သားဖြစ်သူက ‘ကျွန်ုပ် မသွားလိုပါ’ ဟု ပြန်ပြော၏။ သို့သော်လည်း နောက်မှ နောင်တရ၍ စပျစ်ခြံသို့ သွားလေ၏။
ဟေဗြဲ 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်သော အခြေခံသွန်သင်ချက်များကို ထားရစ်ကာ ရင့်ကျက်ခြင်းသို့ တက်လှမ်းကြစို့။ သေခြင်းသို့ ပို့ဆောင်ပေးသောအကျင့်အတွက် နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ Common Language Bible သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်ဆိုင်သော အခြေခံသွန်သင်ချက်ကိုချန်ထား၍ ရင့်ကျက် သည့်ခံယူယုံကြည်ချက်သို့တက်လှမ်းကြကုန် အံ့။ ထိုမူလအခြေခံတရားများကိုသင်တို့ အား ငါတို့သွန်သင်ပေးပြီးဖြစ်သဖြင့်ထပ်မံ သွန်သင်ပေးရန်မသင့်။ အကျိုးမပေးတတ်သည့် အကျင့်အကြံများကိုစွန့်လွှတ်ကာ ဘုရား သခင်အားယုံကြည်ရန်လိုအပ်ကြောင်းသင် တို့သိရှိကြပြီးဖြစ်ပေသည်။- Garrad Bible ထို ကြောင့် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ နောင် တ ရ ခြင်း၊ ဘု ရား သ ခင် အား ယုံ ကြည် ခြင်း၊ ဆေး ကြော ဝတ် အ ကြောင်း သင် ကြား ခြင်း၊ လက် တင် ခြင်း၊ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း၊ နိ ယာ မ တ ရား စီ ရင် ဆုံး ဖြတ် ခြင်း တည်း ဟူ သော အ မြစ် ကို တစ် ဖန် မ ချ ဘဲ ခ ရစ် တော်၏ မူ လ တ ရား ကို ထား ခဲ့၍ အ ရွယ် ရောက် သူ အ ဖြစ် သို့ တက် ကြ ကုန် အံ့။ Judson Bible ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့သည် ခရစ်တော်နှင့်ဆိုင်သည့် အခြေခံသွန်သင်ချက်ကို ထားရစ်ခဲ့၍ စုံလင်ရင့်ကျက်ခြင်းသို့ တက်လှမ်းကြကုန်စို့။ သေခြင်းနှင့်ဆိုင်သောအကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ |
သားဖြစ်သူက ‘ကျွန်ုပ် မသွားလိုပါ’ ဟု ပြန်ပြော၏။ သို့သော်လည်း နောက်မှ နောင်တရ၍ စပျစ်ခြံသို့ သွားလေ၏။
နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။
ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ပြီးပြည့်စုံတော်မူသကဲ့သို့ သင်တို့သည်လည်း ပြီးပြည့်စုံသောသူများ ဖြစ်ကြလော့။
မိုးရွာ၍ ရေတက်လာကာ လေထန်သဖြင့် ထိုအိမ်ကို တိုက်ခတ်သော်လည်း ကျောက်ပေါ်တွင် တည်ဆောက်သောအိမ်ဖြစ်သောကြောင့် မပြိုလဲနိုင်။
တပည့်တော်တို့သည်လည်း ထွက်သွား၍ လူတို့ကို အပြစ်များမှ နောင်တရ၍ ဘုရားသခင်ထံသို့ ပြောင်းလဲရန် ဟောပြောကြ၏။
ထိုသူသည် နက်စွာတူးကာ ခိုင်မာသောအုတ်မြစ်ကို ကျောက်ပေါ်၌ချ၍ အိမ်ဆောက်သောသူနှင့် တူ၏။ ထိုအိမ်ကို ခိုင်ခံ့စွာ တည်ဆောက်ထားသဖြင့် ရေကြီးသောအခါ မြစ်ရေသည် အိမ်ကိုရိုက်ခတ်လာသော်လည်း မလှုပ်စေနိုင်ပါ။
ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။
ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ဤသို့ ယခင်အချိန်ကာလများတွင် လူတို့၏မသိနားမလည်ခြင်းကို ဘုရားသခင်သည် အမှုမထားခဲ့သော်လည်း ယခုမှာ နေရာအသီးသီးတွင်ရှိသော လူအပေါင်းတို့ကို နောင်တရရန် အမိန့်ပေးတော်မူ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ဦးစွာ ဒမတ်စကပ်မြို့သူမြို့သားများ၊ ထို့နောက် ဂျေရုဆလင်မြို့သူမြို့သားများ၊ ယုဒပြည်သူပြည်သားများနှင့် လူမျိုးခြားများအား ‘သင်တို့သည် နောင်တရ၍ ဘုရားသခင်ထံ ပြောင်းလဲကြရမည်။ နောင်တနှင့် လျော်ကန်သည့်အကျင့်ကို ကျင့်ကြရမည်’ ဟု ဟောပြောခဲ့၏။
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။
သို့သော် ပြည့်စုံခြင်းရောက်လာသောအခါ ထိုတစ်စိတ်တစ်ပိုင်းမျှသာ ရှိသောအရာတို့သည် ကွယ်ပျောက်သွားလိမ့်မည်။
သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရရှိစေမည့် နောင်တစိတ်ကို ဖြစ်ပေါ်စေပြီး ပူဆွေးဝမ်းနည်းရခြင်းမျိုး မရှိပေ။ သို့သော် လောကီနှင့်ဆိုင်သော ဝမ်းနည်းခြင်းသည် သေခြင်းတရားကို ဖြစ်ပေါ်စေ၏။
ယခင်က သင်တို့သည် မိမိတို့၏ ဒုစရိုက်များနှင့် အပြစ်များကြောင့် သေလူကဲ့သို့ ဖြစ်ကြ၏။
အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
အထက်ပါ အကျင့်သီလများ အပေါ်တွင် ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။ ထိုချစ်ခြင်းမေတ္တာသည် သင်တို့အားလုံးကို စည်းလုံးအောင် စုစည်းနှောင်ဖွဲ့ပေး၏။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ဤနည်းဖြင့် သူတို့သည် အနာဂတ်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် မိမိတို့၏ ဘဏ္ဍာကို စုဆောင်း၍ စစ်မှန်သောအသက်ကို ရရှိကြလိမ့်မည်။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
ခြေမသန်သောသူတို့သည် အဆစ်မလွဲဘဲ ကျန်းမာသန်စွမ်းလာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းကို ပြင်ဆင်ကြလော့။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
သင်တို့သည် မည်သည့်ချို့တဲ့မှုမျှ မရှိဘဲ ရင့်ကျက်လျက် ပြီးပြည့်စုံနိုင်ရန်အတွက် အဆုံးတိုင်အောင် သည်းခံရမည်။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံလျက်ရှိပြီ။