်းမြတ်ပြီး ထာဝရ​တည်မြဲသော​အရာများ​ကို ပိုင်ဆိုင်ထားသည်​ကို သိကြ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ