၁ ကော 4:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့ကြောင့် လူတို့သည် ငါတို့အား ခရစ်တော်၏အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာများကို စောင့်ရှောက်ရသော ဘဏ္ဍာစိုးအဖြစ်လည်းကောင်း မှတ်ယူပါစေ။ အခန်းကိုကြည့်ပါ။Common Language Bible1 ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ငါ တို့ ကို ခ ရစ် တော်၏ အ မှု တော် ထမ်း၊ ဘု ရား သ ခင်၏ နက် နဲ ရာ များ အ ပေါ် တွင် ဘ ဏ္ဍာ စိုး အ ဖြစ် မှတ် ယူ ကြ ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible1 ခရစ်တော်၏ အစေအပါ ကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့လည်းကောင်း၊ သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။ အခန်းကိုကြည့်ပါ။ |
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။