Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို့ပြင် သူတို့​သည် တစ်အိမ်​တက်​တစ်အိမ်​ဆင်း လှည့်လည်​ကာ ပျင်းရိသော​အကျင့် ရှိလာကြ၏။ ပျင်းရိသည်​သာမက အတင်းအဖျင်း​ပြော​လျက် မပြောသင့်သည့်​အရာ​ကို ပြော​၍ သူတစ်ပါး​ကိစ္စ​တွင် ဝင်ရောက်​စွက်ဖက်​တတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ၎င်း ပြင်၊ သူ တို့ သည် အိမ် ခြေ စဥ် လှည့် လည် လျက် ပျင်း ရိ စွာ နေ တတ် သည် သာ မ က၊ မ ပြော သင့် ရာ ပြော တတ် သော စ ကား အိုး များ၊ မ ဆိုင် ရာ တွင် စွာ သူ များ ဖြစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​မှ​တစ်​ပါး၊ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လည်၍ ပျင်း​ရိ​တတ်​ကြ၏။ ပျင်း​ရိ​သည်​သာ​မ​က၊ စ​ကား​များ၍ မ​ပြော​အပ်​သော​အ​ရာ​ကို ပြော​သ​ဖြင့်၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ ဖြစ်​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ပြင် သူ​တို့​သည် တစ်အိမ်​ပြီး​တစ်အိမ်​လှည့်လည်​၍ ပျင်းရိ​သော​အကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထိုသို့​ပျင်းရိ​သည်​သာမက အတင်းအဖျင်း​ပြောဆို​လျက် သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​ကာ မ​ပြော​သင့်​သည့်​အရာ​တို့​ကို ပြောဆို​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:13
14 ပူးပေါင်းရင်းမြစ်များ  

တစ်အိမ်​မှ တစ်အိမ်​သို့ မပြောင်းရွှေ့ကြဘဲ အိမ်​တစ်အိမ်တည်း​၌သာ တည်းခို​၍ အိမ်ရှင်​ကျွေးမွေးဧည့်ခံ​သမျှ​ကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် အခကြေးငွေ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။


ဤသို့ဖြင့် လူထု​ပရိသတ်​ရှေ့​တွင်​ဖြစ်စေ၊ တစ်အိမ်ဝင်​တစ်အိမ်ထွက်​ဖြစ်စေ၊ သွန်သင်ရာ​တွင် ကျွန်ုပ်​သည် သင်တို့​အတွက် အကျိုး​ရှိသော​အရာ​ကို ဟောပြော​ရန် မတွန့်ဆုတ်။


လွဲမှားစေသော​အရာများ​ကို ပြောဆို​၍ တပည့်တော်များ​အား သူတို့​နောက်သို့ လိုက်​စေရန် ဆွဲခေါ်သွားမည့်​လူတို့​သည် သင်တို့​အထဲမှ​လည်း ပေါ်ပေါက်လာ​လိမ့်မည်။


ထိုသို့​ပြုခြင်း​ဖြင့် သူတို့​သည် မိမိတို့​၏ ကနဦး ကတိ​သစ္စာ​ကို ချိုးဖောက်​သောကြောင့် ပြစ်ဒဏ်​စီရင်ခံရကြ​လိမ့်မည်။


ထို​သူတို့​ကို နှုတ်ဆိတ်​စေရမည်။ သူတို့​သည် မသမာနည်း​ဖြင့် ငွေရှာ​လို​သောကြောင့် မသွန်သင်​သင့်သော အရာများ​ကို သွန်သင်​လျက် အချို့​မိသားစုများ​၏ ယုံကြည်ခြင်း​ကို ပျက်စီးစေကြ၏။


နှုတ်​တစ်ခုတည်း​မှ ချီးမွမ်းခြင်း​နှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကို​မောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။


သင်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင်ပင် မည်သူ​မျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါး​အမှု​၌ စွက်ဖက်မှုတို့​ကြောင့် ဆင်းရဲဒုက္ခ​ခံရခြင်း မဖြစ်စေနှင့်။


ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ သူ​ပြုသော​အမှုတို့​ကို ထုတ်ဖော်​ပြောဆိုမည်။ သူ​သည် ကျွန်ုပ်တို့​အကြောင်း​ကို ဆိုးညစ်သော​စကားများ​နှင့် မဟုတ်တမ်းတရမ်း​ပြောဆို၏။ ဤမျှ​နှင့် မကျေနပ်ဘဲ သူ​ကိုယ်တိုင်​ပင်လျှင် ယုံကြည်သူတို့​ကို လက်မခံ၊ လက်ခံလိုသောသူတို့​ကိုလည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ