Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ တို့ သည် ညီ အစ် ကို ချင်း ချစ် သော ကြောင့် သေ ခြင်း အ နေ မှ ရှင် ခြင်း အ နေ သို့ ကူး ပြောင်း ကြောင်း သိ ကြ၏။ မ ချစ် သူ ကား သေ ခြင်း အ နေ၌ တည် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ​တို့​သည် ညီအစ်ကို​တို့​ကို ချစ်​ကြ​သောကြောင့် သေ​ခြင်း​မှ​အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူကား သေ​ခြင်း​၌​တည်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:14
31 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


ငါ့​သား​သည် ယခင်​က သေဆုံး​သော်လည်း ယခု အသက်​ပြန်ရှင်ပြီ။ ယခင်​က ပျောက်ဆုံး​သော်လည်း ယခု​ပြန်တွေ့ပြီ’ ဟု ဆို​၍ ပွဲ​ကျင်းပကြလေ၏။


သို့သော် သင့်​ညီငယ်​သည် ယခင်​က​သေဆုံး​၍ ယခု​အသက်​ပြန်ရှင်လာ၏၊ ယခင်က​ပျောက်ဆုံး​၍ ယခု​ပြန်တွေ့ရ​သောကြောင့် သူ့​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


သူ​သည် ဂျူးလူမျိုးများ​ကို ချစ်ခင်​၍ ကျွန်ုပ်တို့​အတွက် ဝတ်ပြုဆောင်​ကို ဆောက်လုပ်ပေးသူ​လည်း ဖြစ်ပါသည်” ဟူ၍ ဆိုလျက် ထို​အစေခံ​အား ကျန်းမာစေတော်မူ​ရန် အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


သင်တို့​အချင်းချင်း​ချစ်ကြ​လျှင် လူအပေါင်းတို့​က ထို​ချစ်ခြင်းမေတ္တာ​ကို ထောက်​၍ သင်တို့​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ငါ့​ပညတ်​မှာ ငါ​သည် သင်တို့​ကို ချစ်​သကဲ့သို့ သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။


ထို့ကြောင့် သင်တို့​အချင်းချင်း ချစ်ကြလော့​ဟူသော ဤ​ပညတ်​ကို သင်တို့​အား ငါ​ပေး၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


ထို့ကြောင့် သခင်​ယေရှု​အပေါ် ထားသော သင်တို့​၏ ယုံကြည်ခြင်း​နှင့် ယုံကြည်သူများ​အပေါ် ထားသော သင်တို့​၏ ချစ်ခြင်း​အကြောင်းတို့​ကို ကြားသည့်​အချိန်​မှစ၍


ယခင်က သင်တို့​သည် မိမိတို့​၏ ဒုစရိုက်များ​နှင့် အပြစ်များ​ကြောင့် သေလူ​ကဲ့သို့ ဖြစ်ကြ၏။


အပြစ်များ​ကြောင့် သေ​လျက်​ရှိသော ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်း​ခံရသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်​သာ ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြကြောင်း​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို ချစ်ကြကြောင်း ကျွန်ုပ်တို့​ကြားသိရ​သောကြောင့် ဖြစ်၏။


အချင်းချင်း ချစ်ကြ​ရန် သင်တို့​ကို ဘုရားသခင်​ကိုယ်တိုင် သွန်သင်တော်မူခဲ့​သောကြောင့် ယခု​တွင် သင်တို့​အချင်းချင်း ချစ်ကြရမည့်​အကြောင်း​ကို သင်တို့​ထံ စာရေး​ရန် မလိုပေ။


ညီအစ်ကို​မောင်နှမ​ကဲ့သို့ အချင်းချင်း ဆက်​၍ ချစ်ကြလော့။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။


ကျွန်ုပ်တို့​သည် ပညတ်တော်တို့​ကို လိုက်နာ​လျှင် ဘုရားသခင်​ကို သိကျွမ်းသော​သူများ​ဖြစ်ကြောင်း သိရ၏။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သော​သင်တို့​သည် ထာဝရ​အသက်​ကို ရကြောင်း​သိ​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်​၍ ပညတ်တော်တို့​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီးများ​ကို ချစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ