Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သို့​ရာ​တွင်​မိုက်​မဲ​၍​အ​သိ​ပ​ညာ​ကင်း​မဲ့​သော ငြင်း​ခုံ​မှု​များ​ကို​ရှောင်​လော့။ ယင်း​တို့​သည်​ခိုက် ရန်​ဖြစ်​ပွား​မှု​ကို​ပြု​စု​ပေး​တတ်​ကြောင်း​သင် သိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ပ ညာ ကင်း၍ မိုက် မဲ စွာ စော ဒ နာ ချက် များ ကို ကား ခိုက် ရန် ဖြစ် စေ တတ် ကြောင်း သိ လျက် ပယ် ရှား လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 မိုက်​မဲ၍ ပ​ညာ​ကင်း​သော ပု​စ္ဆာ​အ​မေး​တို့​သည် ရန်​ပွား​စေ​တတ်​သည်​ဟု သိ​မှတ်၍​ပယ်​ရှား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 မိုက်မဲ​၍ ပညာမဲ့​သော​အငြင်းပွား​မှု​မူကား ခိုက်ရန်​ဖြစ်ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက် ရှောင်ရှား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:23
7 ပူးပေါင်းရင်းမြစ်များ  

ဒဏ္ဍာရီများ၊ မဆုံးနိုင်သော​ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေးရာ​တွင် အချိန်​မပေးကြ​ရန် ညွှန်ကြားလော့။ ထို​အရာများ​သည် အငြင်းအခုံများ​ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း​ဖြင့် လုပ်ဆောင်သော ဘုရားသခင်​၏ အမှုတော်​ကို အထောက်အကူ​မဖြစ်စေပါ။


သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။


ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။


ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။


မိုက်မဲသော​ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေး​ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား​နှင့်ပတ်သက်​၍ စကားများ​ခိုက်ရန်​ဖြစ်ခြင်းတို့​ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​သည် အကျိုး​မရှိ။ အသုံး​လည်း​မဝင်​သောကြောင့် ဖြစ်၏။


မည်သည့်​အကြောင်း​ကြောင့် သင်တို့​ထဲတွင် စစ်ပွဲများ​နှင့် ရန်ပွဲများ​ဖြစ်ကြသနည်း။ သင်တို့​ကိုယ်ခန္ဓာ​ထဲ၌ ဆန့်ကျင်​တိုက်ခိုက်နေသော အပျော်အပါး​လိုက်စားလိုသည့်​ဆန္ဒများ​ကြောင့် ဖြစ်ကြသည်​မဟုတ်လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ