Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 21:30 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 ထိုအခါ တစ်မြို့လုံး​ဆူပူအုံကြွ​လျက် လူတို့​သည်​ပြေးလာ​ကြ၏။ ထို့ကြောင့် ပေါလု​ကို​ဖမ်းဆီး​၍ ဗိမာန်တော်​အပြင်သို့​ဆွဲထုတ်ပြီး တံခါးများ​ကို ချက်ချင်း​ပိတ်လိုက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 တစ်​မြို့​လုံး​သည်​ရှုပ်​ယှက်​ခတ်​ဖြစ်​လျက် လူ​တို့ သည်​ပြေး​၍​လာ​ပြီး​လျှင်​ပေါ​လု​ကို​ဖမ်း​ဆီး ကာ ဗိ​မာန်​တော်​အ​ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။ ထို​နောက်​ချက်​ချင်း​ဗိ​မာန်​တော်​တံ​ခါး​များ ကို​ပိတ်​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ထို သို့ တစ် မြို့ လုံး လှုပ် ရှား ထ ကြွ ရာ မြို့ သူ မြို့ သား တို့ ပြေး ဝင် စု ရုံး လျက် ပေါ လု ကို ကိုင် ဖမ်း၍ ဗိ မာန် တော် အ ပြင် ဆွဲ ငင် ပြီး လျှင် တံ ခါး တော် များ ကို ရုတ် ခြည်း ပိတ် ထား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 တစ်​မြို့​လုံး​ရုန်း​ရင်း​ခတ်​မျှ ဖြစ်​လျှင်၊ လူ​များ​တို့​သည် ပြေး​လာ၍ စု​ဝေး​ကြ​လျက်၊ ပေါ​လု​ကို​ကိုင်​ယူ၍ ဗိ​မာန်​တော်​ပြင်​သို့ ဆွဲ​ငင်​ပြီး​မှ တစ်​ခ​ဏ​ချင်း​တံ​ခါး​များ​တို့​ကို ပိတ်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထိုအခါ တစ်မြို့လုံး​ဆူပူ​လှုပ်ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါလု​ကို​ဖမ်းဆီး​လျက် ဗိမာန်​တော်​အပြင်​သို့ ဆွဲ​ထုတ်​ပြီးလျှင် တံခါး​များ​ကို ချက်ချင်း​ပိတ်​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 21:30
9 ပူးပေါင်းရင်းမြစ်များ  

ထို​အကြောင်း​ကို ကြား​သောအခါ ဟေရုဒ်မင်း​နှင့်တကွ ဂျေရုဆလင်မြို့​တွင်​ရှိသော လူ​အပေါင်းတို့​သည် အလွန်​စိတ်အနှောင့်အယှက်​ဖြစ်ကြ၏။


ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ဝင်တော်မူ​သော် တစ်မြို့လုံး​အုတ်အုတ်သဲသဲ​ဖြစ်​ကာ “ဤ​သူ​သည် မည်သူနည်း” ဟု မေးမြန်းကြ၏။


သူတို့​သည် ထ​၍ ကိုယ်တော်​ကို မြို့ပြင်​သို့ နှင်ထုတ်​ပြီး တောင်ပေါ်​မှ တွန်းချ​ရန် မြို့​တည်ရာ တောင်ကမ်းပါး​အစွန်း​အထိ ခေါ်ဆောင်သွားကြ၏။


တစ်မြို့လုံး​ဝရုန်းသုန်းကား​ဖြစ်​လျက် လူတို့​သည် ပေါလု​၏​ခရီးသွားဖော်များ​ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု​နှင့် အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး​လျှင် ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်သွားကြ၏။


ထိုသို့ ဟောပြောသည့်​အတွက် ဂျူးတို့​သည် အကျွန်ုပ်​ကို ဗိမာန်တော်​ထဲ၌ ဖမ်းဆီး​၍ သတ်​ရန်​ကြိုးစားကြ၏။


မကြာခဏ ခရီး​သွားခဲ့ရာ​တွင် မြစ်​၌ ကြုံတွေ့ရသော ဘေး၊ ဓားပြ​ဘေး၊ ကိုယ့်​လူမျိုးချင်း​ပြုသော​ဘေး၊ လူမျိုးခြားတို့​ပြုသော​ဘေး၊ မြို့​၌ ကြုံတွေ့ရသော​ဘေး၊ တောကန္တာရ​၌ ကြုံတွေ့ရသော​ဘေး၊ ပင်လယ်​၌ ကြုံတွေ့ရသော​ဘေး၊ ယုံကြည်သူ​အတုအယောင်များ​ပြုသော​ဘေး စသည်တို့​နှင့် ရင်ဆိုင်ခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ