ထိုအခါ တစ်မြို့လုံးဆူပူအုံကြွလျက် လူတို့သည်ပြေးလာကြ၏။ ထို့ကြောင့် ပေါလုကိုဖမ်းဆီး၍ ဗိမာန်တော်အပြင်သို့ဆွဲထုတ်ပြီး တံခါးများကို ချက်ချင်းပိတ်လိုက်ကြ၏။
ဧဖက် 4:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခါးသီးခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်းတို့ကို မကောင်းသောအမှုအမျိုးမျိုးတို့နှင့်အတူ ဖယ်ရှားကြလော့။ Common Language Bible ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။- Garrad Bible နစ် နာ စေ ခြင်း၊ စိတ် ဆိုး ခြင်း၊ အ မျက် ထွက် ခြင်း၊ ကျိန် ဆဲ ခြင်း၊ ကုန်း ချော ခြင်း အ မျိုး မျိုး နှင့် ခပ် သိမ်း သော ရန် ညှိုး ဖွဲ့ ခြင်း ကို စွန့် ပယ် ကြ လော့။ Judson Bible ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင်ပြောဆိုခြင်း တို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း၊ သင်တို့မှ ပယ်ရှားကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခပ်သိမ်းသောခါးသီးနာကြည်းခြင်း၊ ဒေါသကြီးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် စော်ကားပြောဆိုခြင်းတို့ကို မကောင်းမှုအလုံးစုံနှင့်အတူ သင်တို့ထံမှ ဖယ်ရှားကြလော့။ |
ထိုအခါ တစ်မြို့လုံးဆူပူအုံကြွလျက် လူတို့သည်ပြေးလာကြ၏။ ထို့ကြောင့် ပေါလုကိုဖမ်းဆီး၍ ဗိမာန်တော်အပြင်သို့ဆွဲထုတ်ပြီး တံခါးများကို ချက်ချင်းပိတ်လိုက်ကြ၏။
သူတို့၏ နှုတ်သည် ကျိန်ဆဲသောစကားနှင့် ရင့်သီးသောစကားတို့ဖြင့် ပြည့်လျက်ရှိ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
ထို့ကြောင့် မကောင်းမှုနှင့် ဆိုးယုတ်မှုဟူသော တဆေးဟောင်းပါသည့်မုန့်နှင့် မဟုတ်ဘဲ ဖြူစင်မှုနှင့် မှန်ကန်မှုဟူသော တဆေးမပါသည့် မုန့်နှင့် ပသခါပွဲတော်ကို ကျင်းပကြပါစို့။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
ထို့ကြောင့် လိမ်လည်၍ မပြောကြနှင့်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးကို တစ်ဦး မှန်သောစကားကိုသာ ပြောကြလော့။
သို့သော် ယခုအခါ သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသထွက်ခြင်း၊ မလိုမုန်းထားဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ညစ်ညမ်းသော စကားကို ပြောဆိုခြင်း စသည့်အရာများကို ဖယ်ရှားကြလော့။
ထိုနည်းတူ သူတို့၏ ဇနီးတို့သည်လည်း ကိုယ်ကျင့်တရားကောင်းသူများဖြစ်ရမည်။ အတင်းအဖျင်းမပြောသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ အရာရာ၌ ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။
သူသည် သောက်စားမူးယစ်သူ၊ ခက်ထန်ကြမ်းကြုတ်သူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ငွေမက်သူမဟုတ်ဘဲ ထောက်ထားညှာတာသူ ဖြစ်ရမည်။
ထို့ပြင် သူတို့သည် တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည်ကာ ပျင်းရိသောအကျင့် ရှိလာကြ၏။ ပျင်းရိသည်သာမက အတင်းအဖျင်းပြောလျက် မပြောသင့်သည့်အရာကို ပြော၍ သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်ကြ၏။
မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုများသည် ခိုက်ရန်ကိုသာ ဖြစ်ပွားစေကြောင်း သင်သိသဖြင့် ရှောင်ကြဉ်လော့။
သနားကြင်နာစိတ်မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်းပြောသူ၊ စိတ်အလိုလိုက်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းမှုကို မုန်းသူ၊
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ဤအချက်ကို မှတ်သားကြလော့။ လူတိုင်းသည် ကြားနာရာတွင် လျင်မြန်၍ ပြောဆိုရာနှင့် ဒေါသထွက်ရာတွင် နှေးကွေးသင့်၏။
သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။
ညီအစ်ကိုမောင်နှမတို့… အချင်းချင်း မပုတ်ခတ်ကြနှင့်။ ညီအစ်ကိုမောင်နှမချင်း ပုတ်ခတ်ပြောဆိုသူ၊ သို့မဟုတ် အပြစ်စီရင်တတ်သောသူသည် ပညတ်တရားတော်ကို ပုတ်ခတ်၍ စီရင်သောသူဖြစ်၏။ ပညတ်တရားကို စီရင်လျှင် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ စီရင်သောသူဖြစ်၏။
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။
မာရ်နတ်နှင့် သက်ဆိုင်သူဖြစ်ပြီး မိမိညီကို သတ်သော ကာဣနကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣနသည် အဘယ်ကြောင့် ညီကို သတ်သနည်း။ အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်၍ ညီဖြစ်သူ၏အကျင့်မှာ ဖြောင့်မတ်သောကြောင့်ဖြစ်၏။
မိမိညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမားတွင်မျှ ထာဝရအသက်မရှိကြောင်း သင်တို့သိကြ၏။
ထို့နောက် ကောင်းကင်မှ ကျယ်လောင်သောအသံဖြင့် “ယခုတွင် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ခရစ်တော်၏ အခွင့်အာဏာတို့သည် ပေါ်ထွန်းလာပြီ။ ငါတို့ဘုရားသခင်၏ ရှေ့တော်၌ပင် ငါတို့၏ညီအစ်ကိုမောင်နှမများကို နေ့ရောညပါ စွပ်စွဲသူသည် ကမ္ဘာမြေပေါ်သို့ ပစ်ချခံရပြီ။