Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် လူသတ်သမား​ဖြစ်၏။ မည်သည့်​လူသတ်သမား​တွင်မျှ ထာဝရ​အသက်​မရှိကြောင်း သင်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ညီ အစ် ကို ချင်း မုန်း သူ သည် လူ သတ် ဖြစ်၏။ လူ သတ်၌ ထာ ဝ ရ အ သက် မ တည် သည် ကို သင် တို့ သိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူသတ်သမား​ဖြစ်​၏။ မည်သည့်​လူသတ်သမား​၌​မျှ ထာဝရ​အသက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:15
19 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ အမျိုးသမီး​တစ်ဦး​ကို တဏှာစိတ်​ဖြင့် ကြည့်သော​သူ​သည် စိတ်ထဲ​၌ ထို​အမျိုးသမီး​ကို ပြစ်မှားပြီ။


ထို့ကြောင့် ဟေရောဒိ​သည် ယောဟန်​ကို အငြိုးထား​၍ သတ်လို၏။ သို့သော်လည်း သတ်ခွင့်​မရနိုင်ဘဲ​ရှိ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


နောက်​တစ်နေ့​တွင် ဂျူးတို့​သည် အတူတကွ​တွေ့ဆုံ​ပြီးလျှင် ပေါလု​ကို​မသတ်ရ​မချင်း မစား​မသောက်ဘဲ​နေ​ရန် အချင်းချင်း​သစ္စာဆိုကြ၏။


ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​ထံသို့ သွား​၍ “ကျွန်ုပ်တို့​သည် ပေါလု​ကို​မသတ်ရ​မချင်း မစား​မသောက်ဘဲ​နေ​ရန် အလေးအနက်​သစ္စာဆိုထားကြပါ၏။


ထို​မကောင်းသော​တပ်မက်မှု​သည် သန္ဓေတည်​၍ အပြစ်​ကို မွေးဖွား၏။ ထို​အပြစ်​သည် ကြီးထွားလာ​သောအခါ သေခြင်း​ကို ဖြစ်ပေါ်စေ၏။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


သို့သော် ညီအစ်ကို​မောင်နှမ​ကို မုန်းသောသူ​သည် အမှောင်​ထဲတွင် ရှိ​၍ အမှောင်​ထဲတွင် ကျင်လည်၏။ အမှောင်ထု​သည် ထို​သူ​အား ကွယ်စေ​သောကြောင့် သူ​သည် မည်သည့်​နေရာ​သို့ သွားနေသည်​ကိုပင် မသိ။


“ငါ​သည် အလင်း​ထဲတွင် ရှိသည်” ဟု ဆို​လျက်နှင့် မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းတီးသောသူ​သည် အမှောင်​ထဲတွင် ရှိနေ​သေး၏။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ