၂ ကော 11:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible22 သူတို့သည်ဟေဗြဲအမျိုးသားဖြစ်သည်ဟု ဆိုလျှင် ငါလည်းဖြစ်၏။ သူတို့သည်ဣသရေလ အမျိုးသားများဖြစ်သည်ဟုဆိုလျှင် ငါလည်း ဖြစ်၏။ သူတို့သည်အာဗြဟံ၏အမျိုးအနွယ် များဖြစ်သည်ဟုဆိုလျှင် ငါလည်းဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ထို သူ တို့ သည် ဟေ ဗြဲ လူ မျိုး ဖြစ် ကြ သ လော၊ ငါ လည်း ဖြစ် ၏။ ဣ သ ရ လ အ မျိုး သား ဖြစ် ကြ သ လော၊ ငါ လည်း ဖြစ်၏။ အာ ဗြ ဟံ၏ အ ဆက် အ နွယ် ဖြစ် ကြ သ လော၊ ငါ လည်း ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible22 သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးအနွယ်ဖြစ်ကြသလော။ ငါလည်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။