Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သင်တို့​တစ်ဦးစီ​သည် ဘုရားသခင်​ထံမှ ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်း​အဖြစ် ထို​ဆုကျေးဇူးတို့​ကို အသုံးပြု​၍ အချင်းချင်း ကူညီ​ဆောင်ရွက်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သင်​တို့​အား​လုံး​ပင်​လျှင်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး တစ်​ပါး​ပါး​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​အ​မျိုး​မျိုး ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရ​သူ​များ​အ​နေ​ဖြင့် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​သည့်​ဆု​ကျေး​ဇူး​တော်​ကို အ​ချင်း​ချင်း​တို့​၏​အ​ကျိုး​အ​တွက်​အ​သုံး ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဘု ရား သ ခင့် ကြွယ် ဝ သော ကျေး ဇူး တော့် ဆိုင် ရာ ဘ ဏ္ဍာ စိုး ကောင်း များ အ ဖြစ် အ သီး သီး ဆု ကျေး ဇူး တော် ခံ ရ သည့် အ လျောက် အ ချင်း ချင်း တို့ အား ပြု စု လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သင်​တို့​သည် ဆု​ကျေး​ဇူး​တော်​ကို အ​သီး​အ​သီး​ခံ​ရ​ကြ​သည်​နှင့် အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​ထူး​ထူး အ​ပြား​ပြား​သော ကျေး​ဇူး​တော်​ဘ​ဏ္ဍာ​စိုး​ကောင်း​ကဲ့​သို့၊ အ​ချင်း​ချင်း ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သင်​တို့​တစ်ဦးစီ​သည် မိမိ​ခံစား​ရရှိ​သည့်​ဆု​ကျေးဇူး​အလျောက် ဘုရားသခင်​၏​အမျိုးမျိုး​သော​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်း​သော​ဘဏ္ဍာစိုး​များ​ကဲ့သို့ ထို​ဆု​ကျေးဇူး​အားဖြင့် အချင်းချင်း​ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:10
29 ပူးပေါင်းရင်းမြစ်များ  

လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ကမ္ဘာတစ်ဝန်းလုံး​တွင် ဟောပြောကြ​၍ လူမျိုး​အပေါင်းတို့​သည်လည်း ထို​သတင်းကောင်း​ကို ကြားကြ​လိမ့်မည်။ ထို့နောက်​မှ ကမ္ဘာ​ကုန်ဆုံးချိန်​သည် ရောက်လာ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦး​မှစ၍ ယခု​အချိန်​အထိ မဖြစ်စဖူး၊ နောင်​တွင်လည်း မည်သည့်​အခါမျှ ကြုံတွေ့ရမည်​မဟုတ်သည့် အလွန်​ဆိုးရွားသော​ဆင်းရဲဒုက္ခ​သည် ထို​ကာလ​၌ ကျရောက်​မည်​ဖြစ်​သောကြောင့်ပင်။


သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​အစေခံ​သည် မည်သူနည်း။ ထို​သူ​မှာ အိမ်သူအိမ်သားများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ ဖြစ်၏။


ထို​နည်းတူပင် ငွေနှစ်ပိဿာ ရသော​သူ​သည်လည်း အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် နှစ်ပိဿာ​ကို အမြတ်ရ၏။


ထိုအခါ အဆိုပါ လူများ​ကလည်း ‘သခင်… အကျွန်ုပ်တို့​သည် သခင် ဆာလောင်​မွတ်သိပ်နေတော်မူသည်​ကို​လည်းကောင်း၊ ရေငတ်နေတော်မူသည်​ကို​လည်းကောင်း၊ ဧည့်သည်​ဖြစ်တော်မူသည်​ကို​လည်းကောင်း၊ အဝတ်ဗလာ​ဖြစ်တော်မူသည်​ကို​လည်းကောင်း၊ ဖျားနာတော်မူသည်​ကို​လည်းကောင်း၊ ထောင်ကျတော်မူသည်​ကို​လည်းကောင်း မည်သည့်အခါ​တွင် တွေ့မြင်​၍ အရှင့်​ကို မကြည့်ရှု​မစောင့်ရှောက်ဘဲ နေခဲ့ကြသနည်း’ ဟု ပြန်လျှောက်ကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် လူသား​ပင်လျှင် သူတစ်ပါး​ကို စေခိုင်း​ရန် ကြွလာသည်​မဟုတ်ဘဲ သူတစ်ပါး​ကို အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​ကို ရွေးနုတ်​ရန် ကြွလာ​သောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။


ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။


ခရီး​မသွားမီ မိမိ​၏​အစေခံ​ဆယ်ဦး​ကို ခေါ်​၍ ငွေ​တစ်​ပိဿာ​စီ ပေး​ပြီးလျှင် ‘ငါ​ပြန်လာသည်​အထိ စီးပွားရှာ​လျက် နေကြလော့’ ဟု မှာထားလေ၏။


ဟေရုဒ်​၏​အိမ်တော်ထိန်း​ခုဇ​၏​ဇနီး ယောဟန္န​နှင့် ရှုရှန္န​အပါအဝင် ယေရှု​နှင့် တပည့်တော်တို့​အား မိမိတို့​ဥစ္စာများ​ဖြင့် ကူညီ​ထောက်ပံ့သော အခြား​အမျိုးသမီးများ​လည်း ပါကြ၏။


သို့သော် သင်တို့​ထံ မလာမီ ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​အား အလှူငွေ ပေး​ရန် သွားရမည်။


ထို​သူတို့​သည် စေတနာစိတ်​နှင့် လှူဒါန်း​သကဲ့သို့ သူတို့​၌ ကျေးဇူး​တုံ့ပြန်​ရန် တာဝန်​ရှိသည်​ဟုလည်း ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့​သည် ဂျေရုဆလင်မြို့​ရှိ ယုံကြည်သောသူများ​ထံမှ ဝိညာဉ်ရေးရာ ကောင်းချီးများ​ကို ဝေမျှ​ခံစားရ​လျှင် သူတို့​ဘက်မှလည်း ငွေကြေး​အားဖြင့် ကူညီ​သင့်သည်​ဟု ခံစားရ​သောကြောင့် ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူတို့​ကို လှူဒါန်းသော​အမှု​အကြောင်း​နှင့်​ပတ်သက်၍ သင်တို့​ထံ ကျွန်ုပ်​စာရေး​ရန် မလိုအပ်ပေ။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ခရစ်တော်​သည် တချို့​ကို တမန်တော်​အဖြစ်​လည်းကောင်း၊ တချို့​ကို ပရောဖက်​အဖြစ်​လည်းကောင်း တချို့​ကို သတင်းကောင်း​ဟောပြောသူ​အဖြစ်​လည်းကောင်း၊ တချို့​ကို သင်းအုပ်ဆရာ​နှင့် ဆရာ​အဖြစ်​လည်းကောင်း ခန့်ထားတော်မူ၏။


ဧဖက်မြို့​၌ ကျွန်ုပ်​ရှိစဉ် သူ​သည် မည်မျှ​အကူအညီ​ပေးခဲ့သည်​ကို သင်​ကောင်းစွာ​သိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထို​နေ့​၌ သခင်ဘုရား​သည် သူ့​အား ကရုဏာတော်​ခံစားရသော​အခွင့်​ကို ပေးသနားတော်မူပါစေသော။


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


သစ္စာရှိသော​ညီအစ်ကို​ဟု ကျွန်ုပ်​မှတ်ယူသော သိလွာနု​၏​အကူအညီ​ဖြင့် သင်တို့​ထံ စာ​ကို အကျဉ်းချုံး​၍ ရေးလိုက်၏။ အကြောင်းအရာ​မှာ သင်တို့​အား တိုက်တွန်း​နှိုးဆော်​ရန်​နှင့် ကျွန်ုပ်​ရေးလိုက်သော​အရာတို့​သည် ဘုရားသခင်​၏ စစ်မှန်သော​ကျေးဇူးတော်​ဖြစ်ကြောင်း သက်သေခံ​ရန်​ဖြစ်၏။ ထို​ကျေးဇူးတော်​တွင် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ